တကယ်ရှိခဲ့တဲ့ ပင်လယ်ဓားပြဘုရင် Murakami Suigun

အထုပ်အပိုးတွေနဲ့ လူတွေတင်ဆောင်လာတဲ့ သင်္ဘောကို တိုက်ခိုက်ပြီး ပိုက်ဆံခိုးတဲ့ ပင်လယ်ဓားပြ။

ယခုအချိန်မှာတော့ အာဖရိကရှိ ဆိုမာလီယာ ကမ်းလွန်ပင်လယ်ပြင်က ပင်လယ်ဓားပြတွေက ကျော်ကြားပေမယ့် အရင်တုန်းက ကမ္ဘာတစ်ဝှမ်းမှာ ပင်လယ်ဓားပြတွေရှိခဲ့ပါတယ်

ဂျပန်မှာတောင် ရှိခဲ့ပြီး ဂျပန်ပင်လယ်ဓားပြတွေဟာ ကမ္ဘာ့ထိပ်တန်းအဆင့်မှာ ကြာရှည်ရပ်တည်ခဲ့တဲ့ ရှည်လျားတဲ့သမိုင်းကြောင်း‌ ရှိခဲ့ပါတယ်

 

လူကြိုက်များတဲ့ anime One Piece ဟာ ပင်လယ်ဓားပြတွေအကြောင်းဖြစ်ပြီး အဓိကဇာတ်ကောင် Luffy ဟာ ပင်လယ်ဓားပြဘုရင်ဖြစ်ဖို့ အိမ်မက်မက်နေပြီး၊ မကောင်းတာတွေကို မလုပ်ပါဘူး

ဒီလို ပင်လယ်ဓားပြတွေ ရှိမှာမဟုတ်ဘူးလို့ ထင်နေပါသလား?

ရှိခဲ့ပါတယ်။ ပင်လယ်ဓားပြဘုရင်အစစ်

 

ပင်လယ်ဓားပြဘုရင်ရဲ့ နာမည်က Murakami Suigun ပဲဖြစ်ပါတယ်

https://www.bs11.jp/blog/kouhou/2014/09/18_2765.php

 

Shikoku နှင့် Honshu ကြားမှာရှိတဲ့ Seto ကုန်းတွင်းပင်လယ်မှာ အခြေစိုက်ပြီး ကုန်တင်သင်္ဘောတွေကို မတိုက်ခိုက်ဖို့ ၎င်းတို့ကိုယ်တိုင် စည်းမျဉ်းများ ချမှတ်ထားပြီး၊ သူတို့ အလုပ်က အခြားပင်လယ်ဓားပြတွေ တိုက်ခိုက်တာကနေ စောင့်ရှောက်ပေးတာပါ

တရားမျှတမှုရဲ့ ပင်လယ်ဓားပြပါ

သူ့ကိုယ်သူ Pirate King လို့ ခေါ်ဖို့ သင့်တော်တဲ့ တည်ရှိမှုပါပဲ။

သို့သော်လည်း ခေတ်ကာလက ငြိမ်းချမ်းလာတာနဲ့အမျှ ပင်လယ်ဓားပြလုပ်ဖို့ ခက်ခဲလာပါတော့တယ်

1588 ခုနှစ်မှာ ထိုအချိန်က ဂျပန်နိုင်ငံ၏ ထိပ်တန်းအရာရှိတစ်ဦးဖြစ်တဲ့ Toyotomi Hideyoshi က ပင်လယ်ဓားပြတွေကို အမိန့်နဲ့တားမြစ်လိုက်တဲ့အခါမှာ လိုက်ဖမ်းခံရပါတော့တယ်

Murakami Suigun ဟာလည်း ပြိုကွဲသွားပြီး အဖွဲ့ဝင်အချို့ကို စစ်တပ်ထဲပြောင်းထည့်လိုက်ပေမယ့်၊ အများအပြားဟာ Seto ကုန်းတွင်းပင်လယ် အနောက်ဘက်ခြမ်းရှိ Yashiro ကျွန်းကို ထွက်ပြေးခဲ့ကြပြီး တိတ်တဆိတ် နေထိုင်ခဲ့ကြပါတယ်

Murakami Suigun ရဲ့ ပိုင်ဆိုင်မှုတွေကို Shodoshima မှာ ဝှက်ထားတယ်လို့ ကောလဟာလတွေ ကျန်ခဲ့ပါတယ်

One Piece မှာလည်း ရတနာကို ဝှက်ထားပြီး အဲ့ဒါကို ရှာဖွေဖို့ ရည်ရွယ်ချက်ထားတာဆိုတော့ လက်တွေ့နဲ့ တူနေပါတယ်

သို့သော် Shodoshima က ရတနာကို ယခုထိ ရှာမတွေ့သေးပါဘူး

ဂျပန်ကိုသွားပြီး Shodoshima ကိုရှာဖွေကြည့်ရင်ရော?

 

သင်လည်း ခေတ်သစ်ပင်လယ်ဓားပြဘုရင် ဖြစ်လာနိုင်မလား??

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: