ပထမဆုံး အာဟာရဓာတ်ပေါင်းစုံ ခေါက်ဆွဲ !!!!

ခေါက်ဆွဲရဲ့အစက တရုတ်ပြည်ကဘဲ ဖြစ်ပါတယ်။

ဂျပန်ကို ၀င်လာပြီးတော့ အမျိုးမျိုးဆန်းသစ်လိုက်တာ ဂျပန်အစားအစာလို့အထင်မှားလောက်အောင် ဂျပန်ဟင်းတွေနဲ့လိုက်ပါတယ်။

 

ဟင်းရည်ဆိုရင်လည်း ၀က်ရိုးကိုသုံးတာတို့၊ ကြက်သား၊ ငါးကိုအခြေခံထားတာ အမျိုးမျိုးပါဘဲ။

 

ငံပြာရည်၊ Miso၊ ဆားထပ်ဖြည့်လိုက်တော့ ဘယ်နှစ်ခါစားစားမရိုးနိုင်အောင် အရသာရှိသွားတာပေါ့။

 

တရုတ်လူမျိုးတွေဂျပန်ကိုရောက်ပြီဆိုရင် အလုပ်ချင်ဆုံးအရာ သုံးခုထဲမှာဆိုရင် ခေါက်ဆွဲစားတာက တစ်ခုအပါအ၀င်လို့ ပြောရလောက်အောင် အရသာရှိလှပါတယ်။

ဒါပေမယ့် ခေါက်ဆွဲချည်းဘဲစားလို့ ကျန်းမာရေးချို့ယွင်းပြီး ဆေးရုံတက်ရတာမျိုးလည်းရှိတော့ သတိတော့ထားရမှာပါ။

 

ခေါက်ဆွဲကမကောင်းတာမဟုတ်ဘဲ တခြားအရာတွေမစားဘဲ ခေါက်ဆွဲချည်းဘဲစားတာမျိုးက မကောင်းတာပါ။

အခုဆိုရင် ပိုပြီးကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရရှိတဲ့ ခေါက်ဆွဲကိုထုတ်လုပ်လိုက်ပါပြီ။

https://www.lifehacker.jp/2018/12/181064_basefood.html

 

Base Ramenဆိုတဲ့ ခေါက်ဆွဲဟာဆိုရင် ထမင်းတစ်နပ်မှာရှိရမယ့် အာဟာရဓာတ်တွေ အကုန်ပါ၀င်တယ်လို့ သိရပါတယ်.

 

အမျိုးပေါင်း ၂၀ကျော်ငါးတွေကို အခြေခံထားတဲ့ ဟင်းရည်ကိုသုံးထားတာပါ။

 

ခေါက်ဆွဲဖတ်ကလည်း ဂျုံတစ်ခုတည်းသုံးထားတာမဟုတ်ဘဲ အမျိုးမျိဒးသော ကောက်ပဲသီးနှံတွေကနေလုပ်ထားတဲ့အတွက် ဗီတာမင်ပြည့်၀ပါတယ်။

 

နောက်ပြီး သကြားဓာတ်ကလည်း ၅၀ရာခိုင်နှုန်းတောင်လျော့ထားတာပါ။

ပုံမှန်ခေါက်ဆွဲတွေနဲ့ ယှဥ်ရင်‌တော့ ၀ိတ်သိပ်မတက်တော့ဘူးပေါ့၊

 

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဂျပန်ထမင်းတစ်နပ်နဲ့ ယှဥ်ကြည့်ပါမယ်။

https://shop.basefood.co.jp/products/baseramentrial

 

အာဟာရနဲ့ပြည့်၀တယ်ဆိုတဲ့ ထမင်းတစ်နပ်မှာတောင် အာဟာရဓာတ်ပေါင်းက ၂၆မျိုးဘဲရှိပါတယ်။

 

Base Ramenကတော့ အာဟာရပေါင်း ၂၉မျိုးတောင်ရမှာပါ။

 

ထမင်းဟင်းချက်ရင် အနည်းဆုံး နာရီ၀က်ကြာမယ်၊ Base Ramenကတော့ သုံးမိနစ်ဘဲ !!!

 

 

ဂျပန်ပြည်တွင်းမှာဘဲဆိုရင်တော့ အောက်ကဆိုဒ်မှာ မှာယူလို့ရပါတယ်။

https://shop.basefood.co.jp

ကဲဒါဆိုရင် ရိုးရိုးခေါက်ဆွဲတွေစားမယ့်အစား

ဒီလိုအာဟာရပြည့်၀တဲ့ခေါက်ဆွဲစားကြရအောင်နော်။။။

 

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: