○○+○○=?????

လူသားတွေဟာ မျက်လုံးမှိတ်ပြီး နှာခေါင်းနဲ့ အနံ့ခံကာ ဘာစားနေတာလဲကို အရသာခံရတာတော်တော်ခက်တဲ့ပုံပါပဲ။

အရသာကို ဆုံးဖြတ်တဲ့ အချက်အလက်တွေရဲ့ ၈၃ ရာခိုင်နှုန်းက မျက်လုံးများမှ ဖြစ်ပြီး ၊ အနံ့ခံခြင်းမှ ၁၁% နှင့် အရသာခံတာက ၁.၀% လောက်ပဲရှိတယ်တဲ့။

ဒါဆိုရင် မျက်လုံးမှိတ်ထားပြီး တစ်နည်းနည်းနဲ့ အလားတူ အရသာနှင့် အနံ့ ခပ်ဆင်ဆင်တစ်ခုခု ကိုချက်ကြည့်ကြမလား ?


https://allabout.co.jp/gm/gc/207976/all/

○○+○○=!?!?!? လို့ ဂျပန်မှာတော့ ပြောကြတယ်။
ဘာကြီးလဲ စပ်စုကြည့်ရအောင်လား။

ဥပမာတစ်ခုမိတ်ဆက်ပေးမယ်။

ပူတင်း + ပဲငံပြာရည် = သံပခြုပ်

ဒါကိုတွေးမိတဲ့သူ ဘယ်လိုစိတ်ကူးနဲ့များ ပူတင်းထဲကို ပဲငံပြာရည်ထည့်စားသလဲနော် . . .

‌‌ပေါက်တတ်ကရလုပ်တာတွေကနေလည်း ဒီလို မထင်မှတ်တဲ့ အဖိုးတန်တွေ ရရှိတတ်ပါတယ်ပေါ့။

 

ဆန် + နို့ + ပဲငံပြာရည် = ကြက်ဥထမင်း Tamago kake gohan
ဒီတိုင်းလဲ ကြက်ဥထမင်း Tamago kake gohan ကို စားလည်းရနေတာပဲကို. . .

ကော်ဖီ + ကာဗွန်နိတ် = Wiener ဝက်အူချောင်းအဲ!
ဒါကိုတော့ စိတ်ကူးလို့တောင်မရဘူးနော် .. ..

တူနာ အနီရောင်အသား + mayonnaise = Nakatoro
တူနာငါး အတူတူထဲမှာပဲ အဆင့်သတ်မှတ်ကွာတာလေးပဲဖြစ်လို့ ဒါကတော့ ဖြစ်နိုင်ပါတယ်။ ဆီထည့်လိုက်လို့ပဲ။

လိမ္မော်သီး + ရေညှိ + ပဲငံပြာရည် = Salmon ငါးဉ
ပထမဆုံးဉပမာပြထားတာနဲ့ သာ တွဲစားရင်တော့ အတော်လေး ဇိမ်ကျမှာပဲ။

နွားနို့ + မက်မန်းသီးခြောက် = ချိစ်စ်
ဘယ်လိုများဖြစ်သွားတာလဲ?

ချိစ်စ်ခရမ် + အရွက်သုပ်ထဲထည့်တဲ့ဂျပန်အနှစ်( Japan Dressing) = Foie Gras ( ဘဲ သို့မဟုတ် င
န်းအသဲ)
အရည်အသွေးမြင့်တဲ့ စားစရာအဖြစ်ပြောင်းသွားတယ်။

ထောပတ်သီး + ပဲငံပြာရည် + သံပုရာရည် = တူနာ
ဒါလည်း အရည်အသွေးမြင့်မားတဲ့အရသာအဖြစ်ပြောင်းလဲပေးနိုင်လို့ လုပ်စားကြည့်သင့်တယ်နော်။

သရက်သီး + ပဲငံပြာရည် = တူနာ
ဒါကအပေါ်ကတစ်ခုနဲ့အတူတူပဲ၊ ဒါကြောင့်နှိုင်းယှဉ်ပြီးတော့ စားကြည့်ချင်တယ်။

နွားနို့ + Takuwan (မုန်လာဥနံ့သာ) = ပြောင်းဖူးစွပ်ပြုတ်
ဒါလည်း အတော်လေး အရည်သွေးကောင်းတဲ့ စားစရာ အရသာပဲနော်။

ချောကလက် + ketchup ဆော့ = ဂျပန်ပြောင်းဖူးစွပ်ပြုတ်
ပုံဖော်လို့မရနိုင်အောင်ပဲ. . . .

ပန်း‌ဂေါ်ဖီစိမ်းကြော် + ketchup ဆော့ = တာကိုယာကီ
တာကိုယာကီက Sauce နဲ့ mayonnaise နဲ့ လုပ်ထားတာကိုလေ ??

Natto + ချောကလက် = ဓာတ်ဆားရည်
တခြားအရာတွေလည်း အများကြီးရှိလို့ စာရင်းပြုစုပြီးတင်ပေးလိုက်ပါတယ်။

သခွားသီး + ပျားရည် = ဖရဲသီး

တရုတ်ကြက်သွန်မြိတ် + နို့ = ဖရဲသီး

သခွားသီး + ဂျင်းဖျော်ရည် = ဖရဲသီး

ပန်းသီး + နို့ = စတော်ဘယ်ရီ

ခရမ်းချဉ်သီး မှည့် + သကြား = စတော်ဘယ်ရီ

ပဲပိစပ်ဆန်မုန့် + နို့ = ပန်းသီး

ကြက်ဥပြုတ်အနှစ် + ပျားရည် = သစ်အယ်သီး

လက်ဖက်ရည် + ကာဗွန်အက်စစ် = ဘီယာ (ဒါတော့ သေချာပေါက်မဖြစ်နိုင်ဘူးမလား … )

တရုတ်ကြက်သွန်မြိတ် + ငှက်ပျောသီး + နို့ = ဖရဲသီးခရမ်ဆိုဒါ

ကဲ . . . စားရဲတဲ့သူတွေကတော့ စားကြည့်ကြပါဦး။

ဒီပေါင်းစပ်မှုတွေက တကယ်ပဲ အရသာတွေကို ပြောင်းလဲစေသလား?
မျက်လုံးနဲ့ကြည့်ပြီးစားရင်တော့ ဘာတွေလဲဆိုတာ သိသာနေတာမို့ သေချာပေါက် မျက်လုံးမှိတ်ပြီးမှ စားကြည့်ဖို့က အဓိကပါပဲ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: