“အနံ့အသက်မကောင်းတဲ့ထမင်း” လို့ ပြောကြတဲ့ ထောင်ထမင်းက တကယ်ဘဲ ဆိုးရွားတာလား?

ယာကူဇာဇာတ်ကားထဲမှာ အတွေ့များတဲ့ ဒိုင်ယာလော့ဖြစ်ပေမယ့် ကျောင်းတွေမှာ မသင်ပေးတဲ့ စကားလုံးရှိပါတယ်။
ဒီလိုအသုံးအနှုန်းပါ။

ဟေ့ ငါ့အစား အနံ့မကောင်းတဲ့ထမင်း စားပေးခဲ့ဦး။

ထောင်ထဲကို သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
မကောင်းတာလုပ်ပြီး အဖမ်းခံရပေမယ့် ပြည်သူတွေရဲ့ အခွန်နဲ့ ထမင်းစားတဲ့အတွက်ကြောင့်မို့လို့ ဇိမ်ခံအစားအသောက်လိုမျိုး စားကောင်းမှာမဟုတ်ဘူးဆိုတာတော့ အားလုံးပဲ တွေးမိကြမယ်ထင်ပါတယ်။
ဒါပေမယ့် အနံ့အသက်က ဘယ်လောက်ထိဆိုးရွားနိုင်တာလဲ?

ဟော့ကိုင်းဒိုးမှာရှိတဲ့ အဘရှိရိထောင်က မဲအိဂျိခေတ်ကတည်းက သုံးလာတဲ့ထောင်ဖြစ်ပြီးတော့ အခုတော့ အဲ့ဒီအဆောက်အအုံဟောင်းတွေကို ပြတိုက်အဖြစ် ပြောင်းလဲလိုက်ကာ လူတိုင်းလာရောက်ကြည့်ရှုနိုင်တဲ့အဆောက်အအုံဖြစ်လို့နေပါပြီ။
ထူးဆန်းတာကတော့ အဲ့ဒီမှာ ထောင်ထမင်းကိုလည်း စားကြည့်နိုင်ပါတယ်။

ထောင်ထမင်းကတော့ အောက်ကပုံအတိုင်းဖြစ်ပါတယ်။


https://www.hotpepper.jp/mesitsu/entry/hadakadenkyu/16-00010

အတော်လေးကို စုံလင်တာပဲနော်။
အဓိကဟင်းလျာကတော့ ဆာရီငါးဆားကင်ဖြစ်ပါတယ်။ ပြီးတော့ မုန်လာဥခြစ်လေးနဲ့ပေါ့။
အရံအနေနဲ့ အသုတ်၊ မုန်လာဥဖြူခြောက်ပြုတ် ပြီးတော့ မီဆိုဟင်းရည်လဲပါပါတယ်။

တစ်နေ့နဲ့တစ်နေ့ ဟင်းက မတူဘဲ ကာရီဟင်း၊ Hamburg steak၊ ရာမန်ခေါက်ဆွဲစတာတွေလည်း ကျွေးတဲ့ပုံပါပဲ။
အရသာရှိမယ့်ပုံပဲနော်။

ဒါပေမယ့် ဆန်အရောင်က နည်းနည်းထူးခြားပါတယ်။

ဒါက ဆန်ဖြူ ၇၀%၊ ဂျုံ ၃၀ % ကို ရောထားတဲ့ထမင်း၊ ဂျုံထမင်းဖြစ်ပါတယ်။
အရင်တုန်းက ဆန်ဖြူဟာ တန်ဖိုးကြီးအစားအစာဖြစ်တဲ့အတွက် ဂျုံတွေနဲ့ ရောပြီး စားခဲ့ကြပါတယ်။
ဒီနောက်ပိုင်းမှာ ဆန်ဖြူ ၁၀၀ ရာခိုင်နှုန်းအဖြစ် ချက်ပြုတ်စားသောက်လာကြပေမယ့် အာဟာရမျှတမှုကိုကြည့်ရင် ဂျုံထမင်းက ပိုအာဟာရဖြစ်ပါတယ်။
ထမင်းဖြူစားတဲ့အခါ သွေးတွင်းသကြားဓာတ်က ချက်ချင်း တက်လာပေမယ့် ဂျုံကအဲ့ဒါကို ငြိမ်သက်စေပြီး ဝမ်းလည်းကောင်းစေတဲ့အတွက် ကျန်းမာတဲ့အစားအစာအနေနဲ့ စားသုံးကြတဲ့သူတွေလည်း များပြားလာပါတယ်။

အရင်တုန်းက စျေးသက်သာစေဖို့ ရောခဲ့တဲ့ ဂျုံကလည်း အခုအခါ ကျန်းမာရေးလိုက်စားတဲ့အမျိုးသမီးတွေ အကြိုက်ဖြစ်လာတဲ့ ဂျုံထမင်းဖြစ်လာပါတယ်။
ဒါပေမယ့် ကျန်းမာရေးလိုက်စားတဲ့အမျိုးသမီးချောချောလေးလေးတွေက အပြုံးလေးနဲ့ “အနံ့အသက်မကောင်းတဲ့ထမင်း” ကို စားနေတာလားလို့ တွေးကြည့်ရင် စိတ်ထဲမှာ တစ်မျိုးများဖြစ်သွားမလားနော်။
ဒါပေမယ့် ဒီဂျုံထမင်းမှာ အနံ့အသက်မကောင်းတာတွေ မရှိပါဘူး။

ဒါဆိုရင် ဘာလို့ အနံ့အသက်မကောင်းတဲ့ထမင်းလို့ ခေါ်ကြတာလဲ?
အရင်တုန်းက ထောင်ထဲမှာ ဆန်ဟောင်းတွေကို ထမင်းအနေနဲ့ ချက်ကြတယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ ဆန်ဟောင်းတွေ သိပ်မသုံးကြတဲ့အတွက် အနံ့အသက်မကောင်းတာတွေ မရှိတဲ့ပုံပါပဲ။

လက်ရှိမှာတော့ တစ်ရက်ကို ယန်း ၄၂၀ ဖိုးဆိုတဲ့ ဘတ်ဂျက်နဲ့ကျွေးတဲ့ထမင်းဟာ တအားလည်းမကောင်းသလို ဆိုးလည်းမဆိုးဘူးလို့ ထင်ပါတယ်။
ဒါပေမယ့် အရသာတော့ မရှိတဲ့ပုံပါပဲ။

ပထမအချက်ကတော့ အကျဥ်းသားတွေ နေမကောင်းမဖြစ်စေဖို့အတွက် ကျန်းမာရေးရှုထောင့်ကနေ အရသာပေါ့အောင်လုပ်ထားတာဖြစ်ပါတယ်။
ဒုတိယတစ်ချက်ကတော့ အစားအသောက်အေးနေတာကြောင့် အရသာမရှိတာလို့ ထင်ပါတယ်။

ဒါကြောင့် ထောင်ကနေ ထွက်ပြီး ပထမဆုံးစားချင်ကြတဲ့အစားအစာက အသင့်စားအစားအစာနဲ့ ရာမန်ခေါက်ဆွဲစတဲ့ အရသာပြင်းတဲ့အစားအစာဖြစ်နေပါတယ်။
ထောင်ကနေထွက်လာတဲ့သူတွေကတော့ ကျန်းမာရေးမကောင်းတော့ဘဲ နေမှာပဲနော်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: