“ပိုက်ဆံမရှိဘူး” ပြောတော့ ဘာမှမယူသွားတဲ့ ဓားပြ???

Seven Eleven ဆိုင်မှာ ဝန်ထမ်းကိုဓားပြတိုက်ခဲ့ပေမယ့်
“ပိုက်ဆံမရှိဘူး” ပြောတော့ ဘာမှမယူသွားတဲ့ ဓားပြ???
မနေ့ညက Ibaraki စီရင်စုရှိ Hokota မြို့က ကုန်စုံဆိုင်တစ်ခုမှာ အမျိုးသားတစ်ဦးဟ မီးဖိုချောင်သုံးဓားနဲ့ ဝန်ထမ်းဆီက ဓားပြတိုက်ဖို့ ကြိုးစားခဲ့ပေမယ့် တစ်စုံတစ်ရာမှ မယူလိုက်ရဘဲ ထွက်ပြေးသွားခဲ့ပါတယ်
ယမန်နေ့ ည ၁၀ နာရီကျော်ခန့်က Hokota မြို့ရှိ Seven-Eleven Hokota Kajiyama စတိုးဆိုင်မှာ အမျိုးသားတစ်ဦးက အသက် ၂၃ နှစ်အရွယ် ဝန်ထမ်းအမျိုးသားကို မီးဖိုချောင်သုံးဓားလို အရာတစ်ခု ပြပြီး “ မင်းမှာ ပိုက်ဆံရှိလား” လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဝန်ထမ်းအမျိုးသားက “ပိုက်ဆံမရှိပါဘူး” လို့ပြောလိုက်တော့ ဘာမှမယူဘဲ ပြေးထွက်သွားခဲ့တယ်လို့ဆိုပါတယ်
ဆိုင်ထဲမှာရှိနေတဲ့ ဈေးဝယ်အမျိုးသားတစ်ဦးက ကားပါကင်ဘက်ကို ထွက်လာပြီး 110 ကိုဖုန်းခေါ်လိုက်ရာမှာ အမှုအခင်း ဖြစ်ပွားခဲ့တာပါ။
ဈေးဝယ်အမျိုးသားရော ဝန်ထမ်းအမျိုးသားပါ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး။
ရဲတပ်ဖွဲ့၏ အဆိုအရ အဆိုပါ အမျိုးသားဟာ အသက် 30 မှ 40 အတွင်းရှိပြီး အရပ် 175 စင်တီမီတာခန့်ရှိကာ မီးခိုးရောင် အင်္ကျီ၊ အနက်ရောင် ခေါင်းစွပ်အင်္ကျီနဲ့ အနီရောင် လက်အိတ်ကို ဝတ်ဆင်ထားတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်ကို ဓားပြတိုက်ရန် ကြိုးပမ်းမှုအဖြစ် စုံစမ်းစစ်ဆေးနေပြီး လုံခြုံရေးကင်မရာမှ ရိုက်ကူးထားတဲ့ ထွက်ပြေးသွားသူကို ရှာဖွေနေကြောင်း သိရပါတယ်။
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: