အငြိမ်းစားထောက်ပံ့ကြေး, ဂျပန်မှာဘယ်လောက်ထုတ်ပေးသလဲ?

ဂျပန်ဟာ တစ်သက်တာအလုပ်ခန့်အပ်ခြင်းဆိုတဲ့ ကုမ္ပဏီတစ်ခုတည်းအတွက်သာလျှင် အလုပ်လုပ်သွားကြတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
မျက်မှောက်ခေတ်မှာ အလုပ်ပြောင်းခြင်းဟာ အထူးအဆန်းကိစ္စမဟုတ်တော့ပေမဲ့၊ လွန်ခဲ့တဲ့နှစ် ၂၀ မတိုင်ခင်ကတော့ အလုပ်ပြောင်းခြင်းကို ရူးမိုက်ခြင်းအဖြစ်သဘောထားတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။

 

အသက် ၆၀ သတ်မှတ်နှစ်အထိ ကုမ္ပဏီအတွက်အလုပ်လုပ်ပြီး၊ အဲ့ဒီနောက် လျော်ကြေးအနေနဲ့ 退職金Taishokukin အငြိမ်းစားငွေကိုရရှိပါတယ်။
အငြိမ်းစားယူပြီးတဲ့နောက် အိုမင်းလာမယ့်ဘဝတစ်လျှောက် ဒီငွေနဲ့စားဝတ်နေရေးလည်ပတ်သွားဖို့က ဂျပန်ရဲ့မူလနေထိုင်မှုပုံစံဖြစ်ပါတယ်။
ကောင်းပြီး ဒါဆို … တော်တော်များများယေဘုယျကျတဲ့ အငြိမ်းစားငွေပမာဏကို ကြည့်လိုက်ရအောင်…
အငြိမ်းစားငွေမှာ ၄ မျိုးရှိပါတယ်။

(သက်ပြည့်အငြိမ်းစား)
ထုံးစံအတိုင်း အသက် ၆၀ နှစ်(ကုမ္ပဏီနှင့်လိုက်ပြီး အသက် ၆၅ နှစ်) အထိအလုပ်လုပ်ပြီးနောက် အနားယူခြင်း
(ကုမ္ပဏီအခြေအနေ)
ဌာနပိတ်သိမ်းခြင်းကဲ့သို့ ကုမ္ပဏီဘက်ကအကြောင်းတစ်ခုကြောင့် အနားယူခြင်း
(မိမိအခြေအနေ)
သက်ပြည့်အငြိမ်းစားကိုမစောင့်ဘဲ ကိုယ်ရေးကိုယ်တာအခြေအနေကြောင့် အနားယူခြင်း
(အစောပိုင်းဦးစားပေး)
ကုမ္ပဏီရဲ့စွမ်းဆောင်ရည်ကျဆင်းခြင်းကြောင့်၊ စောစီးစွာအငြိမ်းစားယူခြင်းမှာ ဦးစားပေးအနေနဲ့ပါဝင်ခြင်း

တက္ကသိုလ် / ဘွဲ့လွန်ပညာရေးဖြင့်ဘွဲ့ရရှိခဲ့သူ
သက်ပြည့်အငြိမ်းစား     ယန်း 1983 သောင်း
ကုမ္ပဏီအခြေအနေ        ယန်း 2156 သောင်း
မိမိအခြေအနေ              ယန်း 1519 သောင်း
အစောပိုင်းဦးစားပေး     ယန်း 2326 သောင်း

အထက်တန်းကျောင်းဘွဲ့ရ (မန်နေဂျာ/စာရေး)
သက်ပြည့်အငြိမ်းစား     ယန်း 1618 သောင်း
ကုမ္ပဏီအခြေအနေ        ယန်း 1969 သောင်း
မိမိအခြေအနေ              ယန်း 1079 သောင်း
အစောပိုင်းဦးစားပေး     ယန်း 2094 သောင်း

အထက်တန်းကျောင်းဘွဲ့ရ (အထွေထွေအလုပ်အကိုင်)
သက်ပြည့်အငြိမ်းစား     ယန်း 1159 သောင်း
ကုမ္ပဏီအခြေအနေ       ယန်း 1118 သောင်း
မိမိအခြေအနေ              ယန်း 686 သောင်း
အစောပိုင်းဦးစားပေး     ယန်း 1459 သောင်း

 

စကားမစပ် ဒါကလုပ်သက်အပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။
လုပ်သက် ၃၅ နှစ်နှင့်အထက်ရှိမယ်ဆို ဒီငွေပမာဏအပြည့်ရရှိတတ်ပေမဲ့၊ အလုပ်ပြောင်းလာပြီးမှ လုပ်သက်နည်းနေမယ်ဆို အငြိမ်းစားငွေလည်းနည်းသွားပါလိမ့်မယ်။

ဟုတ်တယ် ဒါကြောင့် ဂျပန်မှာအလုပ်ပြောင်းလို့မဖြစ်ဘူးလို့ အများစုကပြောနေကြခြင်းပါပဲ….။
သို့သော် စီးပွားရေးကျဆင်းလာခြင်းနဲ့ အလုပ်နဲ့ဆက်နွယ်မှုပြီးဆုံးသလောက်ရှိတဲ့ယခု၊ အငြိမ်းစားငွေကိုတောင် မထုတ်ပေးနိုင်တဲ့ကုမ္ပဏီတွေများလာတာကြောင့်၊ လက်ရှိဂျပန်မှာ လုပ်သက်များခြင်းကကောင်းတယ်လို့ တထစ်ချပြောလို့မရတော့ပါဘူး…..။
အငြိမ်းစားငွေစနစ်က ကုမ္ပဏီရဲ့လွတ်လပ်ခွင့်ပဲဖြစ်လို့ မပေးတော့တာမျိုးလည်း များလာပါတယ်။

အငြိမ်းစားထောက်ပံ့ကြေး တော်တော်လေးရဖို့အလားအလာရှိနေပေမဲ့ အိုမင်းလာတဲ့နောက်ပိုင်း နေထိုင်မှုအတွက်ဘယ်လောက်ကုန်ကျမလဲ?
လို့တွေးမယ်ဆို ဒီငွေပမာဏမှာလည်း စိုးရိမ်စရာရှိနေပြန်တယ်။
လင်မယား ၂ ယောက်စရိတ်ကိုတွက်မယ်ဆို ယန်း 2000〜3000 သောင်း အိုစာမင်းစာရန်ပုံငွေ လိုအပ်တယ်လို့ပြောကြပါတယ်။
ဒီအပြင် ဆေးဘက်ဆိုင်ရာနည်းပညာဖွံ့ဖြိုးမှုကြောင့် လူတစ်ယောက်ရဲ့ပျမ်းမျှသက်တမ်းကလည်း မြင့်တက်နေဆဲဖြစ်ပါတယ်။
ဒါကြောင့်ပဲ ငွေဟာလိုအပ်လာပါတယ်။

 

ဂျပန်မှာ ပင်စင်ငွေကိုကောင်းကောင်းစုဆောင်းထားမယ်ဆို သေတဲ့အထိငွေဝင်‌မှာဖြစ်ပေမဲ့၊ ဒါကတော့ အတင်းအကြပ်ပြဌာန်းထားခြင်းမျိုး မဟုတ်တာကြောင့် လက်ရှိလူငယ်တွေထဲမှာ ပါဝင်လာသူတွေနည်းပါတယ်။

ဂျပန်လူမျိုးသက်ကြီးရွယ်အိုများ… နောက်ပိုင်းဘယ်လိုဖြစ်သွားမလဲ?
လာမယ့်နှစ်ပေါင်း ၂၀ မှစပြီး ဂျပန်ကလည်းစိုးရိမ်မှုပေါင်းများစွာပါပဲ……

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: