တကယ်က လူ့ခန္ဓာကိုယ်နဲ့လက်တွေ့စမ်းသပ်တဲ့ အကြံအစည်တစ်ခုသာဖြစ်နေခဲ့…

JAPO မှာလည်း ယခင်ကတင်ခဲ့ဖူးတဲ့၊
၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ၊ Ibaraki စီရင်စုက ကုမ္ပဏီဝန်ထမ်းအမျိုးသားနဲ့ဇနီးဖြစ်သူတို့ဟာ နေအိမ်မှာ တစ်စုံတစ်ယောက်ရဲ့တိုက်ခိုက်ခြင်းကိုခံရကာသေဆုံးနေပြီး၊ ကလေး ၂ ယောက်မှာလည်း ဒဏ်ရာပြင်းစွာရခဲ့တဲ့မှုခင်းမှာ ဒီတရားခံကိုဖမ်းဆီးရမိခဲ့ပါတယ်။

အဖမ်းခံလိုက်ရတဲ့ သံသယရှိသူ Okaniwa ဆိုသူဟာ အရင်ကလည်း မသိမမြင်ဖူးတဲ့မိန်းကလေးတစ်ယောက်ကို ဓါးဖြင့်ခုတ်ပြီးဒဏ်ရာအပြင်းအထန်ရစေခဲ့ဖူးတဲ့ ယောကျ်ားလေးတစ်ယောက်ဖြစ်ပါတယ်။

မသိမမြင်ဖူးသူကိုသတ်ဖြတ်တဲ့ စိတ်မနှစ်မြို့စရာမှုခင်းဖြစ်ပေမဲ့၊ ကျောင်းသားဘဝကတည်းက သူ့ရဲ့ အခြားသူတွေနဲ့မတူတဲ့အပြုအမှုဟာ သတိပြုစရာဖြစ်နေခဲ့တယ်လို့ဆိုကြပါတယ်။

အထက်တန်းကျောင်းကို မိမိဆန္ဒအလျောက်ကျောင်းထွက်ခဲ့ပြီး၊ တစ်ခါကကျောင်းကို ကြောင်ခေါင်းပြတ်တစ်လုံး ယူသွားခဲ့ဖူးတယ်လို့ဆိုပါတယ်။
အကြောင်းအရင်းကိုမေးကြည့်တဲ့အခါ သူ့ရဲ့အတန်းဖော်သူငယ်ချင်းက ကြည့်ချင်တယ်လို့ပြောခဲ့တာကြောင့်ပါတဲ့…

နောက်ပြီးသူဟာ တိရစ္ဆာန်ကိုသတ်ဖူးပြီဖြစ်တဲ့အတွက်၊ နောက်တစ်ခါကျရင်တော့ လူကိုသတ်ချင်တယ်လို့ပြောခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီလိုပြောပြီးသိပ်မကြာပါဘူး၊ အပေါ်မှာပြောသွားခဲ့တဲ့မိန်းက‌လေးအမှု ဖြစ်ပွားပါတော့တယ်။

ဒါ့အပြင် သူဟာရုပ်ရှင်ထဲကလူသတ်တဲ့မြင်ကွင်းတွေကိုအရမ်းကြိုက်နှစ်သက်ပြီး၊ သွေးတွေပန်းထွက်လာတဲ့အခန်းကိုကြည့်ရင်း တစ်ကိုယ်ရည်အာသာဖြေလေ့ရှိတယ်လို့ ကြွားဝါပြောဆိုတယ်လို့ ပြောကြပါတယ်။

ဒီတစ်ခေါက်လူသတ်မှုမှာတော့
နေအိမ်ကနေ ဆာလ်ဖာ ၄၅ ကီလိုဂရမ်နဲ့ သေလောက်တဲ့အထိပြင်းထန်တဲ့ Ricin အဆိပ်ပါဝင်သော ကြက်ဆူပင်အမြောက်အများကို လက်ရဖမ်းယူသိမ်းဆည်းနိုင်ခဲ့ပါတယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့ ကြံစည်ခဲ့တာလားလို့ထင်ရပေမဲ့၊ ကြည့်ရတဲ့ပုံကတော့ အဲ့ဒီလိုမဟုတ်တဲ့အတိုင်းပါပဲ….

လူကိုသတ်ချင်တာကြောင့်မဟုတ်ဘဲ၊
လူကိုသတ်နေတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့နာကျင်ခံစားနေတဲ့မျက်နှာကို မြင်တွေ့ချင်ပုံရပါတယ်။

ဓါးထိုးသတ်ခြင်း၊ လည်ပင်းညှစ်သတ်ခြင်း၊ အဆိပ်ခပ်သတ်ခြင်းစတဲ့ လူသတ်နည်းအမျိုးမျိုးကိုစိတ်ဝင်စားပြီး၊
အသေးစိတ်စမ်းသပ်လေ့လာခဲ့ပုံရပါတယ်။

ဒီတစ်ခေါက်မှုခင်းနဲ့ ကျန်ခဲ့တဲ့တစ်ခေါက်က မိန်းကလေးကိုဓါးနဲ့ထိုးခဲ့တဲ့ဖြစ်ရပ်မှာ ၂ ခုလုံးကို မီးဖိုချောင်ဓါးအသုံးပြုခဲ့ပါတယ်။
နောက်ပြီး သူ့ရဲ့အိမ်မှာတွေ့ရှိခဲ့တဲ့ အဆိပ်တွေနဲ့ ဆာလ်ဖာ..
ဆာလ်ဖာဟာ ဟိုက်ဒြိုဂျင်ဆာလဖိုက်အဆိပ်ပြုလုပ်ရာမှာလိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းဖြစ်ပါတယ်။

ဟိုက်ဒြိုဂျင်ဆာလဖိုက်ကိုရှူမိလိုက်မယ်ဆို မျက်လုံး၊နှာခေါင်းနဲ့ လည်ချောင်းတွေမှာနာကျင်မှုကိုခံစားလာရပြီး သတိလစ်ကာအသက်ဆုံးရှုံးနိုင်ပါတယ်။
သူ့အိမ်မှာတွေ့ရတဲ့ဆာလ်ဖာဟာ အဆိပ်ထုတ်ဖော်ဖို့ လုံလောက်လွန်းတဲ့ပမာဏဖြစ်ပါတယ်။

နောက်တစ်ခေါက်အတွက်ချထားတဲ့အကြံအစည်က အဆိပ်ခပ်သတ်ဖြတ်ခြင်း ဖြစ်ပုံရပါတယ်။
ဒီလိုလူမျိုးအတွက်ကတော့ နောက်တစ်ကြိမ်အပြင်ကိုပြန်ထွက်မလာစေချင်တော့ပါဘူး……

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: