“ Kamakura” နှင်းအိမ်လေးထဲမှာ ဟော့ပေါ့စားကြမယ်။

“ Kamakura” လို့ခေါ်တဲ့ နှင်းအိမ်လေးထဲမှာ ဟော့ပေါ့ဟင်းလျာကိုစားကြမယ်။ နှင်းအရမ်းကျတယ်လို့နာမည်ကြီးတဲ့ Nagano စီရင်စုရဲ့ Iiyama မြို့ထဲမှာတော့ Restaurant Kamakura Village ဆိုတဲ့ရွာကလေးရှိပါတယ်။ တကယ်တော့ ရွာမဟုတ်ပါဘူး။ အပန်းဖြေစခန်းလိုပုံစံသာဖြစ်ပါတယ်။ ဟောဒီနှင်းတွေနဲ့တည်ဆောက်ထားတဲ့ Kamakura နှင်းအိမ်လေးတွေဟာ အလုံးပေါင်း ၂၀ ရှိပါတယ်။

“ Kamakura” နှင်းအိမ်လေးထဲမှာ ဟော့ပေါ့စားကြပြီး၊ ၂ ရက် ၃ ရက်လောက် လာလည်ပတ်ကြတဲ့ ဧည့်သည်တွေရှိပါတယ်။ ဒီလို Kamakura နှင်းအိမ်လေးတွေဖြစ်ပေါ်လာပုံကတော့ ဒေသခံစေတနာ့ဝန်ထမ်းတွေဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အဖြစ် နှင်းအလွန်ကျတဲ့ Nagano စီရင်စုမှာ နှင်းကိုပြန်အသုံးချမယ်ဆိုကာ Kamakura အားပေးရေးအဖွဲ့အစည်းကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့အစည်းဟာ လွန်ခဲ့တဲ့နှစ် ၂၀ မတိုင်ခင်ကတည်းက Kamakura နှင်းအိမ်တွေကိုဆောက်လုပ်ခြင်းနဲ့ ထိန်းသိမ်းခြင်းတွေကို လုပ်လာခဲ့ပါတယ်။

www.iiyama-ouendan.net

အမြင့် ၃မီတာကျော်ရှိတဲ့ Kamakura ထဲမှာ၊ ဒေသထွက်ဂေါ်ဖီထုတ်နဲ့ မှိုတွေကို ပေါပေါလောလောစားနိုင်တဲ့ ဒေသထွက်အထူးဟော့ပေါ့ဟင်းလျာ ‘Noroshi Nabe’ နဲ့ ၎င်းမြို့ကနေထွက်တဲ့ နာမည်ကြီးဂျပန်ဆန်နဲ့လုပ်ထားတဲ့ Onigiri ကိုစားနိုင်ပြီး၊ ဖွင့်ဖို့ကိုစောင့်နေတဲ့ ဧည့်သည်တွေတောင် အများကြီးရှိနေပါတယ်။ ဒီအပြင် Kamakura နှင်းအိမ်လမ်းကလေးရဲ့အဆုံးမှာ အနီရောင် Torii နဲ့  Kamakura နတ်ကွန်းလည်းရှိပါတယ်။

 

ဒီနေရာဟာ အမြဲတမ်းဖွင့်လှစ်တာမဟုတ်ဘဲ ၁ လပိုင်း နောက်ဆုံးအပတ်ကနေ ၂ လပိုင်း နောက်ဆုံးအပတ်ထိ တစ်လကြာသာဖွင့်လှစ်ပါတယ်။ မသွားခင်တော့ ကြိုတင်စာရင်းပေးထားဖို့တော့ လိုအပ်ပါတယ်။ ‘Noroshi Nabe’ ကိုစားနိုင်မယ့် အစားအသောက်အစီအစဉ်နဲ့ အချိုပွဲအစီစဉ်တွေလည်း ရှိပါတယ်။

ပိုမိုသိရှိရန် ဤနေရာတွင်ကြည့်ပါ။
https://www.iiyama-ouendan.net/en/special/kamakura/

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: