ရာမန်ခေါက်ဆွဲအရသာ? ဆယ်လမွန်ဥအရသာ? Gari-Gari kun ကဘာလို့ဒီလောက်တောင် စိန်ခေါ်ရဲရတာလဲ?

အားလုံးရော ရေခဲချောင်းကြိုက်ကြလား?

ရေခဲမုန့်လည်း စားကောင်းပေမယ့်၊ အရမ်းပူနေတဲ့အချိန်မှာဆိုရင် ရေခဲချောင်းလေးက အကောင်းဆုံးပါပဲ

ဘယ်အရသာကြိုက်ကြလဲ?

 

ဆိုဒါ၊ လီမွန်၊ လိမ္မော်၊ ကိုလာ၊ စတော်ဘယ်ရီ ဆိုပြီး ရေခဲမုန့်ထက် အရသာပိုစုံတဲ့ ရေခဲချောင်းတွေ စားဖူးကြမှာပါပဲ

ဒီထဲကနေ ထိုးထွက်လိုက်တာကတော့ Gari-Gari kun လို့ခေါ်တဲ့ ရေခဲချောင်းတံဆိပ်ပါပဲ

 

စစချင်းမှာတော့ ပုံမှန် ဆိုဒါအရသာ Gari-Gari kun လေးရှိပါမယ်

https://nikkan-spa.jp/1810618

 

ကလေးတွေလည်း အရမ်းကြိုက်ကြပါတယ်

မကြိုက်ဘူးပြောရင် ဘာလို့လည်းမေးယူရလောက်အောင်ကို ကောင်းလွန်းတာပါ

 

သို့သော် အဲ့ဒီ Gari-Gari kun ကနှစ်တိုင်း သူများနဲ့မတူတဲ့ အရသာအသစ်တွေကို စိန်ခေါ်ပြီးထုတ်လုပ်နေပါတယ်

ပစ္စည်းအသစ်ထုတ်ပြီး နာမည်တက်အောင်လုပ်တတ်တာကတော့ နားလည်နိုင်ပေမယ့်

ဘာလို့ဒီအရသာလည်းလို့ နားမလည်နိုင်အောင် ဖြစ်ရပါတယ်

ဒီလိုဖြစ်အောင်ပဲ ရည်ရွယ်သလားတော့မသိပါဘူး

အဲ့ဒါဆို ကြည့်ကြည့်လိုက်ရအောင်

 

ကြက်ဥကြော်အရသာ

https://www.ericmartin.jp/garigari_egg/

 

ကြက်ဥကြော်အရသာပါတဲ့ ရေခဲချောင်းတဲ့

တွေးကြည့်ရုံနဲ့တင် စားကောင်းမယ့်ပုံမပေါ်ပါဘူး

 

ချောကလက်ပြား

‌ရေခဲမုန့်ဆိုရင်တော့ စားကောင်းမှာပါ

ရေခဲချောင်းထဲမှာ ချောကလက်ပြားလေးတွေထည့်လိုက်ရင်တော့ တစ်မျိုးကြီးပဲ‌နော်

 

တလိပ်လိပ်တက်လာမယ့် လူငယ်အရသာ

https://ameblo.jp/fa1977/entry-11862995328.html

 

ဟမ်? ဘာအရသာလဲ!!!

နားလည်အောင်ပြောပြချင်စိတ် တစ်စက်မှရှိပုံမရပါဘူး

 

မယ်လွန်ပါမုန့်အရသာ

https://ascii.jp/elem/000/001/259/1259623/

 

မယ်လွန်ပါမုန့်ကတော့ သူ့ချည်းပဲ စားချင်လို့ တော်ပါပြီ

 

Gari-Gari-kun ကနေ အရသာဆန်းတွေထုတ်တာ အမျိုးပေါင်း ၁၂၀ လောက်ရှိခဲ့ပါတယ်

မအောင်မြင်ခဲ့လို့ ဆုံးရှုံးခဲ့တာလည်း ယန်း၃သန်းဖိုးကျော်ပါတယ်

 

“ထင်ထားတာနဲ့ မတူဘူးပဲ” လို့ပြောယူရအောင် ကောင်းတယ်ဆိုတဲ့ ပစ္စည်းဖြစ်ချင်ပုံရပါတယ်

 

အဲ့ဒါကြောင့်လည်း အမျိုးမျိုး အသစ်အဆန်းတွေ စမ်းသပ်နေတာပါ

 

Gari-Gari-kun ကိုထုတ်လုပ်နေတဲ့ Akagi Nyugyo လုပ်ငန်းရဲ့ အမှာစကားက “ကစားကြရအောင်” ဖြစ်ပုံရပါတယ်

အသားကုန်ကို ကစားနေတာပါ

 

ရောင်းချလာတာ နှစ် ၄၀ ရှိပါပြီ

ဘာလုပ်လုပ် ကစားချင်စိတ်နဲ့ လုပ်ချင်မိပါတယ်

 

နောက်နှစ်နွေရာသီကျရင်လည်း အရသာအသစ်အဆန်းတွေ မြင်ရဦးမယ်ထင်ပါတယ်

 

 

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: