Corona ကြောင့်စီးပွားရေးပိုမိုဆိုးရွားလာပြီး၊ လူ ၇ သောင်းခန့်အား အလုပ်ထုတ်ခြင်းနှင့်အလုပ်ခန့်ရပ်စဲခြင်းများရှိလာ

မျိုးစိပ်သစ် Corona ဗိုင်းရပ်စ်ရဲ့ကူးစက်ပျံ့နှံ့ခြင်းကြောင့်၊ အလုပ်ထုပ်ပယ်ခြင်းနဲ့ အလုပ်ခန့်ရပ်စဲခံရသူတွေဟာ အလားအလာရှိသူများအပါအဝင် ၇ သောင်းခန့်ကိုကျော်လာခဲ့ပါတယ်။

https://www.nippon.com/ja/news/fnn20201109105414/

ဂျပန်လဝကရဲ့ပြောဆိုချက်အရကတော့ မျိုးစိပ်သစ် Corona ဗိုင်းရပ်စ်ရဲ့ကူးစက်ပျံ့နှံ့ခြင်းကြောင့် ကုမ္ပဏီစီးပွားရေးစွမ်းဆောင်ရည်ဆုတ်ယုတ်လာပြီး အလုပ်မှထုတ်ပယ်ခြင်းနဲ့ အလုပ်ခန့်ရပ်စဲခံရတဲ့လူတွေဟာ အလားအလာရှိသူတွေအပါအဝင် ၁၁ လပိုင်း ၆ ရက်နေ့အထိ စစ်တမ်းကောက်ယူချက်အရ ၇ သောင်း ၂၄၂ ဦးထိရှိလာပြီဖြစ်ပါတယ်။

၁၀ လပိုင်းအလွန်မှာတော့ ဒီလိုတိုးလာတဲ့နှုန်း အနည်းငယ်လျော့ကျသွားပါတယ်။
လုပ်ငန်းအမျိုးအစားတွေထဲမှာ ကုန်ထုတ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ကုန်စည်လက်လီရောင်းချခြင်းလုပ်ငန်း စတဲ့လုပ်ငန်းတွေဟာ ကိုဗစ်သက်ရောက်မှုဒဏ်ကိုပိုခံလိုက်ရပြီး၊ အထူးသဖြင့် ယာယီအလုပ်သမားတွေဟာ ပိုပြီးခက်ခဲတဲ့အခြေအနေကို ရောက်သွားရပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေး၀န်ကြီးဌာန(လဝက)က Hello Work စတဲ့အစိုးရပိုင် အလုပ်ဝန်ဆောင်မှုပေးတဲ့စင်တာကနေတစ်ဆင့် အလုပ်ရှာဖွေနေသူတွေအတွက် ပံ့ပိုးမှုတွေကိုဆောင်ရွက်ပေးလျှက်ရှိပါတယ်။
source:FNN

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: