ဂျပန်လူမျိုးတို့၏ဘဝတွင် “ မည်သို့သေဆုံးပုံ” သည်အရေးကြီးဆုံးဖြစ်သည်။

死生観(しせいかん)လို့ခေါ်တဲ့ စကားလုံးကို စာဖတ်ပရိသတ်တို့သိကြလား?
ဘယ်လိုပုံစံနဲ့သေဖို့အတွက်၊ ဘယ်လိုပုံစံနဲ့အသက်ရှင်သွားမလဲ?
ဒါဟာ ဂျပန်လူမျိုးရဲ့ အပြုအမှုဆုံးဖြတ်ချက်အတွက် စံသတ်မှတ်ချက်တစ်ခုလည်း ဖြစ်နေတဲ့အရာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်စစ်တပ်အလွန်ထိတ်လန့်သွားခဲ့ရတာကတော့ Kamikaze အထူးတိုက်ခိုက်ရေးတပ်မကြီး ပဲဖြစ်ပါတယ်။
KAMIKAZE ၊ အထူးတပ်ဖွဲ့လို့ခေါ်ကြတဲ့ ဒီအဖွဲ့ဟာ၊ တစ်ကြောင်းစာလောင်စာနဲ့ ဗုံးကိုသာတင်ဆောင်လာသော လေယာဥ်ပျံနဲ့ သင်္ဘော၊ ရေငုတ်သင်္ဘောကိုစီးပြီး ပြိုင်ဘက်ရဲ့စစ်သင်္ဘောကိုထိုးစစ်ဆင် တိုက်ခိုက်တဲ့နည်းကိုအသုံးပြုခဲ့ကြပါတယ်။

Crazy ပဲ !!
ဆိုပြီး အမေရိကန်စစ်သားတွေထိတ်လန့်ခဲ့ကြပါတယ်။

https://gendai.ismedia.jp/articles/-/55270

 

တကယ်ပဲ သူတို့တွေဟာ Crazy ဖြစ်နေခဲ့ပါသလား?
ဒါဟာ သူတို့တွေရဲ့နှလုံးသားအောက်ခြေမှာရှိတဲ့ ဂျပန်တို့ရဲ့ “ ဘဝနှင့်သေခြင်းရှုမြင်ပုံ” ကခိုင်းစေခဲ့တာဖြစ်ပြီး၊ လုံးဝ ဆေးသုံးပြီးရူးမိုက်သွားခြင်း မဟုတ်ခဲ့ပါ။

ကိုယ်သာမလုပ်ရင် အမိမြေနဲ့တန်ဖိုးထားရတဲ့မိသားစု၊ သူငယ်ချင်းအပေါင်းအဖော်တွေကို မစောင့်ရှောက်နိုင်တော့ဘူး။
သေရမှာ မလိုလားသလိုကြောက်တယ်။ သို့သော် ဒါကိုကျော်လွှားရမယ့် mission သူတို့မှာရှိခဲ့တယ်။
ဒီလိုခံစားချက်ကိုဖော်ပြဖို့ အတော်လေးခက်ခဲမယ်လို့ ထင်တယ်ဗျ…

ခေတ်တွေပြောင်းလဲလာခြင်းကြောင့် ဒီခံစားမှုကလည်းလွှင့်ပျယ်လာပေမဲ့၊ လက်ရှိတိုင် ဟိုး.. နှလုံးသားအနက်ရှိုင်းဆုံးထဲမှာကျန်ရစ်နေဆဲဖြစ်ပြီး၊ ဂျပန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့နဲ့ လေ့ကျင့်ရေးမှာပါဝင်ဆင်နွှဲခဲ့ကြတဲ့ ဂျပန်စစ်ဘက်ဆိုင်ရာ အစီရင်ခံစာတွင် ဒီလိုဖော်ပြချက်ကိုတွေ့ခဲ့ရပါတယ်။

 

https://response.jp/article/2015/07/29/256709.html

 

ဂျပန်ကာကွယ်ရေးတပ်များသည် နည်းပညာမြင့်မားပြီးအလွန်ကောင်းမွန်သည်။ ထို့အပြင် သတ္တိရှိသည်။
သို့သော် မောင်းနှင်သည့်အချိန်တွင် မိမိကိုယ်ကိုစွန့်လွတ်အနစ်နာခံရန်ဆုံးဖြတ်ချက်ချနိုင်ခြင်းက ကြီးမားသောပြဿနာပင်ဖြစ်သည်။

အမေရိကန်ဟာ ရှည်လျားတဲ့စစ်ပွဲအတွင်း ဂျပန်ရဲ့ဘဝနဲ့သေခြင်းအပေါ်ရှုမြင်ပုံကို သိလိုက်ရပြီး၊ ဒါကိုရူးမိုက်တယ်လို့ သူတို့မဆုံးဖြတ်နိုင်တော့ပါဘူး။
နောက်ပြီး နှစ်ဦးနှစ်ဖက်လက်ရှိချိန်ထိဆက်လက်လာခဲ့ပါတယ်။

ကိုယ်ပိုင်ဘဝထက်၊ အုပ်စုတစ်ခုလုံး (နိုင်ငံ၊ မိသားစု၊ မိတ်ဆွေများ) ရဲ့ဘဝများကိုတန်ဖိုးထားတဲ့ အတွေးပဲဖြစ်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ “ အလဟသသေဆုံးခြင်း” ဆိုတဲ့စကားလည်းရှိပြန်တယ်။
အဓိပ္ပါယ်မဲ့သေဆုံးခြင်း ကိုဆိုလိုတယ်ပေါ့ …။

မိမိသေဆုံးခြင်းက လောကကြီးရဲ့ငြိမ်းချမ်းရေးကို ကာကွယ်နိုင်မယ်သာဆို ပျော်ပျော်ကြီးသေလိုက်မယ်။
အသက်ရှင်ပြီးငြိမ်းချမ်းရေးကိုကာကွယ်နိုင်မယ်ဆို ဘယ်လိုပဲဖြစ်ဖြစ်အသက်ရှင်သင့်တယ်။

လုံးဝသေရမယ်ဆိုတဲ့အတွေးက မှားပါတယ်။
ဒါဟာ Crazy ဖြစ်တယ်ဆိုတာနဲ့လည်း မတူပါဘူး။

ရပ်နေတဲ့ငှက်၊ ကြွင်းသောရွှံ့မထားပါ။

ဆိုတဲ့စကားပုံရှိတယ်။
ပျံနေသောငှက်ဟာ ရေမျက်နှာပြင်ကိုမလှုပ်ရှားစေဘဲ၊ လှပတဲ့ရေမျက်နှာပြင်ကိုထိုအတိုင်းသာထားပြီး ပျံသန်းတယ်။
မိမိသေဆုံးချိန်လည်းထိုနည်းတူပဲ နောက်ကျောရွံ့မကျန်စေဘဲ ပျံ့သန်းတတ်ကြတယ်။
ဆိုတဲ့အယူအဆပဲဖြစ်ပါတယ်။

တစ်ချိန်ချိန်မှာသေရမှာပဲဖြစ်လို့ သေခြင်းကိုပြင်ဆင်ပြီး၊ မသေခင်ဘာတွေလုပ်သင့်လဲဆိုတာ အမြဲတစေစဥ်းစားကြပါတယ်။
နောက်ပြီး ထိုသေခြင်းရောက်မလာခင် အများအတွက် လောကကြီးနဲ့မိတ်ဆွေများ၊ မိသားစုအတွက် ဘာကိုလုပ်ရင်ကောင်းမလဲ?
ဒါကိုစဥ်းစားပြီး အသက်ရှင်သင့်တဲ့အချိန်ဆိုရင်တော့ စွမ်းအားရှိသမျှအသက်ရှင်ဖို့ပဲဖြစ်ပါတယ်။
ဒါဟာ ဂျပန်တို့ရှေးကတည်းကလက်ကိုင်ထားကြတဲ့ ဘဝနှင့်သေခြင်းရှုမြင်ပုံပဲဖြစ်ပါတယ်။

လက်ရှိ မြန်မာဟာခက်ခဲတဲ့ အခြေအနေမှာရှိနေတယ်။
ထိုအထဲမှာဘယ်လိုအသက်ရှင်သွားမလဲ။ ဘာကိုလုပ်ရင် ဒီတိုင်းပြည်အတွက်အကျိုးရှိမလဲ…
ဒါကိုအလေးအနက်စဥ်းစားစေချင်ပါတယ်.

မဆင်မခြင်လုပ်ပြီးသေဆုံးရမယ်ဆိုတာကတော့ မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါ။

ဒီတိုင်းပြည်အတွက်..
ဒီအပြင် မိသားစုနဲ့မိတ်ဆွေများကိုစောင့်ရှောက်ဖို့အတွက်၊ သူတို့ကိုဝမ်းမနည်းစေဖို့အတွက် ..
ဘာကိုလုပ်ဆောင်ခြင်းက အထိရောက်ဆုံးဖြစ်လိမ့်မလဲ?

ဒါကိုမမေ့ပါနဲ့..
အပူတပြင်းနဲ့ထွက်ပြေးခြင်းဟာ မှန်ကန်တဲ့ထွက်ပေါက်တစ်ခုမဟုတ်ပါ..

ကျွန်တော်ကအခု မြန်မာနိုင်ငံရဲ့အပြင်ဘက်မှာရှိနေသူတစ်ယောက်ပါ…။
ဒီအတွက်တတ်နိုင်သလောက်သတင်းတွေဖြန့်ဝေပေးပြီး၊ မြန်မာနိုင်ငံကို attention ရအောင်လုပ်ပေးရုံကလွဲရင် ကျွန်တော်ဘာမှမတတ်နိုင်ပါဘူး။

အားလုံးအတွက် အန္တရာယ်နည်းအောင်ပြောပေးရုံကလွဲပြီး ဘာမှမတတ်နိုင်တဲ့အတွက်တကယ်စိတ်မကောင်းဖြစ်ရပါတယ်။
သို့သော် အမှန်တရားအတွက်တော့ အားလုံးအတူတူတိုက်ခိုက်သွားနိုင်တယ်လို့ ယုံကြည်ပါတယ်…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: