အိမ်တိုင်ရာရောက်ပစ္စည်းပို့ဆောင်သူက PS5 ကို ခိုးယူမှုဖြစ်ပွားခဲ့။ ထိုနောက်ပိုင်း ဘယ်လိုဆက်ဖြစ်သွားလဲ?

ကမ္ဘာတစ်ဝှမ်းက ဂိမ်းရူးသွပ်သူတွေ လိုချင်နေကြတဲ့ နောက်ဆုံးပေါ်ဂိမ်းစက် PS5။


ထုတ်ကုန်တွေ အလျှင်မမှီတော့ဘဲ ကမ္ဘာတစ်ဝှမ်းလုံးမှာ ပစ္စည်းတွေပြတ်လပ်ပြီး တော်တော်နဲ့ ဝယ်လို့မရနိုင်ပါဘူး။
အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်နဲ့ အွန်လိုင်းအီးမေးလ်ဝက်ဘ်ဆိုက်တွေမှာတောင် ပစ္စည်းရရချင်းရောင်းချနေကြပေမယ့် တစ်ခဏအတွင်းမှာပဲ ရောင်းကုန်ကြပါတယ်။

အဲ့လိုဝယ်ကြတဲ့အထဲမှာမှ မေဂျာECဆိုက်ရဲ့ Amazon မှာ ကံကောင်းစွာနဲ့ PS5 ကို ဝယ်လိုက်နိုင်တဲ့ A စံ…(အမည်လွှဲ) ။
လိမ်လည်ရောင်းချသူတွေက EC ဆိုက်မှာ သတင်းအမှားတွေဖြန့်ပြီး မှာကြားမှုရတဲ့အခါ လိုက်ပို့တဲ့ဖြစ်စဥ်တွေလည်း ရှိပေမယ့် အခုကတော့ Amazon ကနေ တိုက်ရိုက်ရောင်းချတဲ့အတွက်ကြောင့် စိတ်အေးလက်အေး ဝယ်လိုက်တဲ့ပုံပါပဲ။

၅ လပိုင်း ၂၁ ရက်နေ့မှာဝယ်ပြီး နောက်တစ်ရက် ၂၂ ရက်နေ့မှာ ရောက်မယ်ဆိုတဲ့အတွက် ပျော်ရွှင်နေတဲ့ A စံ။
ဒီလိုနဲ့ ၂၂ ရက်နေ့မှာတော့ ရုတ်တရတ် Amazon ကနေ ဒီလိုအသိပေးချက်ပေးပို့လာပါတယ်။

“ကုန်ပစ္စည်း ပို့ဆောင်ပြီးပါပြီ”

ဟင်? မရောက်လာသေးဘဲနဲ့ …?
Amazon ဆီကို ဆက်သွယ်မေးမြန်းပြီး ပြန်စာကိုစောင့်နေပေမယ့် ပြန်လာတဲ့အဖြေကြောင့် စိတ်ပျက်သွားခဲ့ပါတယ်။

ကုန်ပစ္စည်းပို့ဆောင်သူမှာ ပုဂ္ဂလိကလုပ်ငန်းရှင်ဖြစ်သောကြောင့် မှာကြားသူထံပစ္စည်းရောက်ရှိမှုနှင့်ပတ်သက်၍ Amazon မှ စုံစမ်းမေးမြန်းမှုမပြုလုပ်နိုင်ပါ။

ဆိုးရွားတဲ့တုန့်ပြန်မှုကို စိတ်တိုပြီး Amazon နဲ့ ဆက်လက်ညှိနှိုင်းစဥ်မှာဘဲ ကုန်ပစ္စည်းပို့ဆောင်သူဟာ ပစ္စည်းမပို့ဘဲ ပစ္စည်းပို့ပြီးကြောင်းလုပ်ထားတာကို Amazon က တွေ့ရှိသွားပါတယ်။

ဒါပေမယ့် ကုန်ပစ္စည်းက မရှိတော့တဲ့ပုံပါပဲ။
အိမ်တိုင်ရာရောက်ပစ္စည်းပို့ဆောင်သူက ပြန်ရောင်းလိုက်တာဖြစ်နိုင်ပါတယ်။

ဒီလိုပစ္စည်းပြတ်လပ်နေတဲ့ PS5 အစား ပစ္စည်းလည်းမရနိုင်တော့ ပြန်အမ်းငွေပဲ ယူလိုက်ရပါတယ်။

ငွေပြန်ရလို့ အဆင်ပြေသွားပေမယ့် PS5 နဲ့ပတ်သက်ပြီး လိမ်လည်မှုဖြစ်ရပ်တွေရှိတဲ့အတွက် အားလုံးလည်းဂရုတစိုက်ဝယ်ယူကြပါနော်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: