အခန်းထဲက အမျိုးသားအရိပ်!!!

တိုကျိုမှာ တစ်ယောက်တည်းနေတဲ့ အမျိုးသမီးတွေ များပြီးတော့၊ ဘေးနားကအိမ်နီးနားချင်းတွေနဲ့ အပက်အသက်မရှိတဲ့သူတွေများပါတယ်။

အဲလိုအခန်းတွေဟာဆိုရင် ဓားပြတွေရဲ့ ဦးတည်ချက်ဖြစ်လာနိုင်ပါတယ်။

အရင်တုန်းကတော့ အမျိုးသားဝတ်ဘောင်းဘီတို လျှော်ပြီးတော့ လှန်းထားရင် အခန်းမှာ အမျိုးသားရှိတယ်လို့ထင်ပြီးတော့ ဓားပြမလာဘူးလို့ ပြောကြပေမယ့်၊ အခုကတော့ အဲလိုနည်းလမ်းတွေ မသုံးတော့ပါဘူး။

ဘေးကင်းလုံခြုံမှုမရှိတဲ့ညတွေကို ကာကွယ်နိုင်ဖို့အတွက် တီထွင်ခဲ့တဲ့ ပစ္စည်း။

http://news.livedoor.com/article/detail/14496439/

Man on the Curtain လို့ခေါ်တဲ့ပစ္စည်းဖြစ်ပြီးတော့၊ စမတ်ဖုန်းနဲ့ချိတ်ဆက်ရတဲ့ ပရိုဂျက်တာဖြစ်ပါတယ်။
အဲဒီပရိုဂျက်တာပေါ်မှာ အမျိုးသားအရိပ်ပေါ်လာမှာဖြစ်ပြီး၊ အဲဒီအရိပ်က ပုံစံ၁၂မျိုး ပြောင်းလဲနိုင်ပါတယ်။

ဒါပေမဲ့၊ ဒီလိုကိစ္စမှာလည်း သတိထားရမယ့်အရာတွေရှိပါတယ်။

အဲဒါကတော့ ကိုယ်တိုင်ပြန်မလန့်မိအောင်သတိထားရမှာပါ။

စတိုးဆိုင်ခဏသွားပြီး ပြန်လာတဲ့အချိန်၊ ကိုယ့်အိမ်မှာဘယ်သူရောက်နေတာလဲလို့ အထင်မှားပြီး ရဲစခန်းကို အကြောင်းကြားတာမျိုးတွေ မလုပ်မိအောင်လည်း သတိထားပါ။

အိပ်ငိုက်ပြီးတော့ အခန်းထဲမှာ သရဲခြောက်တယ်လို့ ထင်မိတာမျိုးလည်းရှိတတ်ပါတယ်။

ကိုယ့်ရဲ့ချစ်သူကိုလည်း သေချာကြိုတင်ရှင်းပြထားပါ။
မဟုတ်ရင် ချစ်သူက အိမ်ကိုလာတဲ့အချိန်မှာ ‘အိမ်ခန်းထဲမှာ ယောက်ျားလေးရှိနေတယ်မလား’ ဆိုပြီးရန်သတ်ရမှာစိုးလို့ပါ။

အိမ်ထဲကိုဝင်ကြည့်လိုက်ရင် သိသွားမှာဆိုပေမယ့်၊ ရန်သတ်ပြီးတော့ အပြင်ကနေလှည့်ပြန်သွားရင် အဆင်မပြေဘူးလေ။

ဒီပစ္စည်းကို တီထွင်ခဲ့တဲ့ အစုရှယ်ယာကုမ္ပဏီ Leo Palace21က တိုက်ခန်းငှားရမ်းတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက်၊ အဲဒီကုမ္ပဏီကတိုက်ခန်းတွေမှာ ငှားရမ်းနေထိုင်တဲ့ အမျိုးသမီးတွေကို အခမဲ့ပေးဝေတာတွေလုပ်မယ်ဆိုရင်၊ လူကြိုက်များလာနိုင်ပါတယ်။

နောက်ပိုင်းဒီပစ္စည်းကို အဆင့်မြှင့်တင်မှာဖြစ်ပြီးတော့၊ ရာသီအလိုက်ကွဲပြားတဲ့ ပုံရိပ်တွေ၊ ပြီးရင် အသံထွက်တဲ့ ပုံရိပ်တွေအထိလုပ်ဆောင်သွားမယ့် အစီအစဉ်ဖြစ်ပါတယ်။

အသံပါထွက်နိုင်တယ်ဆိုရင်တော့ ဘေးနားကဖြတ်သွားတဲ့ အိမ်နီးချင်းတွေပါ လန့်သွားနိုင်တယ်နော်။
စိတ်ဝင်စားစရာဘဲနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: