ဒီဇိုင်းအသစ် Public toilet !!!!
Tokyo မြို့ Shibuya ရပ်ကွက်မှာ အသစ်ဆောက်လိုက်တဲ့ Public toilet က “ အရမ်းမိုက်တယ်” ဆိုတဲ့ ဂုဏ်သတင်းကြောင့် နာမည်ကြီးအကြောင်းအရာတစ်ခုလိုဖြစ်နေပါတယ်။
မြင်ရသူတွေကို တအံ့တသြ အသက်ရှူမှားစေခဲ့တဲ့ “ Public toilet”
https://grapee.jp/wp-content/uploads/63351_01.jpg
လုံးဝအကြည် အထဲကိုမြင်နေရတာပါ…..
ဒီလိုသာဆိုရင် ကိုယ်အထဲမှာ ဘာလုပ်နေလဲ အပြင်ကဖြတ်သွားဖြတ်လာလူတွေ မြင်ကုန်တော့မှာပဲနော် …ဟီ..
သို့သော် တံခါကိုလော့ချလိုက်တဲ့အချိန်မှာတော့……
https://grapee.jp/wp-content/uploads/63351_02.jpg
ဟောဗျာ ဒီလိုပုံဖြစ်သွားပါတယ်…..
မှန်ကဝါးသွားပြီး အထဲကိုလုံးဝမမြင်ရတော့ပါဘူး… အထဲကလည်း အပြင်ကိုလုံးဝမမြင်ရတော့ပါဘူး…
စိတ်ချလက်ချ ဝင်နိုင်ပါပြီ.. (ဟူး….အခုမှပဲအသက်ရှူချောင်တော့တယ်)
သမားရိုးကျ “ Public toilet” တွေဟာ အပြင်ကနေအထဲရဲ့အခြေအနေကို အတည်မပြုနိုင်တဲ့အတွက် အထဲမှာမသင်္ကာစရာလူတစ်ဦးဦးစောင့်နေမယ်ဆိုရင် သိနိုင်မှာမဟုတ်ပါဘူး…
ဒါပေမဲ့ ဒီ toilet မှာတော့ အထဲမှာလူရှိမရှိသိနိုင်တာကြောင့် စိတ်ချနိုင်တယ်ဆိုတဲ့သဘောမျိုးနဲ့ တီထွင်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်…..
လိုင်းပေါ်မှာလည်း
– မှုခင်းတွေကိုကာကွယ်တဲ့စီမံမှုတစ်စိတ်တစ်ပိုင်းလာ.. အံ့သြဖို့ကောင်းလိုက်တာ !
– ဝင်တော့ဝင်ရဲပေမဲ့၊ အခြားအလုံပိတ် “ Public toilet” ထက်စာရင်တော့ စိတ်ချလို့ရမယ်ထင်တယ်…
– အကယ်၍ ချို့ယွင်းမှုကြောင့် မှန်အကြည်ပြန်ဖြစ်သွားရင်ဆိုပြီးစဥ်းစားရင်း အဲ့ဒီထဲကိုဝင်ဖို့သတ္တိမရှိဘူး..
လူတွေအားလုံး စိတ်ချလက်ချနဲ့အဆုံးပြုနိုင်အောင် ဒီဇိုင်းဆွဲထားတဲ့ ပုံစံအသစ် toilet ပဲဖြစ်ပါတယ်။
မှုခင်းအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်တဲ့ “ Public toilet” တွေပိုပြီးများလာမယ်ဆို ဝမ်းသာစရာပါပဲ…..
JAPO Myanmar