အလွယ်ကူဆုံး Detox

ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ အဆိပ်အတောက်နဲ့၊ မလိုအပ်တဲ့ အရာတွေကို ဖယ်ထုတ်ပေးတာကို Detoxလို့ ခေါ်ပါတယ်။
ဒီလို လုပ်ခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းစေပြီး၊ ရလဒ်အနေနဲ့ အသားအရေကိုလည်း ပိုကောင်းလာစေ ပါတယ်။

ဒီတစ်ခေါက်ရဲ့ Detox Waterက ပြုလုပ်ရတာလည်း လွယ်ပါတယ်။
သောက်ရုံနဲ့တင် OKပါတယ်။
ပိုက်ဆံက လုံးဝ မကုန်ကျပါဘူး။

Diet အတွက်လည်း အသုံးချနိုင်တယ်ဆိုတဲ့အတွက် အရမ်းမိုက်ပါတယ်!

အခုပဲ ပြုလုပ်နည်းကို မိတ်ဆက်ပါမယ်။

ပြင်ဆင်ထားရမယ့် အရာတွေက ဒါတွေပါ။

 

https://www.excite.co.jp/News/woman_clm/20180511/Bibeaute_236429.html

ရုံးပတီသီး ၅ချောင်း။ ရေ ၁၀၀〜၁၈၀ စီစီ

<ပြုလုပ်နည်း>
၁။ ရုံးပတီသီးကို သန့်စင်အောင် ဆေးကြောပါမယ်။
၂။ ရုံးပတီသီးရဲ့ အညှာ(ရိုးတံမှာ ကပ်နေတဲ့အရာ)ကို လှီးပါမယ်။
၃။ လှီးထားတဲ့ အပိုင်းက အောက်ကို ရောက်အောင် ရုံးပတီသီးကို ရေစိမ်ပါမယ်။
ဒါဆိုရင် ပြီးပါပြီ။

 

https://www.excite.co.jp/News/woman_clm/20180511/Bibeaute_236429.html
၈〜၁၂နာရီကြာ၊ ရေခဲသေတ္တာထဲ ထည့်ထားပြီး၊ အဲ့ဒီနောက် သောက်ရုံတင်ပါပဲ။

မနက်ခင်း၊ အစာမစားခင်မှာ သေချာ ရောမွှေပြီးမှ သောက်ပါ။
သုံးပြီးသား ရုံးပတီသီးက ဟင်းချက်ရာမှာ အသုံးပြုနိုင်တဲ့အတွက် အလဟဿ မဖြစ်ပါဘူး။

ရုံးပတီသီးရဲ့ အနံ့ကို မကြိုက်ဘူးဆို ရင်တော့ ရှောက်သီးနဲ့ ဂျင်းရဲ့ ညှစ်ထားတဲ့ အရည်ကို နည်းနည်း ထည့်တာတွေ၊ ပျားရည်၊ ဝါဆာဘိစတာတွေကို ထည့်လည်း ရပါတယ်

ဘယ်လို အကျိုးသက်ရောက်မ မှု ရှိလဲလို့ ဆိုရရင်、、、

ရုံးပတီသီးရဲ့ အနှစ်အစေးတွေကြောင့် ဗိုက်ပြည့်တယ်လို့ ခံစားရစေတဲ့အတွက် အစားလွန် ခြင်းကို တားဆီးနိုင်ပါတယ်။
ရုံးပတီသီးမှာ ပါဝင်တဲ့ ဓာတ်တွေက သွေးသကြားဓာတ် တက်လာခြင်းကို ကာကွယ်ပေး ပါတယ်။
သွေးရည်ကို သန့်စင် ကြည်လင်စေတဲ့အတွက်၊ သွေးလည်ပတ်မှု မကောင်းခြင်းကြောင့် ဖြစ်ပေါ် တဲ့ အရေပြား ခြောက်သွေ့ခြင်းကိုလည်း ကုသပေးပါတယ်။
အစာအိမ်တွင်းကိုလည်း သန့်စင်ပေးပြီး၊ သကြားဓာတ်နဲ့ အဆီဓာတ်တွေ စုပ်ယူခြင်းကို ထိန်းချုပ် ပေးပါတယ်။
ခန္ဓာကိုယ်အတွင်းက ပိုနေတဲ့ ဆားဓာတ်ကို ဖယ်ထုတ်ပေးပါတယ်။
အစာအမျှင်တွေက ဝမ်းချုပ်ခြင်းကိုလည်း ဖြေရှင်းပေးပါတယ်။

ဒီလောက်တောင်လား??

လို့ ဆိုရလောက်အောင် အကျိုးသက်ရောက်မှု ရှိပါတယ်။
အထူးတလည် ထူးဆန်းတဲ့အရာတွေကို သုံးတာမျိုးလည်း မဟုတ်ပဲ၊ ဘာပဲဖြစ်ဖြစ် ပိုက်ဆံရော အချိန်ရော လုံးဝ မကုန်ပါဘူး။

ဒီ Detox လေးကိုစမ်းသပ်လုပ်ကြည့်လိုက်အုံးနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: