အထူးတိုက်ခိုက်ရေးတပ်ခွဲနဲ့ ချောကလက်/ လမ်းမှားလျှောက်နေခဲ့တဲ့ ဂျပန်

ဂျပန်တွေကြုံတွေ့ခဲ့တဲ့ ဒုတိယကမ္ဘာစစ်

အမေရိကန်နဲ့ ဖြစ်ခဲ့တဲ့စစ်မှာဆိုရင် အရမ်းဆိုးဝါးလွန်းလို့ အဆုံးသတ်မှာ အရူးတွေလို ဖြစ်ခဲ့တာပါပဲ

 

ဒါကတော့ ခမိခဇဲ အထူးတိုက်ခိုက်ရေးတပ်ခွဲပါပဲ

https://nordot.app/798767547706327040

 

အသွားတစ်ခေါက်စာပဲ ဆီထည့်ပြီး လေယာဥ်မှာဗုံးဆင်ခဲ့တယ်

ပြီးတော့အသေခံဗုံးခွဲခဲ့တဲ့ တိုက်ပွဲတစ်ခု

 

အမေရိကန်သင်္ဘောတွေအထိနာခဲ့ပြီး မြုပ်သွားတာက ၅၅စင်း၊ ပျက်စီးသွားတာက ၁၉၈စင်းနဲ့ သေဆုံးသူ ၈၀၆၄ ယောက်၊ ဒဏ်ရာရသူ ၁၀၇၀၈ ရှိခဲ့ပါတယ်

 

တစ်ဖက်မှာလည်း ဂျပန်စစ်တမ်က ရေတပ်သားအပါအဝင် ၃၉၄၈ယောက် သေဆုံးခဲ့ရပါတယ်

 

KAMIKAZE Attack!!

 

ဒီတိုက်ခိုက်မှုကို အမေရိကန်က ဒီလိုနာမည်ပေးခဲ့တာပါ

တော်တော်ကို ဆိုးဝါးတဲ့တိုက်ခိုက်မှုလို့လည်း သတ်မှတ်ခံရပြီး

နောက်ကွယ်က လမ်းမှားပို့ခဲ့တဲ့ စစ်တပ်ရဲ့လွှမ်းမိုးမှုကြောင့် ဖြစ်ခဲ့ရတာပါ

 

လျှို့ဝှက်ချောကလက်စက်ရုံ

ကျောင်းသူတစ်ယောက်ကို အသင့်ထုတ်နံရံတွေနဲ့ လွယ်လွယ်ကူကူဆောက်ထားတဲ့ စက်ရုံတစ်ခုကို ခေါ်လာခဲ့တယ်

စစ်သားတွေကိုပေးဖို့ ချောကလက်လုပ်ရတဲ့ အလုပ်ကိုလုပ်ဖို့လို့ ဆိုပါတယ်

 

15cm ရှည်တဲ့ချောကလပ်ချောင်းကို စက္ကူနဲ့ထုပ်ပေးရပြီး

စလုပ်တဲ့နေ့မှာပဲ အတန်းကြီးကတစ်ယောက်က ကျောင်းခေါင်မိုးပေါ်ခေါ်ပြီး ဒီချောကလက်ကို စားစမ်းလို့ပြောခဲ့ပါတယ်

သူမက ချမ်းသာတဲ့အိမ်မှာမွေးခဲ့ပေမယ့်လည်း ချောကလက်ဆိုတာက အမြဲစားနေရတာတော့ မဟုတ်ဘူးပေါ့လေ

ပျော်သွားပြီး စားလိုက်တာနဲ့ တစ်ကိုယ်လုံး ပူလာခဲ့ပါတယ်

 

အထူးတိုက်ခိုက်ရေးတပ်ခွဲက နောက်ဆုံးစားသွားတဲ့ ချောကလက်မှာလည်း တစ်ခုခုပါနေခဲ့တယ်

လို့ သူ့စီနီယာကပြောခဲ့ပါတယ်

 

ဒီချောကလက်မှာ စိတ်ကြွဆေးပါနေတာပါ

စစ်ပွဲအတွင်း ဟီရိုပွန် လို့ခေါ်တဲ့ ဆေးတစ်မျိုးကို ဂျပန်မှာ “ ပင်ပန်းနွမ်းနယ်မှုကို ယူပစ်သလို သက်သာစေတဲ့ မှော်ဆန်တဲ့ဆေး” အဖြစ် ဈေးကွက်တင်ရောင်းချခဲ့ပါတယ်

စိတ်ကြွဆေးပါပဲ

ဟီရိုပွန်တွေပါနေတဲ့ ချောကလက်ကို သူမကထုပ်ပို’ပေးခဲ့တာပါ

 

စိတ်ကြွဆေးပါနေတာက ချောကလက်မှာတင်ပဲမဟုတ်ပါဘူး

“ Genkizake” လို့ခေါ်တဲ့ အရက်တစ်မျိုးကို လေတပ်စစ်သားတွေကို ‌တိုက်ခဲ့ပါတယ်

စိတ်ကြွဆေးပါနေတဲ့ အရက်တွေပါ

နှုတ်ဆက်ပွဲမှာ အရက်ထဲ စိတ်ကြွဆေးတွေ လောင်းထည့်ထားတာ လို့ပြောကြပါတယ်

 

နိုင်ငံအတွက်၊ မိသားစုအတွက်၊ ချစ်ရတဲ့သူတွေအတွက် အသက်ပေးသွားတဲ့ တပ်စု

စစ်သားမို့အသက်ပေးတာမဆန်းပေမယ့် အရမ်းကိုကြောက်လန့်ခဲ့ရမှာကတော့ အမှန်ပါပဲ

စိတ်ကြွဆေးတွေသုံးပြီး လုပ်ခဲ့တဲ့ ဂျပန်စစ်တပ်ကတော့ ယုံနိုင်ဖွယ်မရှိပါဘူး

လမ်းမှားရောက်ခဲ့တာပါပဲ

 

ကမ္ဘာကပါ မထင်ထားတဲ့ တိုက်ချက်နဲ့ လုပ်ရပ်ပါပဲ

ဒီလိုစစ်ပွဲမျိုး ထပ်မမြင်ချင်တော့ပါဘူး

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: