ဆောင်းဦးမှာမစားလိုက်မိရင် နောက်တရသွားမယ့်အစားအစာများ

Autumn of taste လို့တောင်လူသိများတဲ့ ရာသီ
ဂျပန်မှာတော့ နွေဦး၊ နွေရာသီ၊ ဆောင်းဦး၊ ဆောင်းရာသီ စတဲ့ဥတု ၄ မျိုးရှိတဲ့အထဲကမှာ ယခုကျရောက်တဲ့ရာသီဖြစ်တဲ့ ဆောင်းဦးကအရာသာရှိတဲ့အစားအစာတွေအများဆုံးရှိတဲ့အချိန်ဖြစ်ပါတယ်။
နွေရာသီရဲ့အပူဒဏ်ကြောင့် အစားသောက်ပျက်သွားတဲ့လူတွေလည်း၊ ဆောင်းဦးရောက်လာတဲ့အခါ အေးစိမ့်စိမ့်လေးကြောင့် နေလို့ထိုင်လို့လည်းပြန်အဆင်ပြေလာသလို နောက်ပြီး ဒီအချိန်မှာအရသာရှိတဲ့အရာတွေပေါ်လာကြောင့် diet လုပ်ဖို့စဥ်းစားနေသူတွေအဖို့ နှမြောစရာကောင်းတဲ့အချိန်လည်းဖြစ်ပါတယ်။

ဒီလိုနှမြောစရာအချိန်၊ အဲ မှားလို့ ဆောင်းရာသီရဲ့အရသာအရှိဆုံးအစားစာတွေကို မိတ်ဆက်ပေးပါမယ်။

 

စပျစ်သီး

https://www.ibaraki-shokusai.net/brand/grapes/

ဒီရာသီမှာ အကောင်းဆုံးကတော့ စပျစ်သီးပါပဲ။
ချိုမြိန်မှုမှာ အချဥ်ဓာတ်အနည်းငယ်ပါနေတာမျိုးလေး… နောက်ပြီး အလွန်အရည်ရွှမ်းတာကြောင့်လည်း စားတဲ့အခါအရမ်းအရသာရှိပါတယ်။ Tart လုပ်စားကြည့်မယ်ဆိုရင် အကောင်းဆုံးပါပဲ..

https://www.kurashiru.com/recipes/8ac47eff-e9ab-4315-b6e7-00456125cebe

အရသာရှိတဲ့ ကွတ်ကီး…
အဲ့ဒီအပေါ်မှာ ဒိန်ခဲအချဥ်ဓာတ်နဲ့ စပျစ်သီးမှာရှိတဲ့အချိုဓာတ်ရဲ့ပေါင်းစပ်မှုက အထူးကောင်းပါပဲ…

 

တည်သီး

「秋の味覚」といえば?3位さんま、2位さつまいも…じゃあ1位は?

တစ်ချို့ကမာမာလေးကိုပိုကြိုက်တတ်တယ်။ ကျွန်တော်ကတော့ နည်းနည်းလေးပိုမှည့်တဲ့တည်သီးကိုကြိုက်ပါတယ်။
ရှလွတ်ရှလွတ်နဲ့ အသံမြည်အောင်စားပြီး အသက်ကိုလည်းဖြေးဖြေးရှူရင်း ဆောင်းဦးရဲ့ချိုမြိန်မှုကို ခံစားနိုင်ပါတယ်။

ဒါကတော့ တင်ပို့ရန်အတွက်ဒီလိုအခြောက်လှန်းကြပါတယ်။ တည်သီးခြောက်ကလည်း အရမ်းကိုအရသာရှိပါတယ်။

https://marron-dietrecipe.com/desert/desert_tsurushigaki.html

 

ထင်းရှူး မှို

ပုံမှန်ရောင်းလေ့ရှိတဲ့ ဂျပန်ထွက်မှိုထဲမှာ ထင်းရှူးမှို ဟာအကောင်းဆုံးပါပဲ။
နာမည်အတိုင်း ထင်းရှူးပင်ရှိတဲ့နေရာမှာပေါက်တယ်လို့ပြောကြပါတယ်။
သူကအရသာထက် အနံ့နဲ့ပိုဆွဲဆောင်ပါတယ်။

ထမင်းနဲ့အတူချက်စားရတာတော့ ကျွန်တော်အကြိုက်ဆုံးပါပဲ။

 

Sanma ငါး

https://tenki.jp/suppl/romisan/2018/09/02/28395.html

Kanji နဲ့ရေးရင်တော့ “ 秋刀魚” ..
ဆောင်းဦးမှာ ရနိုင်တဲ့ ဓါးပုံသဏ္ဍာန်ငါးလို့ အဓိပ္ပါယ်ရပြီး၊ အဲ့ဒီအတိုင်းပဲ ဆောင်းဦးရဲ့ ကိုယ်စားပြုတဲ့အစားအစာပင်ဖြစ်ပါတယ်။
အဆီဓါတ်ကြွယ်ဝစွာပါဝင်တဲ့ “ 秋刀魚” ငါးကို ကင်ပြီးစားကြည့်ရအောင် ..
ဒါပေမဲ့ ဒီနှစ်ရတဲ့ “ 秋刀魚” ငါးက အကောင်သေးပြီးအဆီဓါတ်လည်းနည်းတယ်။ နောက်ပြီး မိတဲ့အကောင်ရေလည်းနည်းတာကြောင့် ဈေးကြီးမယ်လို့ထင်ပါတယ်။

 

ကန်စွန်းဥ

https://weathernews.jp/s/topics/201911/070225/

ကျောက်နဲ့မီးဖုတ်ထားတဲ့ ပူနွေးပြီးချိုမြိန်တဲ့ ကန်စွန်းဥ
ဒီအတိုင်းစားလည်းရသာရှိပေမဲ့၊ ထောပတ်များများနဲ့စားရင်တော့ အကောင်းဆုံးပါပဲ။

https://torokeru-de.com/SHOP/poteto03.html

 

သစ်အယ်သီး

ဒါကို ကျောက်နဲ့မီးဖုတ်ပြီးစားလည်း အရသာရှိပါတယ်။
ဒါပေမဲ့ ဒီလိုစားကြည့်ရင်ရော?

https://cookpad.com/recipe/5735229

Dashi နဲ့အတူ ထမင်းထဲမှာထည့်ချက်မယ်ဆိုရင် ထမင်းရောသစ်အယ်သီးရော စားရတာစိမ့်စိမ့်လေးဖြစ်နေမှာပါ။
သေချာပေါက် အချိုပွဲတွေလည်းလုပ်ကြပါတယ်။
Mont Blanc (モンブラン) ဆိုရင်ရော?

https://tomiz.com/recipe/pro/detail/20190718171227

ဆောင်းဦးမှာ အခြားသောအရသာရှိတဲ့အစားအစာတွေကိုလည်းလုပ်နိုင်ပါတယ်။ ဒီနှစ်ကတော့ ကိုရိုနာကြောင့်အဆင်မပြေဖြစ်ပေမဲ့၊ လာမယ့်နှစ်ကတော့ သေချာပေါက် Momiji အရွက်တွေနဲ့အတူ အရသာရှိတဲ့အစားအစာတွေရဲ့ ဂျပန်ရဲ့ဆောင်းဦးကိုဖြတ်သန်းကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်….

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: