[Danger!] ကယ်လိုရီ မွန်းစတား ‌ရေခဲ‌‌‌ချောင်းလာပါပြီ !

မြန်မာမှာ‌တော့ Mayonnaise က အရမ်းကြီးရေပန်းစား လူကြိုက်များမယ်လို့ မထင်မိပါဘူး။
ဂျပန်မှာကတော့ Mayonnaise ကို အရမ်းကြိုက်တဲ့ သူတွေကို Mayorer လို့ ခေါ်ကြပါတယ်တဲ့။

ဆန့်ကျင်ဘက်အနေနဲ့ Mayonnaise ကို ရှောင်ကြတဲ့သူတွေလည်းရှိပါတယ်။
Mayonnaise ဆိုတာ ကယ်လိုရီ အမြောက်အများပါတယ်ဆိုတာကြောင့်လည်း လူသိများပါတယ်။
ကယ်လိုရီမပါဝင်အောင် လျော့ချထားတယ်ဆိုတာတွေလည်းရှိပေမယ့် အရသာရှိတာကတော့ ကယ်လိုရီအပြည့်ပါတဲ့ ဟာပါ။
အရသာရှိပေမယ့် အန္တရာယ်လည်းရှိတဲ့ အစားအစာပဲနော်။

အဲဒီလို အရသာသိပ်ရှိတဲ့ Mayonnaise ပါဝင်တဲ့ ရေခဲချောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်နော်။

 

 

 

 

日本初「マヨネーズ味のアイス」が爆誕! 「カロリーモンスター」という名前のとおりカロリーは300kcalオーバーです

ဂျပန်မှာ ပထမဆုံးထုတ်လုပ်လိုက်တဲ့ Mayonnaise အရသာရှိတဲ့ ရေခဲချောင်း
သူ့ရဲ့ အထဲမှာတော့ အဖြူရောင်ချောကလက်ပါဝင်ပါတယ်။
အပြင်ဘက်မှာတော့ အဖြူရောင် ချောကလက် ကွတ်ကီးတွေနဲ့ ဖုံးအုပ်ထားတဲ့ ရေခဲချောင်းပါ။

Mayorer တွေအတွက်တော့ ဝမ်းသာစရာပဲနော်။

ဒီရေခဲချောင်းကတော့ ကယ်လိုရီ မွန်းစတား ဆိုပြီး နာမည်ကြီးပါတယ်။
တစ်ချောင်းကို ၃၀၇ ကီလိုကယ်လိုရီ ပါဝင်ပါတယ်။
ဘယ်လောက်တောက် ကယ်လိုရီတွေပါလဲ အခြား အစားအစာ တချို့နဲ့ ယှဉ်ကြည့်ကြမယ်နော်။
– ချိစ် ဘာဂါ ၃၂၈ ကီလိုကယ်လိုရီ
– Curry Rice ၈၅၉ ကီလိုကယ်လိုရီ
– အသားကင် ( Steak ၁၀၀ ဂရမ် ) ၃၀၁ ကီလိုကယ်လိုရီ
– ခေါက်ဆွဲ ၄၇၉ ကီလိုကယ်လိုရီ
– Soba ခေါက်ဆွဲ ၂၉၆ ကီလိုကယ်လိုရီ
ဒါတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဘယ်လောက် ကယ်လိုရီများလည်းဆိုတာ ခန့်မှန်းလို့ရမှာပါ။ ပုံမှန်စားနေကြ အစားအစာ နဲ့ ကယ်လိုရီ အတူတူနီးပါးလောက်ရှိတဲ့ ဒီရေခဲချောင်း … မထင်ရဘူးနော်။

ရေခဲချောင်းအစား အသားကင်ပဲစားလိုက်မယ်လို့ တွေးမိတဲ့သူ ကျွန်တော်တစ်ယောက်တည်းမဟုတ်တာသေချာမှာပါ။

ဒီရေခဲချောင်းကိုတော့ ဘယ်လောက်ကယ်လိုရီပါပါ ဂရုမစိုက်ပါဘူးဆိုတဲ့သူတွေ Mayonnaise ကို အရမ်းကြိုက်လွန်းလို့ ဘာဖြစ်ဖြစ်စားမှာပဲ ဆိုတဲ့သူတွေလည်း ရှိလောက်မှာပါ။

အဲလိုမျိုးအထူးထုတ်လုပ်ထားတဲ့ ရေခဲချောင်းကိုတော့ မြည်းစမ်းကြည့်ချင်တယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ စတိုးဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

စျေးနှုန်းကတော့ ၁ခု ကို ယမ်း ၁၄၀ ( အခွန်မပါ) ပါတဲ့ ။
Mayorer တွေရှိမယ်ဆိုရင်တော့ သေချာပေါက် စားကြည့်ကြပါနော်။ အများကြီးတော့ မစားမိပါစေနဲ့လို့ !

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: