ပါရမီရှင် Shimura လိုချင်ခဲ့တဲ့ နောက်ဆုံးအရာ !!!!!!

ဂျပန်ရဲ့အနုပညာရှင်လောကမှာ ထိပ်ဆုံး၌အနှစ် ၅၀ စိုးစံခဲ့တဲ့ ဟာသဘုရင်Ken ဟာ ၂၀၂၀ ခုနှစ်မှာပဲ Covid-19 ကြောင့် ကွယ်လွန်သွားရသည်ကို တော်တော်များများသိကြမှာပါ။

https://www.nikkei.com/article/DGXMZO57387450Q0A330C2CC0000/

လုပ်ငန်းခွင်မှာ ကြီးမားတဲ့ အောင်မြင်မှုနဲ့ ရပ်တည်ပြီး ဂျပန်မှာ သူ့ကိုသိတဲ့သူဟာ ၁၀၀% နီးပါးရှိပါတယ်။

နိုင်ငံရပ်ခြားမှာဆို ဒီလောက် လူသိများတဲ့သူကိုရှာဖွေရန်ခက်ခဲလှပါတယ်။သူ့ရဲ့ရာထူး၊ ဂုဏ်သိက္ခာနှင့်ငွေတွေပိုင်ဆိုင်ရရှိခဲ့ပြီး သူဟာ တစ်သက်လုံး တစ်ကိုယ်တည်းနေခဲ့ပါတယ်။

များသောအားဖြင့် အမျိုးသမီးများနှင့် ပတ်သက်တဲ့ကောလာဟလများရှိခဲ့သော်လည်း လက်မထပ်ပဲ လူပျိုကြီးပဲ နေခဲ့ပါတယ်။သူ့အနားပတ်ဝန်းကျင်နားကသူတွေကတော့ သူအရမ်းကြိုက်တဲ့ အရက်နဲ့ စီးကရက်တွေကို မရပ်ဘဲ လွတ်လွတ်လပ်လပ်နေထိုင်ခဲ့တဲ့သူ လို့ မြင်ကြပါတယ်။

ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကဘာများလဲ?

သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း၊ ကလေးဘဝတည်းကသူငယ်ချင်းတစ်ဦး ဖြစ်ခဲ့သူသည် Shimura နှင့် မိတ်ဆွေဖြစ်ခဲ့သည်မှာ အနှစ် ၆၀ ကျော်ပြီဖြစ်ပါတယ်။

Mr. Shimura ဟာ သူ့သူငယ်ချင်းရဲ့ ရှေ့တွင် သူ့ရဲ့ပင်ကိုယ်စိတ်နှလုံးသားကိုပြသခဲ့ပါတယ်။သူပြောခဲ့တဲ့တာတွေကို ဘာသာပြန်ပြီး တစ်ဆင့်ပါးလိုက်ပါတယ်။Shimura ဟာ အလုပ်များတဲ့သူတစ်ယောက်ပါ။

နှစ်သစ်ကူးကာလအတွင်းသာ သူ့ဇာတိမြို့သို့ ပြန်သွားလည်တတ်ပြီး ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ဖုန်းအဆက်အသွယ်ရှိကြတဲ့အပြင် တစ်ယောက်ရဲ့အိမ်မှာအမြဲသောက်လေ့ရှိပါတယ်။

Shimura ရဲ့မိခင် (၂၀၁၅ ခုနှစ်တွင်ကွယ်လွန်ခဲ့သည်) နေကောင်းတဲ့အခါတုန်းကဆိုရင်၊
Shimura, Shimura ရဲ့အမေ၊ ကျွန်တော်တို့ လင်မယား နှစ်‌ယောက်ရယ်၊ ၄ယောက်အတူတူ အမေ့ရဲ့ အိမ်ချက်လက်ရာကို ဝိုင်းကူချက်ပြုတ်စားသောက်ရင် နှစ်သစ်ကူးလေ့ရှိပါတယ်။

အဲတုန်းကတော့ ဘာမှ မဟုတ်ပေမယ့် အခုစဉ်းစားလိုက်ရင်တော့ အဲတုန်းက အချိန်ဟာ အဖိုးတန်အချိန်ပါပဲ။မကြာသေးမီကလည်း သူ တိုကျိုအိုလံပစ်မှာ မီးရှုးတိုင်တန်ဆာသယ်ဆောင်သူအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဒရာမာရိုက်ကူး‌ရေးလည်း ရှိတယ်လို့ သိရတာနဲ့ အလုပ်များနေတဲ့အချိန်မှာ သူ့ကိုနှောင့်အယှက်မပေးသင့်ဘူးလို့ စဉ်းစားပြီး သူနဲ့အဆက်အသွယ်မလုပ်ဖြစ်ခဲ့ပါဘူး။လွန်ခဲ့တဲ့ သုံးနှစ်ခန့်လောက်က နှစ်သစ်ကူးနေ့မှာ Shimura ကျွန်ုပ်အိမ်ကို တစ်ယောက်တည်းလာခဲ့သေးတယ်။

အဲဒီအချိန်မှာ ကျွန်တော်က အများသုံးရေချိုးတဲ့နေရာကို ‌ရေချိုးဖို့သွားနေတဲ့အချိန်၊
Shimura က ကျွန်တော့်ဇနီးနဲ့အတူ အများသုံးရေချိုးကန်ကိုလာကြိုပြီး ကျွန်တော့်ကိုလာခေါ်သွားတယ်။ကျွန်တော့်ပတ်၀န်းကျင်ကလူတွေတောင်အံ့သြသွားတယ်လေ။

မည်သို့ပင်ရှုမြင်ပါစေ၊ သူက Ken Shimura ဖြစ်နေတာကိုး။
အဲဒီနောက်မှာအိမ်ပြန်ပြီး နှစ်ယောက်သား အေးအေးဆေးဆေး သောက်ခဲ့ပါတယ်။Shimura ကအလုပ်အကြောင်းဘယ်တော့မှမပြောဘူး၊ ကျွန်တော်လည်း ကြားဖို့တောင်မကြိုးစားခဲ့ဖူးဘူး။

အကယ်၍ ဟာသလောကမှာ ထိပ်ဆုံးဆိုတဲ့သူတစ်ဦးကို “ Shimura, ဒါအံ့သြစရာပဲ!” လို့ပြောရင် မိတ်ဆွေသူငယ်ချင်းအနေနဲ့ ဆက်ဆံရတာ အဆင်သိပ်မပြေဘူးလို့ထင်မိခဲ့လို့ပါ။
ဒီလို အနုပညာရှင်တစ်‌ယောက်အနေနဲ့ ဆက်ဆံမိရင် ရင်းနှီးမှုလည်း ရှေ့ဆက်ဖို့ ခက်တယ်လို့ တွေးမိခဲ့လို့ပါ။
တဖြည်းဖြည်းသောက်ပြီးတဲ့နောက်မှာတော့ ကျွန်တော့်ဇနီးကပြုလုပ်တဲ့ udon ကိုစားလိုက်တယ်။

Shimura ဒီ udon ကိုအရမ်းကြိုက်တာလေ။

 

https://www.shikoku-np.co.jp/udon/shop/23

 

နောက်တဖန် ထပ်သောက်ကြတယ်။ ညဉ့်နက်တဲ့အခါမူးသွားကြပြီ။

Shimura က ညီအစ်ကိုသုံးယောက်မှာအငယ်ဆုံးပါ။အဖေကကျောင်းဆရာတစ်ယောက်ဖြစ်ပြီး ဂျူဒိုဆရာတစ်ယောက်ပါ။

သူကအရမ်းကြောက်စရာကောင်းတယ်လို့ပြောတယ်။သူ့အဖေက မော်တော်ဆိုင်ကယ်မတော်တဆမှုတစ်ခုမှာ မှတ်ဉာဏ်ပြဿနာများ ခံစားရပြီး အသက် ၅၄ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Shimura ဟာ Drifters အုပ်စုတွင်ပါ၀င်ခဲ့သည်ကိုပင်မသိဘဲ ထိပ်တန်းကြယ်တစ်ပွင့်ဖြစ်လာခဲ့ပါတယ်။ယခုထိတိုင် သီးသန့် ကိုယ်ရေးကိုယ်တာအကြောင်း စကားမပြောဖူးတဲ့ Shimura က ဒီလိုပြောခဲ့ပါတယ်။

အမြဲတမ်းမုန်းခဲ့ပေမဲ့ အဖေနဲ့အတူ သောက်ချင်ခဲ့တယ်။
ဒါဟာမဖြစ်နိုင်တဲ့အိပ်မက်တစ်ခုဆိုပေမယ့် . . .သူ့အဖေရဲ့ သဘောမတူ လက်မခံခဲ့တဲ့ ဒီဟာသ‌လောကမှာ Shimura ဟာ ထိပ်ဆုံးမှာ ရှိခဲ့ပါတယ်။

ဒီအရာကို တခြားသူတွေထက် သူ့အဖေကိုပိုမြင်စေချင်တယ်လို့ထင်ပါတယ်။Shimura တကယ်ပဲ မိသားစု လိုချင်ပုံရပါတယ်။ဒါပေမဲ့ မိသားစု ရှိရင် အဲဒီအလုပ်ကို မအောင်မြင်နိုင်ဘူးလို့ထင်တယ်။ဘာပဲဖြစ်ဖြစ် သူက သူ့အလုပ်အပေါ်စိတ်အားထက်သန်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့ သူဟာကျွန်‌တော်တို့နဲ့ကစားဖို့၊ မိသားစုနွေးထွေးမှုကို ခံစားရချင်တာဖြစ်နိုင်ပါတယ်။
မစ္စတာ Shimura ဖန်တီးခဲ့တဲ့ ပျက်လုံးတွေဟာဆိုရင် အများစုမှာ မိသားစုနှင့်သက်ဆိုင်တာတွေ အဓိကပါ ပါတယ်။

ကလေး မှ အရွယ်ရောက်သူ လူကြီးတွေအထိ လူတိုင်းရယ်မောနိုင်တဲ့အရာကို သူကနှိုက်နှိုက်ချွတ်ချွတ်ရည်ရွယ်ပြီး ပျက်လုံးထုတ်ခဲ့ပါတယ်။
မည်သည့်အခြေအနေပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲပိုက်ဆံရှိရှိ အလွယ်တကူမရနိုင်တဲ့အရာတွေအများကြီးရှိပါတယ်။

Shimura ဟာ နောက်ဆုံးအချိန်အထိ သူ့ရဲ့ မိသားစုနွေးထွေးမှု ကို ရှာဖွေကောင်း ရှာဖွေနေဆဲပါ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: