အုဒွန်းခေါက်ဆွဲနဲ့ ရာမန်ခေါက်ဆွဲတွေမှာမရှိဘဲ။ ဆိုဘ ခေါက်ဆွဲမှာကျတော့ နတ်ဘုရားရှိတယ် !?
အားလုံးရော ဆိုဘ ကြိုက်ကြလား?
ဂျပန်မှာလည်း ဒေသကိုလိုက်ပြီးတော့ ကွာပေမယ့်၊ တိုကျို ဆင်ခြေဖုံးရပ်ကွက်တွေမှာ ကြီးပြင်းလာသူ အများစုကတော့၊ အုဒွန်းထက် ဆိုဘ ကို ပိုစားခဲ့ကြရပါတယ်။
ကျွန်တော်ကတော့ ဟင်းရည်မပါတဲ့ ဒီစတိုင်ကို ကြိုက်ပါတယ်။
ဒီမှာ တန်ပူရာ အကြော်လေးပါပါရင်တော့ ကောင်းကင်ဘုံပါပဲဗျာ။
ဂျပန်ခေါက်ဆွဲတွေကို နိုင်ငံခြားမှာလည်း တော်တော်များများ စားကြပေမယ့်၊ တော်တော်များများက ရာမန် ကိုပဲကြိုက်ကြတာပါ။
ပြီးတော့ အုဒွန်း ကိုလည်းစားတော့စားကြပေမယ့်၊ ဘာကြောင့်မှန်းမသိ ဆိုဘ ကိုတော့ မကြိုက်ကြပါဘူး။
ဒါပေမယ့် ဆိုဘ ကိုပိုစားသင့်တယ်နော်။
ဆိုဘ မှာ နတ်ဘုရားရှိနေလို့ပါပဲ။
ရာမန် တို့ အုဒွန်းတို့မှာ မရှိဘဲ၊ ဆိုဘမှာပဲ နတ်ဘုရားရှိနေတာပါ။ ဘာအဓိပ္ပာယ်လည်း ကြည့်ကြည့်ရအောင်။
ဆိုဘနတ်ဘုရားဆိုတာက နရခေတ်က ဧကရီဘုရင်မဖြစ်တဲ့ ဂန်းရှိုးတန်းနိုး ကိုပြောတာပါ။ 715〜724 ခုနှစ်အထိ ဘုရင်မဖြစ်ခဲ့ပါတယ်။
ဂန်းရှိုးတန်းနိုး ကဒီလိုပြောခဲ့ပါတယ်။
ပြည်သူပြည်သားတွေ အလုပ်လက်မဲ့ မဖြစ်အောင်လုပ်ပေးကြ။
အရာရှိတွေ အကျင့်မပျက်အောင် နေကြ။
ဆိုပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းကို လမ်းညွှန်ခဲ့တဲ့ မြတ်နိုးဖွယ်လူသားတစ်ဦးပါ။
ဒါပေမယ့် အဲ့ဒီခေတ်က လယ်ယာလုပ်ငန်းဆိုတာက သဘာဝကိုမှီခိုနေရတာဆိုတော့၊ မျိုးထွက်မမှန်တဲ့နှစ်ကိုတော့ ရှောင်လွှဲလို့မရခဲ့ပါဘူး။
အဲ့ဒီမှာ မျက်စိကျသွားကြတာက ဆိုဘ။
ဆန်နဲ့ ဂျုံတွေလို အာဟာရတန်ဖိုးရှိတဲ့၊ ရေနည်းသောဒေသတွေမှာပါ စိုက်ပျိုးရလွယ်ကူတဲ့ ဆိုဘ။ ဒီစိုက်ပျိုးမှုပမာဏကို တိုးမြှင့်ခြင်းအားဖြင့် ပြည်သူတွေရဲ့ဘဝ တည်ငြိမ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
ရလဒ်အနေနဲ့ ဆိုးဘ ယဥ်ကျေးမှုကြောင့် ဂျပန်ဟာ အကြီးအကျယ်တိုးတက်လာခဲ့ပါတော့တယ်။
ဒီဇာတ်လမ်းကနေ ပြောင်းလဲသွားပြီး တောင်နတ်ဘုရားကို ဆိုဘနဲ့ပူဇော်တဲ့ ဓလေ့ရှိတဲ့ ဒေသတွေ အခုထိ ကျန်ရှိနေဆဲပါပဲ။
ဂျပန်ကို တည်ငြိမ်အောင် ကြိုးပမ်းခဲ့တဲ့ ဧကရီ ဂန်းရှိုး အကြောင်းကို တွေးရင်း ဆိုဘ ကိုစားကြပါတယ်။
စားရင်းနဲ့ သင့်မှာလည်း နတ်ဘုရားထံက ဆုလာဘ်တွေရနိုင်မလားပဲ?
Abe Kango