ဆူရှီအတူတူစားရအောင် !!!!

ဒီတစ်ခါတော့ လသာမှာရှိတဲ့ စားနေကြ ဆူရှီဆိုင်တစ်ဆိုင်မှာဝင်စားဖြစ်ခဲ့ပါတယ်။ ဖွင့်ထားတာလည်း တော်တော်ကြာပြီဖြစ်လို့ တော်တော်များများလည်း ဒီဆိုင်လေးကိုသိကြမယ်ထင်ပါတယ်။
ဒီဆိုင်လေးက စျေးလည်း ပုံမှန်ဖြစ်ပြီး စားလို့လည်း ကောင်းလို့ တစ်ခေါက်သွားပြီးရင် နောက်တစ်ခေါက်မသွားချင်တဲ့သူ မရှိပါဘူး။
ဒီနေ့ကတော့ မှာစားနေကျ အမယ်လေးတွေပဲမှာစားဖြစ်ခဲ့ပါတယ်။
ဘာတွေစားခဲ့လည်းဆိုတော့ . . .

 

ဂုံးယောက်မကင်(၃၅၀၀ကျပ်)


ဂုံးယောက်မကို Cheese အပြည့်နဲ့ကင်ထားတဲ့ ဂုံးယောက်မကင်
အရသာကတော့ ပြောစရာမလို ရှယ်ပါပဲ။ ကိုယ့်အကြိုက်!

 

ဆော်လမွန်အရိုးဟင်းချို (ချဉ်စပ်) (၁၇၀၀ကျပ်)

 

 


မီဆိုဟင်းချိုထက် ဒါကိုပိုကြိုက်တယ်။ အရိုးဟင်းချိုလို့သာပြောတာ အသားဖတ်တွေလည်း အများကြီးပါတယ်။
ဆော်လမွန်အရိုးဟင်းချိုက ပုံမှန်အရသာလည်း ရပါတယ်။ ကိုယ်ကတော့ ချဉ်စပ်ပိုကြိုက်လို့ ချဉ်စပ်ပဲသောက်ခဲ့တယ်။

 

ဝက်သားထမင်းလိပ်(၃၈၀၀ကျပ်)


အရင်တုန်းကဆိုရင် ထမင်းလိပ်က ဒီထက်ပိုကြီးလို့ ကိုယ့်ပါးစပ်နဲ့တောင်မဆန့်ဘူး။ အခုတော့ ဆန့်သွားပြီ။ ထမင်းလိပ်တာပဲ သေးသွားသလား၊ ကိုယ်ပဲ အစားပိုကြီးသွားတာလား တစ်ခုခုပဲ။ ဟီး . . .

 

ကင်မ်ချီ (၁၂၀၀ကျပ်)


ကင်မ်ချီကတော့ အရင်တုန်းက ကင်မ်ချီအရသာ ကို ကိုကြိုက်ပါတယ်။ ဘာပဲပြောပြော ကင်မ်ချီ၃ပွဲစားခဲ့တယ်။

 

ရှီရှားမို တန်ပူရာ (၂၇၅၀ကျပ်)

 

ဂဏန်း Salad (၁၄၅၀ကျပ်)


ဒါကတော့ ၂ပွဲစာပါ။

 

Sweet Crunchy Roll (၂၃၀၀ကျပ်)

 

မီဆို ဟင်းရည် (၁၀၀၀ကျပ်)

 

နောက်ဆုံးပိတ် အအီပြေလေးပေါ့။
ဗိုက်ဆာသွားကြပြီလား ??? ဒီဆိုင်လေးက ဈေးလည်းတန်တယ် စားလို့လည်းကောင်းလို့ ဆိုင်ပြည့်နေလို့ အပြင်မှာ ထိုင်စောင့်ပြီးတောင် စားရတာမျိုးကြုံဖူးပါတယ်။
အခြား အရသာရှိလွန်းတဲ့ ဂျပန်အစားအစာတွေ အများကြီးရှိပါသေးတယ်။
ဂျပန်အစားအစာက သိပ်ကောင်းတယ်ဆိုတာကို စားကြည့်မှ သိမှာနော်။ ဒါကြောင့် စားကြည့်ကြပါဦးလို့။

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: