ဂျပန်ရဲ့ လမ်းတွေက ဘာကြောင့် ဘယ်ဘက်ခြမ်းမှာရှိနေကြလဲ ဆိုတော့ ?????

ဂျပန်ရဲ့ လမ်းတွေက ဘယ်ဘက်မှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံ အပြင် ဘယ်မောင်းလမ်းကြောင်းတွေရှိတဲ့ နိုင်ငံတွေလည်းရှိပါတယ်။

အဲ့ဒါက ဘယ်လောက်စီရှိလဲဆိုတော့ …..

၁၆၃ နိုင်ငံမှာ ညာမောင်းနဲ့ ၇၆ နိုင်ငံ က ဘယ်မောင်းဖြစ်ပါတယ်။

အဲ့ဒီအတွက်ကြောင့် ဘယ်မောင်းက အနည်းစုပဲ ရှိပါတယ်။

 

နောက်ထပ် လမ်းရဲ့ စုစုပေါင်း အကွာအဝေးကို ကြည့်လိုက်ကြရအောင်။

ကမ္ဘာပေါ်မှာရှိတဲ့ လမ်းတွေရဲ့ စုစုပေါင်း အကွာအဝေး ရဲ့ ၉၀ ရာခိုင်နှုန်းက ညာဘက်မှာပဲဖြစ်ပါတယ်။

ဂျပန်လိုမျိုးလမ်းတွေက ဖွံ့ဖြိုးတိုးတက်လာတဲ့ နိုင်ငံတွေကလည်း တကယ်တော့ ညာမောင်းတွေပဲဖြစ်ပါတယ်။

ကားတွေက အမေရိကန်ရဲ့ ယဥ်ကျေးမှုကနေ ဂျပန်ကို ဝင်ရောက်လာခဲ့ပေမယ့် အဲ့အချိန်တုန်းကဘာကြောင့် ညာမောင်းကို မရွေးချယ်ခဲ့ရတာလဲ?

အဲ့ဒီမှာ ဆာမူရိုင်းတွေရဲ့ ဓလေ့တွေ ပါဝင်နေပါတယ်။

 

လက်သန်တဲ့ဘက်နဲ့ ညာမောင်း နဲ့ က ဆက်နွယ်မှုရှိပါတယ်။

တော်တော်များများက ညာသန်တွေများတယ်ဆိုတာက အားလုံးသိကြတဲ့ အတိုင်းပါပဲ။

ညာသန်တဲ့အခါမှာ ညာဘက်လက်ကို ရွေ့လျားဖို့ အတွက်နေရာကျယ်ကျယ်ရှိတာက ပိုကောင်းပါတယ်။

နောက်ပြီးတော့ ဟိုးအရင်ဆာမူရိုင်းတွေက ဘယ်သန်တွေကို ညာသန်ဖို့ အတွက် ခိုင်းစေခံခဲ့ကြရပါတယ်။

အဲ့ဒီအတွက်ကြောင့် ဘယ်လက်နဲ့ ဓားကိုင်ပြီး ညာဘက်နဲ့ ဆွဲထုတ်ပါတယ်။ အဲ့ဒါက ဆာမူရိုင်းတွေရဲ့ အခြေခံပဲဖြစ်ပါတယ်။

အရင်တုန်းက ခရီးသွားတာက အရမ်းကို အန္တရာယ်များပါတယ်။

https://mag.japaaan.com/archives/83470

 

လမ်းမှာ ဓားပြတိုက်တာတွေရှိပါတယ်။

အဲ့ဒီအတွက် ဘယ်တော့မဆို ဓားထုတ်ဖို့မပြင်ထားလို့မရပါဘူး။

ဒီလိုဆိုရင် ဘယ်ဘက်ကနေလျှောက်တာ အကောင်းဆုံးဖြစ်ပါတယ်။

 

တကယ်တော့ ကမ္ဘာပေါ်မှာ ရှေးဟောင်းအီဂျစ်ရဲ့ လမ်းတွေက ဘယ်ဘက်တွေဖြစ်ခဲ့တယ်လို့ပြောပါတယ်။

 

https://mag.japaaan.com/archives/83470/2

 

ရောမအီဂျစ်ရဲ့ ဖောက်လုပ်ခဲ့တဲ့ လမ်းတွေကို အတည်ပြုရမယ်ဆိုရင် ဘယ်ဘက်လမ်းတွေဖြစ်ခဲ့တဲ့ အထောက်အထားတွေရှိပါတယ်။

အဲ့ဒါက အီဂျစ်ရော ဂရိရော အတူတူပါပဲ။

အရင်တုန်းကလူတွေ အများစုက ဘယ်ဖက်ကနေလျှောက်တာများပါတယ်။

 

 

ဒါဆိုဘာလို့အခု လမ်းရဲ့ ၉၀ ရာခိုင်နှုန်းက ညာဘက်တွေဖြစ်သွားရတာလဲ?

 

အဲ့ဒါကို နပိုလီယံဘိုနာ ကပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။

https://mag.japaaan.com/archives/83470/2

 

1792 ခုနှစ် ပြင်သစ်နိုင်ငံမှာ ညာဘက်ကနေသွားဖို့ ဥပဒေထုတ်လိုက်ပါတယ်။

ပြီးတောသူသိမ်းပိုက်လိုက်တဲ့ ကိုလိုနီနိုင်ငံတွေကို  ညာဘက်လမ်းတွေအဖြစ်ပြောင်းလဲလိုက် ပါတယ်။

သူက မသိမ်းပိုက်ရသေးတဲ့နိုင်ငံတွေ ဥပမာ အင်္ဂလန်နိုင်ငံ နဲ့ ကိုလိုနီနိုင်ငံ ပြီးတော့ ဂျပန်နိုင်ငံ တွေက ဘယ်ဘက်လမ်းတွေအနေနဲ့ ကျန်ရှိနေပါတယ်။

ဘာကြောင့် နပိုလီယံက အဲ့လိုပုံသေပြုလုပ်ခဲ့တာလဲ ဆိုတာက မသေချာပေမယ့် သူက ဘယ်သန်ဖြစ်ခဲ့တဲ့ ပုံပါပဲ။

ကိုယ့်အတွက်ကိုယ်ကိုက်ညီအောင်လုပ်ခဲ့တာ မဟုတ်ဘူးလား ? ?

 

ဒီလိုဆိုရင် ဂျပန်နိုင်ငံက ဆာမူရိုင်းတွေ အမြဲတမ်းကိုင်ဆောင်ထားတာကနေ ဘယ်ဘက်လမ်းတွေ ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်မှာ ဓားကို ကိုင်ပြီး ညာဘက်ကနေသွားရင် ဓားကိုကိုင်တဲ့ဖက်က တခြားစီဖြစ်နေမှာ ဖြစ်ပါတယ်။

အဲ့လိုမျိုးတွေလည်းရှိတဲ့အတွက် ဂျပန်မှာ ဘယ်ဘက်ကနေပဲသွားကြတာဖြစ်ပါတယ်။

ဂျပန်ရဲ့ လမ်းတွေဟာ  ဘယ်ဘက်အနေနဲ့ ရှိနေတယ်ဆိုတာက ဆာမူရိုင်းတွေရဲ့ ယဥ်ကျေးမှု အမွေတစ်ခု လို့ပြောလို့ရပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: