တိုကျိုဟာ အာကာသယာဥ်များစုဝေးရာ အချက်အချာကျတဲ့လေဆိပ်တစ်ခုဖြစ်လာနိုင်မလား?

ကြီးမားတဲ့လေဆိပ်မှာ ပြေးလမ်းပေါင်းများစွာနဲ့ ကမ္ဘာတစ်ဝှမ်းကလေယာဥ်တွေ လာစုဝေးကြမယ့် အချက်အချာလေဆိပ်…
ဂျပန်ရဲ့ Narita လေဆိပ်ဟာ ကျေးလက်ဘက်မှာနေသူတွေအဖို့ တိုက်ရိုက်ပို့ဆောင်ဆက်သွယ်ဖို့ခက်နေတဲ့အတွင်း Beijing, Shanghai, Singapore နဲ့ Bangkok စတဲ့လေဆိပ်တွေကဖွံ့ဖြိုးတိုးတက်လာပြီး၊ အာရှရဲ့ အချက်အချာလေဆိပ်အဖြစ် ဂျပန်ဟာမရောက်လာခဲ့ပါဘူး။

ဒီတစ်ခါတော့ တိုကျိုမှာ အချက်အချာလေဆိပ်ဆောက်လုပ်ဖို့ အစီအစဥ်ဆွဲနေကြပါပြီ။
အခုမှတော့ မလိုအပ်တော့ဘူး? လို့ထင်ကောင်းထင်နိုင်ပေမဲ့၊ ဒီတစ်ကြိမ်ကတော့ ဦးတည်ရာမတူတော့ပါဘူး။
အာကာသဆီသို့သွားမယ့် အချက်အချာလေယာဥ်ကွင်းကို မျှော်မှန်းနေကြပြီ။

https://www.gizmodo.jp/2020/11/tokyo-space-port-project.html

ဒါကခန့်မှန်းထားကြတဲ့ပုံပါ။
ဂျပန်ကိုအာကာသစီးပွားရေးအခြေစိုက်စခန်းအဖြစ်လုပ်မယ်ဆိုတာကြောင့် ယေဘုယျအားဖြင့်ဖွဲ့စည်းထားတဲ့ Space Port Japan ဟာအလေးအနက်စဉ်းစားထားသောပုံစံဖြစ်ပါတယ်။

လကမ္ဘာသို့သွားမယ့် လူလိုက်ပါလာသည့်လေယာဥ်ခရီးစဥ်များ ကမ္ဘာတစ်ဝှမ်းပြန်လည်စတင်လာပြီး၊ အင်္ဂါဂြိုလ်သို့ပြောင်းရွှေ့ဖို့ရန်လည်း စီစဥ်ထားကြပါတယ်။
ပုဂ္ဂလိကပိုင်အာကာသယာဉ်တွေတောင် ပျံသန်းမယ့်ခေတ်ရောက်လာတော့မှာပါ။
အာကာသစီးပွားရေးဟာ ဟာသမဟုတ်တော့ဘဲ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်တစ်ခုဖြစ်နိုင်ပါတယ်။

ဒီအပြင်အမြင့် ၁၀၀ ကီလိုမီတာမှာပျံသန်းနိုင်တဲ့ အလွန်မြန်ဆန်တဲ့လေယာဥ်ပျံတွေကလည်း နာမည်ကြီးကြောင်းအရာတစ်ခုလိုဖြစ်လာပြီး၊ ၎င်းအပါအဝင် မကြာမီအချက်အချာကျသောလေဆိပ်ကလည်း လိုအပ်လာတော့မှာပါ။

ဒါကတော့ အဆောက်အဦးရဲ့အတွင်းပိုင်းပုံစံပါ။

ရုပ်ရှင်ရုံနဲ့ ဟိုတယ်၊ အာကာသနဲ့ဆိုင်တဲ့အရာကိုပဲအဓိကထားတဲ့ အပန်းဖြေအဆောက်အအုံ ဆိုတာအထိတော့နားလည်ပေမဲ့…

Space food restaurant?
Alien antenna?
နောက်နေတာလား? လို့တောင် ထင်ရတဲ့အဆောက်အအုံမျိုးပါ။

ဒါဆို တစ်ယောက်ယောက်ကစနစ်တကျလုပ်ခဲ့တာပဲလို့တွေးလိုက်ရင် အဲ့ဒီလိုမဟုတ်ပြန်ဘူးတဲ့..
တည်ထောင်သူအဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ တစ်ဦးချင်စီရဲ့ ကုမ္ပဏီနာမည်တွေကိုကြည့်လိုက်ပါ။

ကိုယ်စားလှယ်ဒါရိုက်တာ Naoko Yamazaki (ယခင်အာကာသယာဉ်မှူး)

အသင်းဝင်ကုမ္ပဏီများ
ANA၊ Airbus Japan၊ Obayashi Gumi, Kashima Construction, Kansai Electric Power, Dentsu, Nittsu, Nittele, Marubeni, Mitsubishi Estate စသည်ဖြင့်

Supporting member
Ibaraki စီရင်စု၊ Oita စီရင်စု၊ Hokkaido၊ Shizuoka သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၊ တိုကျိုနည်းပညာတက္ကသိုလ်။

တကယ်လို့ပြောရင်ယုံကြည်နိုင်လား?
ပြီးဖို့ရည်ရွယ်ထားတာကတော့ 202X ခုနှစ် !
ဒါဆို ၁၀ နှစ်အတွင်း ဆောက်လုပ်မယ်လို့ပြောတာလား?

အာကာသစီးပွားရေးလုပ်ငန်းမစတင်ခင်မှာပဲ စက်ရုံကိုဆောက်လုပ်မယ်လို့ဆိုလို လိုက်ခြင်းပါပဲ…
အကယ်၍အာကာသစီးပွားရေးလုပ်ငန်းမလုပ်ဖြစ်ရင်တောင်မှ အာကာသဥယျာဥ်ရှိတာနဲ့တင် ပျော်စရာကောင်းမှာပါ။
ကျွန်တော်ကိုယ်တိုင်ကလည်း alien antenna ဆိုတာဘာလဲ? သိပ်စိတ်ဝင်စားတယ်။

လေယာဥ်ပျံနဲ့ ပတ်သက်ပြီးအချက်အချာလေဆိပ်နေရာ မရောက်ခဲ့တဲ့ဂျပန်ဟာ၊ အာကာသနဲ့ပတ်သက်ပြီးတောရော အဲ့ဒီဆန္ဒပြည့်နိုင်မလား?
ရင်ခုန်စရာပဲနော်…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: