အလုပ်မလုပ်တဲ့သားသမီးနဲ့ မိဘကြားကဆက်ဆံရေး

NEET ဆိုတဲ့ စကားလုံးရှိပါတယ်။။

အရှည်က Not in Education, Employment or Trainingပါ။

ကျောင်းသားလည်းမဟုတ်ဘဲနဲ့ အလုပ်လည်းမလုပ်တဲ့ အလုပ်မရှိအကိုင်မရှိလူမျိုးကို ခေါ်တာပါ။

 

အိမ်မှာဘဲ animeကာတွန်းကြည့်လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အိမ်ထဲကမထွက်ကြတာပါ။

အလုပ်လည်းမလုပ်ဘဲ မိဘကိုလည်း ဘာတစ်ခုမှလုပ်ကူတာမျိုးမရှိပါဘူး။

 

မိဘကိုလည်း စိတ်ပူစေပါတယ်။

မိဘအသက်ရှင်နေတုန်းတော့ မိဘကကျွေးမွေးထားတဲ့အတွက် ပြသာနာမရှိဘူးလို့ တွေးကောင်းတွေးနိုင်ပေမယ့် မိဘမရှိတော့တဲ့အခါ ဘယ်လိုမျိုး ရပ်တည်သွားမလဲ။

 

 

၀မ်းနည်းစရာ အဖြစ်အပျက်လေးတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။

 

ဂျပန်နိုင်ငံ၊ ဟိုကိုင်းဒိုးပြည်နယ်မှာ နေထိုင်တဲ့ အသက်၄၃နှစ်အရွယ်မိခင်က အလုပ်မလုပ်ဘဲ အိမ်မှာဘဲနေနေတဲ့ အသက်၂၀အရွယ်သားဖြစ်သူရဲ့ လည်ပင်းကို ဓါးနဲ့ထိုးလိုက်တဲ့

အဖြစ်အပျက်ပါ။

 

၁၀စင်တီမီတာလောက်ရှိတဲ့ ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ်ကတော့

မစိုးရိမ်ရပါဘူး။

https://www.excite.co.jp/News/photo_news/p-10511699/

 

သားကိုဓားနဲ့ထိုးပြီးတော့ မိခင်ကရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။

 

 

သားဖြစ်သူက ဘာအလုပ်မှမလုပ်တဲ့အတွက်

အလုပ်လုပ်ဖို့‌ပြောဆိုဆုံးမနေရင်းကနေ စိတ်မထိန်းနိုင်ဘဲ ထိုးမိသွားတယ်လို့ ၀န်ခံပါတယ်၊

 

 

 

ကိုယ်မွေးထားတဲ့ သားကိုမုန်းတီးလို့ ဓားနဲ့ထိုးလိုက်တာတော့ မဖြစ်နိုင်ပါဘူး။

 

မိခင်က အချိန်ပိုင်းအလုပ်လုပ်ပြီး အိမ်အသုံးစရိတ်ကိုလောက်ငှအောင် မနည်းရုန်းကုန်နေရရှာပါတယ်။

လေးလေးနက်နက်ဆိုဆုံးမသော်ငြားလည်း စကားနားမထောင်ခဲ့ပါ။

ထိခိုက်ဒဏ်ရာရတာနဲ့တင်ပြီးသွားတဲ့အတွက် အရမ်းကြီးလေးတဲ့ ပစ်ဒဏ်မျိုးမဖြစ်လောက်ဘူး လို့ထင်ရပါတယ်။

ဒါပေမယ့် နောက်နောင် သူတို့နှစ်ယောက်ဟာ ဘယ်လိုနေထိုင်သွားကြမလဲဆိုတာတော့

ရင်လေးစရာပါ။

 

 

ဒီလိုဖြစ်သွားလို့ သားဖြစ်သူက လိမ္မာပြီး အလုပ်လုပ်သွားမယ်လို့တော့ မထင်ဘူးနော်။

မိခင်ရဲ့  သောကက နောက်နောင်လည်းဆက်ဖြစ်သွားအုံးမှာပါလား။

 

ဒီလိုမျိုးလူတွေလည်း ဂျပန်မှာ တော်‌တော်များများရှိနေပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: