အမြင့်ဆုံးပျံသန်းနိုင်တဲ့စက္ကူလေယာဥ်ပျံက မဟုတ်မှလွဲရောဒါလား။ အမှိုက်မဟုတ်ဘူးနော် !?

ဂျပန်နိုင်ငံရဲ့ စက်မှုတက္ကသိုလ်မှာ သင်ခန်းစာရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ပြုလုပ်ကျင်းပခဲ့တာကတော့ စက္ကူလေယာဉ်ပြိုင်ပွဲဘဲဖြစ်ပါတယ်။
လေခုခံအား၊ အလေးချိန်ညီမျှမှု၊ အမြန်နှုန်းစတဲ့ အကြောင်းအရာအမျိုးမျိုးကို စဉ်းစားတွက်ချက်ပြီး၊ အဝေးဆုံးအကွာအဝေးအထိ ပျံသန်းနိုင်တဲ့စက္ကူလေယာဉ်ပျံကို လုပ်ကြည့်ရအောင်ဆိုတဲ့ အတော်လေးပျော်စရာကောင်းတဲ့ စက်မှုဆိုင်ရာပြိုင်ပွဲဖြစ်ပါတယ်။


ငယ်ငယ်တုန်းကတော့ မကြာခဏလုပ်ဖူးခဲ့ပေမယ့် တော်တော်လေးတစ်ဖြောင့်တည်းပျံအောင် မလုပ်နိုင်ခဲ့ပါဘူး။
လေဟုန်စီးပြီး အဝေးကြီးအထိ ပျံသန်းသွားနိုင်တဲ့ စက္ကူလေယာဥ်ဟာ ကမ္ဘာပေါ်ကယောကျ်ားလေးတွေအားလုံးအတွက် အားကျရတဲ့အရာတစ်ခုပဲမဟုတ်ဘူးလားခင်ဗျာ?

အဲ့ဒါကိုစက်မှုအင်ဂျင်နီယာဌာနမှ စွမ်းအင်နှင့်ရွေ့လျားမှုပညာရပ်အား တိကျသေချာစွာကြိုးစားလေ့လာခဲ့ပြီးနောက် ပေါ်ပေါက်လာတာကတော့ ဒီအရာဝတ္တုလေးပဲဖြစ်ပါတယ်။


https://j-town.net/2021/06/12323440.html

 

ဟင်?
အမှိုက်ကြီးလား?
မဖြစ်နိုင်ဘူး။ စက်မှုအင်ဂျင်နီယာဌာနကကျောင်းသားတွေ အလေးအနက်စဥ်းစားပြုလုပ် ထားပြီး၊ အဲ့ဒီအပြင် တတိယနေရာရရှိခဲ့တဲ့ အပြောင်မြောင်ဆုံးလက်ရာဖြစ်တဲ့အတွက် အမှိုက်လို့ပြောရင် ရိုင်းစိုင်းရာကျသွားလိမ့်မယ်နော်?

ပြုလုပ်တဲ့သူက Twitter မှာတင်ထားခဲ့တဲ့ ကော်မန့်လေးကတော့ အောက်မှာပြထားတဲ့အတိုင်းပါပဲ…။

စာရွက်ကိုလုံးပြီး ပစ်လိုက်ရုံတစ်ခုတည်းနဲ့ ဆုရရှိခဲ့ပါတယ်

ထင်ထားတဲ့အတိုင်း အမှိုက်ဖြစ်နေတာပါပဲလား။
ကျွန်တော်မှာကတော့ အသေးစိတ်အာရုံစိုက်ကြည့်လိုက်ရတာ…

ပြုလုပ်တဲ့သူက အစပိုင်းတော့ စက္ကူလေယာဉ်ပျံကို သေချာလုပ်ခဲ့ပေမယ့်၊ ကိုယ့်တစ်ယောက်တည်းမဟုတ်ဘဲ ဘေးကတခြားသူတွေရဲ့လက်ရာကို ကြည့်တော့လည်း ၃ မီတာလောက်ပဲ ပျံနိုင်ကြတယ်။
ဟင် ? တစ်ရှူးကိုလုံးပြီးပစ်တာကတောင် ပိုပြီးပျံနိုင်တယ်မဟုတ်ဘူးလား?
အဲ့လိုတွေးမိပြီး လုပ်လိုက်ရာကနေ ဒီလက်ရာဖြစ်လာတဲ့ပုံပါပဲ။

အရင်ကတည်းက အမှိုက်ကို လုံးပြီးပစ်လေ့ရှိတဲ့လူထင်ပါတယ်။

ဒါ့အပြင် ပထမနေရာရခဲ့တဲ့သူလည်း အတွေးချင်းတူတဲ့ပုံပါပဲ။
လုံးတဲ့အချိန်မှာ ကလစ်ကို အများဆုံးတပ်နိုင်တဲ့အရေအတွက် ၂၀ ကိုအားလုံးတပ်ခဲ့ပြီး တတ်နိုင်သလောက် အလုံးပုံစံနဲ့နီးစပ်အောင်လုပ်ပြီး ကောင်းကောင်းလှိမ့်နိုင်အောင် လုပ်ခဲ့တယ်လို့ပြောပါတယ်။

အခုပြိုင်ပွဲမှာ တတိယဆုရသူရဲ့ မှတ်ချက်ကလည်း စိတ်ဝင်စားစရာကောင်းနေပြန်ပါတယ်။

အကယ်၍ ကျွန်တော်သာဘေ့စ်ဘောကလပ်ရဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး လက်မောင်းအားသာရှိမယ်ဆို ချန်ပီယံဆုတောင်ရချင်ရနေမယ်ထင်ပါရဲ့…။

တော်ပါပြီ၊ ဒါ ဘယ်လိုသင်ခန်းစာတွေဖြစ်ကုန်ပြီလဲ? စက်မှုပညာနဲ့ရောဆိုင်ရဲ့လား !?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: