ကမ္ဘာကို ခြောက်ခြားစေတဲ့ ဂျပန်နိုင်ငံရဲ့ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းသူအမျိုးသမီး၊ ရှိဂဲ့နို့ဘု ဟုဆခို့

နိဟွန်းဆဲခိဂွန်း၊ အင်္ဂလိပ်လိုဆို Japanese Red Army ဆိုတဲ့အဖွဲ့အစည်းကို သိကြပါသလား?

၁၉၇၁ခုနှစ်ကနေ ၂၀၀၁ခုနှစ်အထိ ရှိခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပြီး၊ ၂၀၂၁ခုနှစ် လက်ရှိမှာလည်း အကြမ်းဖက်၇ယောက်ဟာ အပြည်ပြည်ဆိုင်ရာက ဝရမ်းထုတ်ထားရတဲ့ အလွန်အန္တရာယ်များတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပါတယ်။

မာ့က်စ်-လီနင်ဝါဒ ကိုအခြေခံတဲ့ ဂျပန်တော်လှန်ရေးနဲ့ ကမ္ဘာမှာကွန်မြူနစ်ဝါဒကို အသက်သွင်းမယ့် ရည်ရွယ်ချက်နဲ့ တစ်ကမ္ဘာလုံးမှာ အစွန်းရောက်ပြစ်မှုများကို ကျူးလွန်ခဲ့ပါတယ်။

သူတို့က ကွန်မြူနစ်ဝါဒရဲ့ ဗဟိုကျတဲ့သူတွေတော့မဟုတ်ပေမယ့်၊ သူတို့လုပ်ရပ်တွေကြောင့် ဂျပန်နိုင်ငံက ကွန်မြူနစ်ဝါဒကို ငြင်းဆန်ဖို့တွေးမိသွားတဲ့ အထိပါပဲ။

အရင်ဆုံး ဂျပန်နိုင်ငံအတွင်းမှာ ရဲစခန်းကို တိုက်ခိုက်ခြင်း၊ ဘဏ်ဓားပြတိုက်ခြင်းနှင့် လုပ်ငန်းတွေကိုဗုံးဖောက်ခွဲမှုများကဲ့သို့သော ပြင်းထန်သော ရာဇ၀တ်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီး အသေအပျောက် အများအပြား ရှိခဲ့ပါတယ်။

အဲ့ဒီနောက် တည်ထောင်သူတွေက နိုင်ငံမှ ထွက်ပြေးကာ လက်ဘနွန်သို့ ဝင်ရောက်ပြီး PFLP (Popular Front for the Liberation of Palestine) နှင့် ပူးပေါင်းတိုက်ပွဲဝင်မည်ဟု ကတိပြုကာ အရှေ့အလယ်ပိုင်းတွင် လှုပ်ရှားမှုများကို စတင်ခဲ့ပါတယ်။

 

လေယာဥ်ကိုပြန်ပေးဆွဲပြီး၊ မြောက်ကိုရီးယားသို့

၁၉၇၀ခုနှစ်၊ Japanese Red Army လို့အမည်မခံခင်၊ JAL လေယာဥ်ကိုပြန်ပေးဆွဲ အပိုင်စီးပြီး ခရီးသည် ၁၂၂ယောက်၊ ဝန်ထမ်း ၇ယောက်ကို ဓားစာခံအဖြစ်ဖမ်းခေါ်ကာ မြောက်ကိုရီးယားကို ထွက်ပြေးခဲ့တဲ့ အမှုဖြစ်ပျက်ခဲ့ပါတယ်။

 

Tel Aviv Rod လေယာဥ်ကွင်းအမှုအခင်း

၁၉၇၂ခုနှစ်၊ Japanese Red Army ကလူ ၃ယောက်ဟာ အစ္စရေးနိုင်ငံ Tel Aviv မှာရှိတဲ့ Rod အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

၂၄ယောက်သေဆုံးပြီး၊ ၇၆ယောက် အပြင်းအထန်ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်မှုဖြစ်ခဲ့တာပါ။

 

ကွာလာလမ်ပူ အမှုအခင်းနှင့် လေယာဥ်ပြန်ပေးဆွဲခြင်း

Japanese Red Army က ၁၉၇၄ခုနှစ်ကနေ ၁၉၇၇ခုနှစ်အထိ ကြားထဲမှာ အမှုအခင်းအမျိုးမျိုးကို ကျူးလွန်ခဲ့ပြီး အဖွဲ့ဝင်တွေက တခြားနိုင်ငံအသီးသီးမှာ အဖမ်းခံခဲ့ရပါတယ်။

အခြေချုပ်နဲ့ အဖမ်းခံထားရတဲ့ အဖွဲ့ဝင်တွေကို လွတ်အောင်ကူညီဖို့ ရည်ရွယ်ပြီး၊ ၁၉၇၅ခုနှစ်မှာ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူရှိ အမေရိကန်သံရုံးကို သိမ်းပိုက်လိုက်ပြီး၊ ၁၉၇၇ခုနှစ်မှာ ပါရီကနေ တိုကျိုကိုသွားတဲ့ JAL လေယာဉ်ကို ပြန်ပေးဆွဲခဲ့ပါတယ်။

ဓားစာခံတွေကို ကယ်တင်ဖို့အတွက် နိုင်ငံတိုင်းက သံသယရှိသူတွေကို လွှတ်ပေးရပါတော့တယ်။

ထပ်ပြီးတော့ ဂျာကာတာ၊ အင်ဒိုနီးရှား၊ ရောမ၊ အီတလီနှင့် နေပယ်တို့မှာလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာ၊ ပြန်ပြီးလဲလှယ်ဖို့ အကြမ်းဖက်မှုတွေကို ပြန်လုပ်တာတွေ ဆက်ဖြစ်နေခဲ့ပါတယ်။

 

နောက်ဆုံးမှာတော့ နိုင်ငံကူးလက်မှတ်အတုနဲ့ ဂျပန်နိုင်ငံကို ပြန်လာခဲ့တဲ့ ထိပ်တန်းခေါင်းဆောင် ရှိဂဲနိုဘု ဟုဆခို ကို 2000 ခုနှစ်မှာ Osaka မှာ ဖမ်းဆီးခဲ့ပြီး Japanese Red Army ရဲ့အမှုကို ချက်ချင်းဖြေရှင်းခဲ့ပါတယ်။ ထို့နောက် ၂၀၀၁ ခုနှစ် ဧပြီလမှာ Japanese Red Army ကို ဖျက်သိမ်းကြောင်း ကြေငြာပြီး အဆုံးသတ်ခဲ့ပါတော့တယ်။

သို့သော်လည်း နိုင်ငံတကာ အလိုရှိ ရာဇ၀တ်ကောင် ခုနစ်ဦးကိုတော့ ဖမ်းဝရမ်း ထုတ်ထားဆဲ ဖြစ်ပါတယ်။

Japanese Red Army ကိုတည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရှိဂဲနိုဘု ဟုဆခို အကြောင်းက ပြောစရာပြန်ဖြစ်လာပါတော့တယ်။

သူမဟာ လက်ရှိ အကျဉ်းထောင်ထဲမှာ ထောင်ဒဏ်အနှစ် (၂၀) ​​ချမှတ်ခံထားရတာပါ။

ထောင်ထဲမှာ ပြဿနာမဖြစ်ရင် 2022 မှာ လွတ်လာပါတော့မယ်။

အခုလက်ရှိ ၇၆ နှစ်ရှိပါပြီ။

ကွန်မြူနစ်ဝါဒီအတွက် အရှိန်မလျှော့သေးတဲ့ ဖြစ်နိုင်ခြေ မြင့်မားနေလို့ပါပဲ။

 

ရဲတွေက သူမကို စောင့်ကြည့်မယ်လို့ ထင်ပေမယ့်၊ ဒီလောက်လုပ်ရင်တောင်မှ သူဘာလုပ်ဦးမှာလဲဆိုတာက တော်တော်လေး ကြောက်စရာကောင်းလှပါတယ်။ သူမကို ထောက်ခံသူ ဘယ်လောက်ရှိသလဲ၊ လက်နက်ကိုင်ဘယ်လောက်ရှိထားလဲ မသိပေမယ့်၊ 2022 မှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်လာမယ်လို့ ပြောလို့ရနေပါတယ်။

Kango Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: