ဆာမူရိုင်းတွေစားနေကျ အပြင်အစားအစာတွေ။ ဆူရှီ၊ ဆိုးဘ သင်ကရောဘာကိုစားချင်လဲ?

ထမင်းချက်ရမှာ ပင်ပန်းလို့ အပြင်ထွက်စားမယ်။
ခေါက်ဆွဲ၊ ဆူရှီ၊ အုဒွန်း၊ တန်ပူရာ၊ ကာရေး ဘာစားမလဲ?
ဆိုပြီးတွေးနေရလောက်အောင် ဂျပန်အပြင်အစားအစာတွေ များပြားလွန်းနေပါတယ်
အထူးသဖြင့် အကောင်းစားစားသောက်ဆိုင်တွေကို မိတ်ဆက်ပေးတဲ့ Michelin Guide မှာတောင် တိုကျိုတစ်ခွင်က စားသောက်ဆိုင်က အများဆုံးမိတ်ဆက်ခံထားရပါတယ်
ဒီလိုအပြင်စာ ခေတ်စားလာတာက ဆာမူရိုင်းခေတ်ကတည်းကပါ
အခုခေတ် တိုကျို၊ အရင်ခေတ်အခေါ် အဲဒိုမှာ လူဦးရေ ၁၀သိန်းလောက်နေထိုင်ခဲ့ပါတယ်
အဲ့ဒီခေတ်က ပဲရစ်မှာ ၄သိန်း၊ လန်ဒန် မှာ ၃သိန်း ပဲရှိတော့ ယှဥ်ကြည့်လိုက်ရင် အဲဒိုကဘယ်လောက်ကြီးတဲ့မြို့လည်းဆိုတာ သိနိုင်ပါတယ်
မြို့ကြီးတော့ အလုပ်ပေါတယ်၊ အလုပ်ပေါတော့ လူငယ်တွေစုလာတယ်
အမျိုးသားထက် အမျိုးသမီးကပိုနည်းတော့ အိမ်ထောင်သည်ကနည်းပြီး လူလွတ်တွေများနေခဲ့တယ်
လျှပ်စစ်မီးနဲ့ ဂတ်စ်တွေလည်း မရှိသေးတော့ အလုပ်ကပြန်လာရင် စားသောက်စရာအဆင်သင့်မရှိတဲ့ သူတွေများနေခဲ့ပါတယ်
အဲ့ဒီလိုဆိုတော့ အပြင်အစားအစာတွေ ပေါသထက်ပေါလာပါတယ်
အခုတစ်ခေါက်မှာတော့ ဆာမူရိုင်းခေတ်က လူကြိုက်များတဲ့ အပြင်အစားအစာတွေကို မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်
ကြက်သွန်ဟင်းရည် (negimajiru)
https://cookpad.com/recipe/2492057
ကြက်သွန်နဲ့ တူနာငါး ပါဝင်သော ဟင်းချို။
အရက်နဲ့မြည်းခဲ့ပုံပါပဲ
Ankake တို့ဟူး
အခုခေတ်ရိုက်ထားတဲ့ပုံဆိုတော့ လွဲနေတာလေးရှိနိုင်ပေမယ့်
နဂိုပုံစံက အဖြူရောင်တို့ဟူးကို အာသလွတ်ဥနဲ့လုပ်ထားတဲ့ Ankake ထဲကိုထည့်ထားတာပါ
အဲဒါကို သေးသေးလေးတွေတုံးပြီး ပဲငံပြာရည်၊ ဘွန်နစ်တိုအခြောက်၊ ခြစ်ထားတဲ့ မုန်လာဥနီနဲ့ ကြက်သွန်နီတွေကို အပေါ်ကနေ ထည့်ရတာပါ
အေးတဲ့ဆောင်းရာသီမှာ လူကြိုက်များမယ့် ပူပူနွေးနွေး စားစရာလေးပါပဲ
ဆိုးဘ
https://www.acure-fun.net/lounge/products/entry63.html
အဲဒိုလို့ဆိုလိုက်တာနဲ့ ဆိုးဘ ကမပါမဖြစ်ပါ
ရာမန်ခေါက်ဆွဲမရှိသေးတော့ ခန်းဆိုင်းမှာဆိုရင် အုဒွန်းကိုစားကြပြီး၊ ဒန်းတို့ဆုဆိုးဘကိုလည်း စားကြပါတယ်
နိုင်ငံခြားသားတွေကလည်း ရာမန်၊ အုဒွန်းတွေကို ကြိုက်ကြပေမယ့် ဆိုဘကိုမကြိုက်ကြပါဘူး
တိုကျိုမှာအေးလာရင် ဆိုးဘပူပူလေးစားပြီး အရက်သောက်ရတာကလည်း အရသာပါပဲ
ဆုးဘကို ဒီလိုဆိုင်လေးတွေနဲ့ ရောင်းတတ်ပါတယ်
အခုခေတ်မှာလည်း ရုံးဝန်ထမ်းလူလွတ်တွေ စားတတ်ကြတဲ့ တချိခုအိဆိုးဘ ပါ
မှာလိုက်တာနဲ့ ချက်ချင်းရောက်လာပြီး မတ်တပ်ရပ်ရင်း စားလို့ရတာကြောင့် အထီးကျန်နေတဲ့ အဲဒိုအမျိုးသားတွေလို အထီးကျန်နေတဲ့ သင်ရောမြည်းစမ်းကြည့်လိုက်ပါ
ငါးရှဥ့်အိုး (ဒိုဂျိုး)
ဒါကို ဒိုဂျိုး မဟုတ်ဘဲ ဒိုဇအု လို့ရေးတဲ့ဆိုင်တွေလည်း Asakusa မှာ ရှိပါတယ်
ဘာလို့ ဒိုဇအု လို့ရေးလဲဆိုတော့ စာလုံး၄လုံးဆိုရင် ကံမကောင်းတတ်လို့လို့ဆိုပါတယ်
အရိုးမပါတဲ့ ဒိုဇအု လို့မှာလိုက်ရင် အရိုးဖယ်ပြီးသားကို ချပေးပါတဘ်
အရမ်းအဆင်ပြေလို့ စမ်းကြည့်လိုက်ပါနော်