Manga ရဲ့ကနဦးအစ? Katsushika Hokusai ၏လက်ရာများကို အခမဲ့ဖြန့်ဝေပေးနေပြီ။

ကမ္ဘာတစ်ဝှမ်းကနှစ်သက်ကြတဲ့ ဂျပန်ယဥ်ကျေးမှုကိုယ်စားပြုထဲမှာ Manga ဟာလည်းပါဝင်နေပါတယ်။
ဟောဒီ One Piece ကလည်း သန်း ၄၇၀ စာကူးယူပြီးရောင်းနေရတုန်းပါပဲ။

 

အဲ့ဒီလို Manga ဟာ ဂျပန်ရဲ့ယဥ်ကျေးမှုထဲမှာ တစ်ဖြည်းဖြည်း ပုံစံတစ်ခုထဲကိုရောက်ရှိလာခဲ့ပါတယ်။
ထိုနေရာမှာကြီးမားစွာ ရုပ်ပုံတွေကိုအလှူပြုခဲ့သူကတော့၊ 浮世絵Ukiyo-e အနုပညာကာလ ပန်းချီဆရာတစ်ဦးဖြစ်တဲ့ 葛飾北斎 Katsushika Hokusai ပဲလို့ပြောနေကြပါတယ်။

ဥပမာအားဖြင့် ဤပုံမှာ …

 

 

 

 

https://mag.japaaan.com/

 

ထိုအတိုင်း Manga ကိုဖော်ပြတဲ့နည်းလမ်းပဲဖြစ်ပါတယ်။

စကားမစပ် သူဟာဘယ်လိုလူမျိုးလဲလို့ဆိုရရင် ပုံတူရေးဆွဲထားခြင်းမှာတော့ ဒီလိုပဲဖြစ်ပါတယ်။

 

ကြောက်စရာကောင်းတယ်နော်….
သူဟာ အသက် ၈၈ နှစ်အထိအသက်ရှင်သွားပြီး၊ ဒီပုံကတော့ အသက် ၈၂ နှစ်မှာဆွဲထားတဲ့ပုံတူဖြစ်ပါတယ်။
ထိုအချိန်ကာလဟာ အသက် ၈၀ ကျော်အထိနေရတာကို ကံကောင်းတယ်လို့တောင်သတ်မှတ်နိုင်ပြီး၊ ဒီအသက်အရွယ်မှာ ဒီလိုအသေးစိပ်ကျတဲ့အလုပ်ကိုလုပ်နိုင်သေးတယ်ဆိုတာဟာ အံ့သြစရာကောင်းပါတယ်။

 

သူသေဆုံးပြီးနောက်မှာတော့ ကမ္ဘာနှင့်ချီပြီးနာမည်ကြီးသူတစ်ဦးဖြစ်လာခဲ့ပါတယ်။
စာဖတ်သူတို့အားလုံးလည်း ဒီရုပ်ပုံကိုတွေ့ဖူးကြတယ်‌နော်…?

 

ဂျပန်ရဲ့ နိုင်ငံကူးလက်မှတ်အသစ်မှာ အသုံးပြုထားတဲ့ဤရုပ်ပုံဟာလည်း Hokusai ရဲ့ အနုပညာလက်ရာတစ်ခုပဲဖြစ်ပါတယ်။

ထိုကဲ့သို့နာမည်ကြီးတဲ့ Hokusai … ..
သူ့ရဲ့ပျောက်ဆုံးသွားတဲ့အနုပညာလက်တွေကိုပြန်လည်ရှာတွေ့ပါပြီး..
British Museum website မှာအခမဲ့ဖြန့်ဝေပေးလျှက်ရှိပါတယ်။
Download လည်းလုပ်နိုင်တဲ့အတွက်၊ Print out ထုတ်ပြီး အရောင်ထည့်ကြည့်လိုက်မယ်ဆို စိတ်ဝင်စားစရာကောင်းမယ်နော်…..။
အွန်လိုင်းမီတင်တွေတက်တဲ့အချိန်မှာလည်း zoom ရဲ့ background မှာ ထည့်သုံးကြည့်လိုက်မယ်ဆို တော်တော်လေးမိုက်သွားမှာပါ။

 

British Museum website လင့်ကိုပါဖော်ပြပေးလိုက်ပါတယ်။
https://www.britishmuseum.org/collection/search?keyword=万物絵本大全図

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: