そばめし( Zoba Meshi ) ကို အိမ်မှာလုပ်စားလိုက်ရအောင် !

ယခုနှစ်ပိုင်းအနည်းငယ်လောက်အတွင်း ဂျပန်နိုင်ငံမှာ ကာဗွန်ဟိုက်ဒရိတ်အစားအစာတွေရှောင်ပြီး ဝိတ်ချကြပါတယ်။

ဆူရှီဆိုင်သွားရင်လည်း ငါးတွေပဲမှာစားပြီး ထမင်းမစားကြပါဘူး။

ခေါက်ဆွဲဆိုင်ဆိုရင်လည်း ခေါက်ဆွဲဖတ်မပါဘဲ ဟင်းရည်တွေပဲပိုသောက်တာများပါတယ်။

ဒါပေမယ့် ဒီလိုစားရင် ခဏလေးနဲ့ဗိုက်ဆာလာမှာပေါ့နော်။

ထမင်း၊ ခေါက်ဆွဲဖတ်တွေမှာပါတဲ့ ကာဗွန်ဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဂျပန်နိုင်ငံရဲ့ အကောင်းဆုံးအစားအစာ そばめし( Zoba Meshi )ကို ကိုယ်တိုင်ချက်စားကြရအောင်နော်။

 

ဒီခေါက်ဆွဲရဲ့ပုံစံက…

https://www.kurashiru.com/recipes/97dfe1de-64f1-4714-8d65-aa4c9a837220

https://recipe.rakuten.co.jp/recipe/1220007691/

ဂျပန်မှာ ခေါက်ဆွဲကြော်စားဖူးတဲ့သူတွေ တစ်ပုံကြီးရှိမယ်လို့ထင်ပါတယ်။

နာမည်က ဆိုဘ ခေါက်ဆွဲဆိုပေမယ့် ခေါက်ဆွဲဖတ်ကို ကျန်တဲ့အစာပလာတွေနဲ့ ငံပြာရည်ထည့်ပြီး ရောကြော်ထားတယ်ဆိုတာကို လူတိုင်းသိမယ်ထင်ပါတယ်။

ခိုဘဲမှာရှိတဲ့ဆိုင်မှာ သံပြားပေါ်မှာခေါက်ဆွဲတွေကြော်ပြီး စားဖို့ရောက်လာတဲ့သူတွေက ထမင်းနဲ့အတူ ရောကြော်ပြီးပူပူလေးစားကြပါတယ်။

ငံပြာရည်အရသာနဲ့ခေါက်ဆွဲကြော်ကို ထမင်းကြော်ရောထားတဲ့ပုံစံဖြစ်ပါတယ်။

တော်တော်လေးကို စားလို့ကောင်းမယ့်ပုံပါပဲ။

ကြော်တဲ့နည်းကလည်း လွယ်လွယ်လေးပါပဲ။

ဂေါ်ဖီ၊အသား၊ တရုတ်ဂျုံခေါက်ဆွဲတွေကို လိုအပ်တဲ့အရွယ်အစားလောက်ဖြတ်ထားပါ။

အရင်ဆုံး ဒယ်ပြားထဲမှာ တရုတ်ဂျုံခေါက်ဆွဲနဲ့ ထမင်းကိုရောကြော် ၊ အစာပလာတွေထည့်ကြော်ပါ။

သေချာနှံ့အောင် ရောမွှေကြော်ပြီးမှ ငံပြာရည် အရသာလိုသလောက်ထည့်ပါ။

ငံပြာရည်မရှိဘူးဆိုရင် ဆားလေး၊ငရုတ်ကောင်းလေးထည့်ကြော်ရင်လည်း အဆင်ပြေပါတယ်။

ထမင်းကြော်လိုအရသာလောက်ဆိုရင် အတော်ပါပဲ။

 

တကယ်တော့ ဒါလေးတွေက အလွယ်တကူချက်စားလို့ရတဲ့ အစားအစာတွေဖြစ်ပါတယ်။

ဘာကြောင့်ဒီလိုစားကြလဲဆိုတာကတော့ …

ဂျပန်မှာ ခေါက်ဆွဲကြော်စားဖို့ ဝယ်မယ်ဆိုရင် ဒီတံဆိပ်သုံးကြတာများပါတယ်။

https://www.maruchan.co.jp/products/search/maruchanyakisoba_3ninmae.html

 

ဒီတစ်ထုပ်မှာ ၃ ယောက်စာပါတာကြောင့် ပါတာနဲ့ကွက်တိပါပဲ။

၄ ယောက်စားရင် မလောက်နိုင်ဘဲ နှစ်ယောက်တည်းစားရင်လည်း ပိုနေတတ်ပါတယ်။

ဒါကြောင့် အပိုလူအတွက်မလောက်မှာစိုးလို့ ထမင်းထပ်ထည့်ပြီးကြော်စားကြတာဖြစ်ပါတယ်။

၄ ယောက်စားမယ်ဆိုရင် ထမင်းတစ်ယောက်စာထည့်ကြော်ရပါတယ်။

နှစ်ယောက်တည်းဆိုရင်တော့ တစ်ခေါက်ကိုတော့ ခေါက်ဆွဲကြော်စားပြီး နောက်တစ်ခေါက်ကျရင်တော့ ထမင်းတစ်ယောက်စာ ထည့်ကြော်စားတာပေါ့။

ထမင်းလည်းထည့်ကြော်ထားပြီးပြီဆိုတော့ ဟင်းထပ်ချက်စားစရာမလိုတော့ပါဘူး။

 

နောက်နေ့မနက်စာအတွက် ရေခဲသေတ္တာထဲထည့်ချန်ထားတဲ့ ထမင်းဆိုရင်တော့ ပိုပြီးတော့တောင် အဆင်ပြေပါသေးတယ်။

ဒီနည်းလမ်းတွေက တော်တော်လေးကို တွက်ခြေကိုက်တယ်နော်။

အကြော်အလှော်တွေကြိုက်တယ်ဆိုရင် ဒီနည်းလမ်းလေးကို စမ်းကြည့်ပါနော်။

ဈေးသက်သက်သာသာနဲ့ ဗိုက်ဝဖို့ အာမခံပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: