စားလို့ရတဲ့ ခွက် ?

Covid-19 ကြောင့် အိမ်မှာပဲနေကြတဲ့ သူတွေဟာ များပြားလာပြီး၊ စားသောက်ဆိုင်တွေမှာလည်း ပါဆယ်သာ ရောင်းချနေရတဲ့ အချိန်အခါပေါ့။
ဒါကတော့ မြန်မာမှာတင်ပဲမဟုတ်၊ ဂျပန်မှာသာမက တစ်ကမ္ဘာလုံးမှာပါဖြစ်နေတာပါ။ဖုန်းတွေ အင်တာနက်တွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အတူ အိမ်အရောက်ပေးပို့ဝန်ဆောင်မှုပေးခြင်းမှာလည်း အလွန်လွယ်ကူလာပါတယ်။

ဒီစနစ်ဟာ မျှော်မှန်းထားတဲ့ထက်တောင် နည်းပါးတဲ့ ပြဿနာတွေသာရှိပါတယ်။ဒါပေမယ့် ကြီးမားတဲ့ ပြဿနာကြီးတစ်ခုကတော့ ပေါ်ထွက်လာပါပြီ။

ဘာလဲဆိုတော့ အမှိုက် ပြဿနာ။

https://news.yahoo.co.jp/byline/iderumi/20190107-00110329/

ဆိုင်မှာထိုင်စားတဲ့အခါတုန်းက ပြန်ပြီး အသုံးပြုနိုင်တဲ့ အိုး၊ ခွက်၊ ပန်းကန်တွေကို အသုံးပြုနိုင်ပေမယ့်၊ Delivery နဲ့ဆိုရင်‌တော့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်လည် လွှင့်ပစ်ရမယ့် ပါဆယ်ထုတ်တွေပါလာပါပြီ။
အမှိုက်တွေက အများကြီးထွက်လာလို့ပါ။ဒီ့အတွက် ဖန်တီးပေးလိုက်တဲ့ အရာကတော့ . . .

 

https://vvstore.jp/i/vv_000000000135822/

တာကိုရာကီ မဟုတ်ဘဲ သူ့အောက်က ခွက် ကိုကြည့်လိုက်ပါ။
အဲဒီခွက်ကတော့ စားလို့ရတဲ့ ခွက်ပါတဲ့။

ပုစွန်ဆန်ကွဲနဲ့ ပြုလုပ်ထားလို့ အရသာလည်းရှိပါတယ်။မှာယူသုံးဆောင်ထားတဲ့ အစားအစာကို စားသုံးပြီးတဲ့နောက် ပန်းကန်ပြားကိုပါ စားလို့လည်းရတာမို့ အမှိုက် လုံးဝ မထွက်တော့ ပါဘူးနော်။

ဆန်ကွဲနဲ့ပြုလုပ်ထားတာဖြစ်လို့ ရေကိုစုပ်ယူပြီး ပျော့ပျောင်းလာပုံရပေမယ့် ထပ်ခါတလဲလဲ ပြုလုပ်ထားတဲ့အတွက် ရေကို ခံနိုင်ရည်ရှိပါတယ်။
သူရဲ့ ခံနိုင်ရည်အားကတော့ ပန်းကန်တစ်ခုအနေနှင့်အသုံးပြုနိုင်လို့ တစ်နာရီကြာ အသုံးပြုရင်တောင် အခက်အခဲမရှိ၊ ပြဿနာလုံးဝမရှိပါဘူး။

ဒါကြောင့် စိတ်ချစွားအသုံးပြုနိုင်ပါတယ်။

 

အရည်တော်တော်များများပါတဲ့ Curry Rice

 

ရေအများကြီးပါတဲ့ ရေခဲခြစ်


https://vvstore.jp/i/vv_000000000135822/

ဒီလို အရာတွေတောင် ရနိုင်ပါတယ်နော်။ထပ်ပြီးတော့ ဇွန်းတွေလည်း ရှိပါသေးတယ်။

 

https://bake-openlab.com/wp-content/uploads/2017/03/2222.jpg

တူတောင် ပါလိုက်သေး. . .

 

http://rice-design.jugem.jp/?eid=1

အအေးခွက်တွေလည်း ရှိတယ်နော်။

 

ကိုယ်တိုင်လုပ်လိုရအောင် ပါကင်တွေလည်း ရှိပါတယ်။

 

ဒီလိုသာဆို လွှတ်ပစ်စရာ ဆိုတာ ဘာမှမရှိတော့ဘူးပေါ့။ဒီလောက်ထိအောင် အကုန်စားဖို့လိုအပ်သလားလို့တော့ တွေးကောင်းတွေးနိုင်မှာပါ။

ဒါပေမယ့် ဒီလိုမျိုးအရာကတော့ ဂျပန်ဆန်တယ်လို့လည်း ပြောလို့ရပါတယ်။ ပေါက်ပေါက်ရှာရှာဆို အရမ်း ဖန်တီးတတ်ပြီး တကယ်လည်း အသုံးဝင်နေလို့ပေ့ါ။

ဒီအပြင် ဓားတွေ၊ ဒယ်အိုးတွေပါ ရှိသေးမယ်ထင်တယ်နော်။

စကားမစပ် ကျွန်တော် ငယ်ငယ်တုန်းကဆိုရင် ဒီလိုမျိုး လမ်းလျှောက်ပြီး စျေးရောင်းတဲ့သူတွေရှိပါတယ်။


https://diamond.jp/articles/-/137751

တို့ဖူး၊ ခေါက်ဆွဲ၊ စသဖြင့် လမ်းလျှောက်ပြီး လိုက်ရောင်းကြပါတယ်။ ဝယ်တဲ့အခါမှာလည်း ဝယ်တဲ့သူတွေက အိမ်မှာရှိတဲ့ ပန်းကန်ကိုသယ်ပြီး တော့ ဝယ်ကြပါတယ်။ မြန်မာမှာတော့ ဒီလို ဓလေ့တွေရှိသေးတယ်နော်။

အရက် တို့ ဘာတို့ဆိုရင်လည်း ပုလင်းအလွတ်ကို သယ်လာပြီး ဝယ်ယူကြတာဟာ ပုံမှန်ပါပဲ။အမှိုက်မရှိခဲ့တဲ့ မြို့တော်ကြီးပေါ့။

စူပါမားကတ်တွေ ပေါ်လာပြီး နောက်မှာတော့ ဒီလို လမ်းလျှောက်ရောင်းတာတွေက မရှိတော့ပဲ အမှိုက်တွေလည်း တိုးပွားလာပါတော့တယ်။
အထူးသဖြင့် ဒီ Stay Home ကာလ မှာ အမှိုက်တွေ ပိုများလာပါတယ်။

အမှိုက်မထွက်တဲ့ ဘဝနေထိုင်မှုဆိုတာကို တွေးမိပြီး ဆင်ခြင်ကြည့်ကြမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရရှိလာနိုင်မယ်ထင်ပါတယ်နော်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: