ဂျပန်လူမျိုးတွေတောင် မသိတဲ့ ဂျပန်နိုင်ငံအစပြု ထုတ်ကုန်များ

ဂျပန်နိုင်ငံဆိုတာ နိုင်ငံခြားအရာတွေကို ကျွမ်းကျင်စွာ စီမံနိုင်တဲ့နိုင်ငံတစ်ခုပါ။
သင်ဆိုရင်ရော ဂျပန်နိုင်ငံအစပြုထုတ်ကုန်နဲ့ ပြင်ဆင်မွမ်းမံထားတဲ့ထုတ်ကုန်ကို ခွဲခြားနိုင်ပါ့မလား
အခုတစ်ခေါက်မှာတော့ ပဟေဌိလေးနဲ့ ခွဲခြားကြည့်ရအောင်?

ရာမန်ခေါက်ဆွဲ

အားလုံးကြိုက်တဲ့ ရာမန်ခေါက်ဆွဲ
ဂျပန်ကိုလာရင် စားချင်တဲ့ ထိပ်ဆုံးအစားအစာ ၅ ခုထဲမှာပါဝင်နေတဲ့ လူကြိုက်များတဲ့ဟင်းလျာပါ။ ဒါရဲ့ ဇစ်မြစ်ကရော?

အဖြေကတော့ တရုတ်ဖြစ်ပါတယ်။
ဒီမေးခွန်းကတော့ သိပ်မခက်ပါဘူး။
ဒါပေမယ့် တရုတ်လူမျိုးထက်ဝက်လောက်က “ဂျပန်မှာ ရာမန်စားချင်တယ်” လို့ ဆိုရလောက်အောင် ဂျပန်နိုင်ငံရဲ့ ရာမန်ခေါက်ဆွဲပြင်ဆင်မွမ်းမံမှုက တိုးတက်နေပါတယ်။
ဂျပန်ရာမန်ခေါက်ဆွဲရဲ့ အထူးခြားဆုံးတစ်ချက်က စွပ်ပြုတ်ဟင်းရည်ပါ။
အချိန်ယူပြီး သုတေသနလုပ်ထားတဲ့ ကောင်းမွန်တဲ့စွပ်ပြုတ်ဟင်းရည်ဟာ အကောင်းဆုံးအရသာကို ပေးစွမ်းပါတယ်။

အသင့်စားခေါက်ဆွဲခြောက်

ဒီအသင့်စားခေါက်ဆွဲခြောက်ရဲ့ ဇစ်မြစ်ကရော?
ဂျပန်နိုင်ငံဟာ အသင့်စားခြောက်ဆွဲခြောက် အပေါဆုံးပါ။ ပြီးတော့ ဂျပန်အသင့်စားခြောက်ဆွဲခြောက်ကို ကမ္ဘာတစ်ဝှမ်းမှာလည်း ရနိုင်ပါတယ်။
ဒါရဲ့ ဇစ်မြစ်ကရော?

ဂျပန်ပါ။
ဒါကို အသင့်စားခြောက်ဆွဲခြောက်ကုမ္ပဏီကြီး NISSIN ရဲ့ တည်ထောင်သူဖြစ်တဲ့ အန်းဒိုး အိုအိုဖုခုက တီထွင်ခဲ့တာဖြစ်ပါတယ်။
သူ့ဇာတိက ထိုင်ဝမ်ပါ။
စစ်ပြီးတဲ့နောက် ၁၉၆၆ ခုနှစ်မှာ ဂျပန်နိုင်ငံသားအဖြစ် ပြောင်းလဲခဲ့တဲ့အတွက် ဂျပန်-ထိုင်ဝမ် ပူးပေါင်းတီထွင်ဖန်တီးမှုလို့ ဆိုရမလား?

စက္ကူတိပ်

https://livejapan.com/ja/article-a0003990/

ချစ်စရာကောင်းတဲ့ပုံစံလေးတွေရှိတဲ့ စက္ကူတိပ်။
ဂျပန်နိုင်ငံပြန်လက်ဆောင်အဖြစ် ဝယ်ကြသူတွေလည်း အများကြီးရှိပေမယ့် ဒါရဲ့ ဇစ်မြစ်ကရော?

အဖြေကတော့ အမေရိကန်ပါ။
မူလက ဆေးသုတ်တဲ့အခါ ဘေးကိုမပေအောင်ပြုလုပ်ပေးတဲ့ စက္ကူတိပ်ကို အမေရိကန်ရဲ့ 3M ကုမ္ပဏီက တီထွင်ခဲ့တာပါ။
ဒီစက္ကူတိပ်ကို ဂျပန်စက္ကူနဲ့ ပြုလုပ်ပြီး ရောင်းချတာကတော့ ဂျပန်ဖြစ်ပါတယ်။
ဂျပန်စက္ကူနဲ့ ပြုလုပ်တဲ့အရာက ကပ်အားပျော့ပြီး ခွာရလွယ်တယ်၊ ပါးပြီး ခိုင်တယ်၊ ဖြတ်ရလွယ်တယ်ဆိုတဲ့ အားသာချက်နဲ့ 3M ရဲ့ စက္ကူတိပ်ကို ကျော်လွန်ပြီး လူကြိုက်များခဲ့ပါတယ်။
အခုအထိကိုပဲ စက္ကူတိပ်ဆိုရင် ဂျပန်စက္ကူနဲ့ပဲ လုပ်လာကြပါတော့တယ်။

ဒါ့အပြင် လက်ရှိမှာဆိုရင် ချစ်စရာကောင်းဒီဇိုင်းရှိတဲ့စက္ကူတိပ်ဟာ ဈေးကွက်မှာ ထွက်ပေါ်လာပြီဖြစ်ပြီး မိန်းကလေးတွေက ပိုကြိုက်ကြပါတယ်။

ဖြတ်ဓား

ဓားတစ်ချောင်း တုံးလာတဲ့အခါ ထက်အောင်ပြန်လုပ်ရတာဖြစ်ပေမယ့် ခေါက်သိမ်းထားရုံနဲ့ ချွန်ရှမှုကို ပြန်ရနိုင်တယ်ဆိုတဲ့ ခေတ်သစ်ကို ဖန်တီးလိုက်တာကတော့ ဒီဖြတ်ဓားပါ။
ဇစ်မြစ်က ဘယ်နိုင်ငံလို့ ထင်ပါသလဲ?
ကျွန်တော်ကတော့ အမေရိကလို့ထင်ခဲ့ပေမယ့်

အဖြေမှန်က ဂျပန်ပါ။
ဂျပန်လို့ လုံးဝထင်စရာမရှိဘူးနော်။
တကယ့်ကို မူလက ဂျပန်နိုင်ငံပါ။
တီထွင်သူက OLFA CORPORATION ရဲ့ တည်ထောင်သူလည်းဖြစ်တဲ့ အိုခဒဖြစ်ပါတယ်။ ပုံနှိပ်လုပ်ငန်းမှာဆိုရင် အများစုက ဖန်ကွဲစနဲ့ စာရွက်ကို ဖြတ်ကြပါတယ်။ ပုံနှိပ်ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တဲ့သူဟာ ကြာကြာထက်တဲ့ဓားကို လိုချင်တဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် တပ်စွဲထားတဲ့ အမေရိကန်စစ်သားတွေ စားကြတဲ့ ချောကလက်ပြားကို ကြည့်ပြီး အတွေးပေါ်လာခဲ့ပုံရပါတယ်။
ချောကလက်ပြားချိုးတာကနေ ဖြတ်ဓား တီထွင်ဖြစ်တယ်ဆိုတာ ဉာဏ်ကြီးရှင်ပဲနော်။

Othello ဂိမ်း

ဉာဏ်ကို လွှာသုံးပြီး ကစားရတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Othello။
စာဖတ်သူတို့ရော ကစားဖူးပါသလား?
ဒီရိုးရှင်းပေမယ့် ခက်ခဲတဲ့ဂိမ်းကို ရှိတ်စပီးယားရဲ့ လက်ရာတစ်ခုဖြစ်တဲ့ Othello ရဲ့ အမည်ကို အစွဲပြုပြီး ပေးထားပါတယ်။

Othello ရဲ့ ဇစ်မြစ်ကတော့ ဂျပန်ပါ။
ဂျပန်နိုင်ငံကနေ မွေးဖွားလာတဲ့ဂိမ်းတစ်ခုအနေနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဆော့ကစားကြပါတယ်။
ဒီဂိမ်းရဲ့ဇစ်မြစ်က ဂျပန်နိုင်ငံဆိုတာကို မထင်ထားမိပါဘူး။

ဒါနဲ့ စာဖတ်သူတို့ရော ဘယ်နှစ်ခုမှန်ပါသလဲ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: