နောက်ဆုံးတော့ Takoyaki လည်းမိုက်လာပြီ !

အိုဆာကာမြို့ရဲ့ အရသာရှိတဲ့အစားအစာတွေအများကြီးထဲက တစ်ခုကိုပြောပါဆိုရင် Takoyaki ဖြစ်ပါတယ်။

https://www.kurashiru.com/recipes/7da548af-7c75-48c8-b336-510869540bc1

 

မုန့်အနှစ်ရဲ့အတွင်းဘက်မှာ ရေဘဝဲ၊ ဂျင်းချဉ်ဖတ် စတာတွေကိုထည့်ပြီး အလုံးလေးဖြစ်အောင် ကြော်ထားတာဖြစ်ပါတယ်။ ပဲငံပြာရည်၊ mayonnaise နဲ့ ရေညှိတွေကို အပေါ်မှာတင်ထားပါတယ်။

နောင်ပြီး Katsuobushi ကိုဖြူးပြီး ပူပူလေးစားရတာဖြစ်ပါတယ်။

ကလေးတွေဆို ဒီတိုင်းစားရင်လည်း အရသာရှိပြီး လူကြီးတွေဆိုရင်တော့ ဘီယာလေးနဲ့ဖြစ်ဖြစ် ဝီစကီ၊ ဆော်ဒါလေးနဲ့ဖြစ်ဖြစ် တွဲလိုက်မယ်ဆိုရင် အလိုက်ဖက်ဆုံးပါပဲနော်။

ဒီလို Takoyaki တွေက ခေတ်သစ်မှာပြောင်းလဲသွားပါပြီ။

Okomiyaki၊ Takoyaki အတွက် Otafuku sauce ကိုထုတ်လုပ်တဲ့ကုမ္ပဏီကနေ Cup Takoyaki ဆိုတာကိုထုတ်လုပ်ခဲ့ပါတယ်။

https://www.lmaga.jp/news/2019/07/72370/

ဟွန်း … ဘယ်လိုပါလိမ့်….. တခြားဟင်းပုံစံဖြစ်သွားမလားမသိဘူးနော် ?

ထုတ်လုပ်လိုက်တဲ့ပုံစံက လက်တစ်ဖက်တည်းနဲ့ စားလို့ရတဲ့ပုံစံဖြစ်ပါတယ်။

များသောအားဖြင့် Takoyaki ကို လက်တစ်ဖက်က ပန်းကန်ကိုင်၊ နောက်တစ်ဖက်က တုတ်နဲ့ယူပြီး စားကြပါတယ်။ ဒါဆိုရင် လက်နှစ်ဖက်ကို သုံးရမှာပေါ့နော်။

ဒါကို လမ်းလျှောက်ရင်းစားဖို့ခက်မှာပေါ့။

ဒီတစ်ခါမှာတော့ ဘူးကနေဖိပြီးထုတ်လိုက်တာနဲ့ စားလို့ရပေမယ့် နည်းနည်းကြီးနေလို့ ဇွန်းနဲ့ပဲစားဖို့အကြံပေးချင်ပါတယ်။

လက်တစ်ဖက်တည်းနဲ့ မဟုတ်ပေမယ့်ပေါ့နော် …

မျောက်ဥနဲ့ပြုလုပ်ထားတဲ့အပြင်မုန့်အနှစ်ကို ခွက်ထဲမှာထည့်ပြီး ဆော့စ်နဲ့ ရေဘဝဲကို ၃ခုလောက်ထည့်ထားပါတယ်။

နောက်ပြီးမိန်းကလေးတွေအတွက် ထည့်သွင်းစဥ်းစားပေးထားတာလည်းရှိပါတယ်။

Takoyaki ပေါ်မှာတင်ထားတဲ့ရေညှိတွေက သေးသေးလေးတွေဖြစ်လို့ အဲ့ဒီကနေ အနံ့မွှေးမွှေးလေးတွေထွက်ပါတယ်။ ဒါပေမယ့် အဲ့ဒီရေညှိတွေက သွားမှာကပ်နေတတ်ပါတယ်။

သွားလေးပေါ်အောင်ရယ်ပြလိုက်တဲ့အခါ ရေညှိတွေက …… ဆိုတာမျိုးကိုမလိုချင်ကြတဲ့ ကောင်မလေးတွေများတယ်ဆိုပေမယ့် အသစ်ထုတ်ထားတဲ့ပစ္စည်းက ရေသောက်လိုက်ရင် ရေနဲ့ပါသွားပါတယ်။

ဂျပန်နိုင်ငံရဲ့ကောင်းကွက်တွေက ဘယ်လောက်မိုက်လဲနော် …

ဈေးနှုန်းက တစ်ခုကို ယန်း ၂၇၀ ဖြစ်ပါတယ်။

ခုလက်ရှိဆိုင်တွေမှာလည်း ရောင်းချနေပါပြီ။

 

Oh!! Sauce

大阪市北区門田町8-7 阪急うめだ本店B1

10〜20時(金、土曜は21時まで)

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: