တရုတ်စားသောက်ဆိုင်တွေမှာရှိတဲ့ လှည့်စားပွဲဝိုင်းတွေက တကယ်တော့ ဂျပန်မှာစတင်ပေါ်ပေါက်ခဲ့တာပါ!!!

အမျိုးအစားစုံလင်စွာပါဝင်တဲ့ တရုတ်အစားအစာကို လူအများကြီးနဲ့ စားရတာပိုအရသာရှိပါတယ်နော်။


[Text Wrapping Break]https://diamond.jp/articles/-/174442

အမြဲတမ်း ဟင်းပွဲတွေမှာပြီးတော့ အားလုံးနဲ့ နည်းနည်းစီ မျှဝေစားမယ်။
ဒါက တရုတ်အစားအစာရဲ့ ပျော်ဖို့ကောင်းတဲ့ အခြေခံ စားပုံစားနည်းပေါ့။
အဲဒီအတွက် မကြာခဏအသုံးပြုတဲ့ ဒီလို လှည့်စားပွဲဝိုင်း . . .

 

https://zatsugaku-company.com/wp-content/uploads/2019/10/chitable.jpg

ကြီးမားတဲ့ စားပွဲဝိုင်းကြီးရဲ့ အလယ်ဗဟိုမှာ ပိုပြီးမြင့်တဲ့ အဝိုင်းပြားလေးရှိပါတယ်။ အဲဒီအပေါ်မှာ ဟင်းလျာတွေကို တင်ပြီး စားပွဲအဝိုင်းလေးကိုလှည့်လို့ရပါတယ်။
ကိုယ်နဲ့ဝေးတဲ့နေရာက ဟင်းလျာတွေကို လက်လှမ်းမမှီလို့ အခက်တွေ့ရပေမယ့် ဒီလို လှည့်စားပွဲဝိုင်းနဲ့ဆိုရင်တော့ စားချင်းတဲ့ ဟင်းကို စိတ်ကြိုက်ကိုယ့်ရှေ့အရောက် သယ်ဆောင်ပေးနိုင်လို့ အဆင်ပြေစေပါတယ်။
ဂျပန်နိုင်ငံမှာဆိုရင် တရုတ်စားသောက်ဆိုင်ကလွဲပြီး အသုံးပြုတာ မတွေ့ရတဲ့ ဒီ လှည့်စားပွဲဝိုင်း. . .တကယ်တမ်းကဂျပန်မှာ စတင်‌မွေးဖွားခဲ့တာပါ။

ဒါကတော့ တရုတ်ပြည်သို့ ပြန်လည်တင်သွင်းပြီး အသုံးပြုစေခဲ့တာဖြစ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အရာ။ဘာကြောင့်များ ဂျပန်မှာ ဒီလှည့်စားပွဲက စတင်ပေါ်ပေါက်ခဲ့တာလဲဆိုတော့၊ တိုကင်ပြား ယဉ်ကျေးမှုနဲ့ ဆက်နွယ်မှုရှိနေပါတယ်။
မူလအနေနဲ့ အဆင့်မြင့် တရုတ်စားသောက်ဆိုင်တွေမှာဆိုရင် ဆိုင်ဝန်ထမ်းက ဟင်းလျာတွေကို ခွဲဝေပြီး ထည့်ပေးပါတယ်။ မြန်မာမှာလည်း ဒီလို ဝန်ဆောင်မှုမျိုးတွေကို တရုတ်စားသောက်ဆိုင်တွေမှာ မြင်တွေ့ရလေ့ရှိတာမို့ သိပ်ပြီး မစိမ်းလောက်ဘူးလို့ထင်ပါတယ်။

ထိုင်ခုံထိုင်တဲ့ နေရာကလည်းအရေးကြီးပါတယ်။

ဆာမူရိုင်းခေတ်ကုန်ဆုံးပြီး Meiji ခေတ်ရောက်တဲ့အခါမှာတော့
နိုင်ငံခြားယဉ်ကျေးမှုတွေဟာ ဝင်ရောက်လာပါတယ်။တိုကင်ပြား ယဉ်ကျေးမှုကလည်း သူတို့ထဲကတစ်ခုဖြစ်ခဲ့ပါတယ်။

တရုတ်ဟင်းလျာဆိုင်တွေမှာဆိုရင် ဒီလို ဟင်းလျာခွဲဝေထည့်ပေးတဲ့ ဆိုင်ဝန်ထမ်းတွေကို တိုကင်ပြား ပေးတယ်ဆိုတာက သာမန် လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။
ဒါပေမယ့် ဂျပန်မှာတော့ ဒီလို တိုကင်ပြား ယဉ်ကျေးမှုက အမြစ်မတွယ်ခဲ့ပါဘူး။တိုကင်ပြား ကို လက်ခံရရှိတဲ့ အတွက် လခအပြည့်ပေးစရာမလိုဘူးမလား ဆိုတာမျိုးတွေဖြစ်လာပြီး တိုကင်ပြား တွေကို သိမ်းယူတဲ့ ဆိုင်တွေပါ ပေါ်လာတာကြောင့် ကြီးမားတဲ့ ပြဿနာ ဖြစ်လာပါတယ်။

အဲဒီနောက်ပိုင်း ၁၉၃၀ခုနှစ်မှာ အကြီးအကျယ် စီးပွားရေးကျဆင်းလာမှုကြောင့် လူအများစုဟာ တိုကင်ပြား တွေကို မပေးနိုင်တဲ့ သူတွေများလာပါတယ်။

တိုကင်ပြား အပေါ် မှီခိုနေတဲ့ စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ ဆိုင်တွေဟာလည်း စီးပွားရေးကျဆင်းလာပါတော့တယ်။ဒီအခြေအနေများအကြားမှာ အဆိုပါ တိုကင်ပြား ယဉ်ကျေးမှု ဟာ သေဆုံးသွားပြီး
ဂျပန်မှာ တိုကင်ပြား တွေရှိတာဟာ မလိုအပ်ပါဘူးဆိုတဲ့ တိုင်းပြည်ဖြစ်လာပါတယ်။

သို့သော် . . .
တရုတ်ဟင်းလျာတွေကို အများစုတည်ခင်းတာကတော့ ပန်းကန်ပြား နဲ့ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ခွဲဝေမျှဖို့ က အရေးကြီးလို့ပါ။

တိုကင်ပြား ကိုမရပဲနဲ့ စားပွဲဝိုင်းက တစ်ယောက်ချင်းဆီကို နေရာချထားပေးဖို့က ဝန်ဆောင်မှုပေးဖို့က ခက်ခဲတဲ့ အခြေအနေမှာ ဖြစ်ပေါ်လာတဲ့ ဒီ လှည့်စားပွဲဝိုင်း . . .

ဒါနဲ့ ဒီလှည့်စားပွဲဝိုင်းကို အသုံးပြုခဲ့တဲ့ ပထမဆုံးဆိုင်က ဘယ်ဆိုင်လဲ၊ ဘယ်သူက စတင်တီထွင်ခဲ့သလဲဆိုတာတော့ အသေအချာမရှိပါဘူး။

တိုကင်ပြား မလိုတဲ့ လှည့်စားပွဲဝိုင်းနဲ့ တိုကင်ပြားက အရေးကြီးတဲ့ ဆိုင်ဝန်ထမ်းဆိုရင် သင်ကရော ဘာကိုရွေးမလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: