နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ယာဉ်ထဲက တူနှစ်ကိုယ်ကိစ္စ

မေတ္တာမျှနေကြတဲ့အမျိုးသား၊ အမျိုးသမီး နှစ်ယောက်ဟာ အလုံပိတ်ယာဉ်ငယ်ထဲမှာ နှစ်ဦးတည်းရှိနေကြပါတယ်။
ပြီးတော့ အဲ့ဒီနေရာက လူအရောက်အပေါက်နည်းတဲ့နေရာဆိုရင် တူနှစ်ကိုယ်ကိစ္စတွေ ဖြစ်တတ်ကြပါတယ်။
ဒီလိုလုပ်တဲ့ကိစ္စဟာ ဒီဘက်ခေတ်မှာတင်မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ကတည်းက ရှိလာခဲ့တယ်ဆိုတာရော သိပါသလား။
အခုကနေ နှစ်ပေါင်း ၁၂၀၀ ခန့် ဟဲအိအန်းခေတ်ရဲ့ မင်းမျိုးမင်းနွယ်လောက။
အဲ့ဒီအချိန်ကတည်းက ယာဉ်ထဲမှာ ဟိုလိုကိစ္စတွေဟာ ရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း မော်တော်ယာဉ်တွေမရှိသေးတာမလို့ အောက်ကလိုယာဉ်တွေမှာ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

https://intojapanwaraku.com/culture/

နွားကဆွဲပေးတဲ့ နွားလှည်းယာဉ်ဖြစ်ပါတယ်။
အခုခေတ်ကားနဲ့ ယှဉ်ကြည့်တော့ ဘယ်လိုပါလဲ။
အပြင်ကနေ မမြင်ရတာက နည်းနည်း စိတ်လှုပ်ရှားစေပါတယ်။
ဒါပေမယ့် မှန်တွေဘာတွေမရှိတာကြောင့် အသံကတော့ လုံမှာမဟုတ်ပါဘူး။
မင်းမျိုးမင်းနွယ်တစ်ယောက်ဟာ ဒီလိုရေးသားခဲ့ဖူးပါတယ်။ ယနေ့ခေတ်စကားနဲ့ဆိုရင်တော့

လူတွေ ဆိတ်ငြိမ်နေချိန်မှာ အမျိုးသားတစ်ဦးဟာ ယာဉ်ကို စီးပြီး ချစ်ခြင်းအကြောင်းကို တီးတောပြောကာ ခန္ဓာကိုယ်ခြင်း အပ်လိုက်ကြတယ်။

ဒါကတော့ တခြားဇာတ်လမ်းတစ်ပုဒ်ပါ။
ဆွေမျိုးအိမ်က နွားလှည်းရပ်တဲ့နေရာက နွားလှည်းယာဉ်ပေါ်က အကြောင်းဖြစ်ပါတယ်။
မင်းမျိုးမင်းနွယ်အိမ်ဖြစ်တာကြောင့် အစောင့်အမျိုးသားတွေက ကင်းလှည့်နေကြပါတယ်။
တွေ့သွားမှာလည်းစိုးရိမ်ရတဲ့ ရင်ခုန်ခြင်းမျိုးကို နှစ်သက်ကြတာလားမသိပါဘူး။
ဒီလိုကိစ္စမျိုးကို စတင်ဖြစ်ပေါ်စေတဲ့အမျိုးသမီးကတော့ အိဇုမိ ရှိခိဘုလို့ခေါ်တဲ့ အမျိုးသမီးဖြစ်ပါတယ်။
ယောက်ျားတွေနဲ့ ထိတွေ့မှုကြောင့် ကျော်ကြားတဲ့ လှည့်စားတတ်တဲ့အမျိုးသမီးဖြစ်ပါတယ်။
သာမန်အခြေအနေတွေက သူမကို စိတ်မလှုပ်ရှားစေတာကြောင့် ဒီလိုလုပ်ရတာလားတော့မသိပါဘူး။

ကားထဲမှာ တူနှစ်ကိုယ်ကိစ္စလုပ်ပြီး သတင်းပေါက်ကြားသွားတဲ့ နာမည်ကျော်တစ်ယောက်ကို ကြည့်ပြီး လူကြီးတွေက “ အခုတလော လူငယ်တွေက ဘယ်လိုဟာတွေလဲမသိပါဘူး” လို့ ပြောကြပါတယ်။
ဒါက နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိတဲ့ ကိစ္စဖြစ်ကြောင်း မသိကြဘူးလို့ထင်ပါတယ်။
အခုမှ ဖြစ်နေတဲ့ကိစ္စမဟုတ်ပါဘူးလို့။
ဒါကြောင့် ငယ်သူတွေကိုပဲ အပြစ်မတင်ပါနဲ့နော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: