တရုတ်ခြင်္သေ့အက ဂျပန်ဗားရှင်း

အသံအကျယ်ကြီးနဲ့တီမှုတ်ပြီး ကခုန်နေတဲ့ Lion Dance ကိုတရုတ်နှစ်သစ်ကူးတွေမှာတွေ့ဖူးကြလိမ့်မယ်ထင်ပါတယ်။

မင်္ဂလာရှိတဲ့အခါ ဂုဏ်ပြုခြင်းရဲ့ သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။

တကယ်တော့ ဒါဟာ ဂျပန်ဗားရှင်းလည်းရှိတယ်ဆိုတာကို သိပါသလား ?

ဒီလိုပုံစံမျိုးပါ။

တူသလိုလို…. မတူသလိုလိုပါပဲ ….

ဘယ်လိုကလဲဆိုတာကတော့ ဒီဗီဒီယိုထဲမှာကြည့်လိုက်ပါနော်…

https://www.youtube.com/watch?v=oen5n6eR7ok

ကြောက်စရာကြီးနော်…

အစပိုင်းနားက ၃ မိနစ်လောက်ကနေတာ တွေ့လိုက်လား။

အိုးစည်ကြီးတွေတီးပြီး ခြင်္သေ့ကြီးတွေကတယ်ဆိုတဲ့ အခြေခံသဘောတရားအရ အတူတူပဲဆိုပေမယ့် ဂျပန်ရဲ့တီးလုံးနဲ့ တရုတ်တွေရဲ့ပုံစံအတိုင်းပါပဲ။

နောက်ပြီး တစ်ယောက်တည်းကတယ်ဆိုတဲ့ အချက်မှာလည်းကွာခြားမှုရှိပါတယ်။

ဂျပန်နိုင်ငံမှာလည်း နှစ်သစ်ကူးပွဲတွေမှာနာမည်ကြီးပြီး အရင်တုန်းကတော့သိပ်မတွေ့ဖူးပါဘူး။

နောက်ပြီး နည်းနည်းပိုထူးခြားတာလေးနဲ့ မိတ်ဆက်ပေးပါမယ်။

အိုကီနာဝါဗားရှင်းပါ။ ကြည့်လိုက်ပါဦးနော်။

https://www.youtube.com/watch?v=ca4lVWDFd1g

နှစ်ယောက်အတူတူကတာကတော့ တရုတ်တွေနဲ့ အတူတူပဲနော်…

လှုပ်ရှားမှုတွေနဲ့ သံစဥ်တွေကတော့ သပ်သပ်စီပါပဲ။

ဘယ်လိုလဲ … ဒီလိုအမွေးတွေနဲ့ကလေ တကယ်တော့…..ကြောက်စရာကြီးနော်…

ဂုဏ်ပြုချင်တာမှန်ပေမယ့်လည်း မျက်စိရှေ့မှာမြင်လိုက်ရမယ်ဆိုရင်တော့ သေချာတယ်အဲ့ဒီနေ့အိမ်မက်ဆိုးမက်လောက်ပြီ။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: