မြန်မာကလေးများအတွက်လည်း ငွေကြေးထောက်ပံ့မှုတွေလုပ်ပေးတဲ့ ဂျပန်အဆိုတော် Ayaka Hirahara !!
ဂျပန်-မြန်မာပွဲတော်မှာ မိုရိဆာကီဝင်နဲ့အတူ moshimo သီချင်းကိုဆိုခဲ့တဲ့ နာမည်ကြီးအဆိုတော်ကတော့ Ayaka Hirahara ပဲဖြစ်ပါတယ်။ အဆိုတော်တစ်ယောက်အနေနဲ့ သီချင်းနဲ့ပတ်သက်ပြီးလှုပ်ရှားမှုတွေလုပ်နေသလို ဒီနှစ်ထဲမှာလည်း လူ့အဖွဲ့အစည်းကူညီထောက်ပံ့မှုတွေအတွက် အမျိုးမျိုးသောလှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။
https://images.app.goo.gl/T8YobT85EBXzg1f77
ဂျပန်အဆိုတော် Ayaka Hirahara ကဂျပန်နိုင်ငံရဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်သလို သီချင်းရေးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၀၃ ခုနစ် ၁၂ လပိုင်မှာ Jupiter ဆိုတဲ့သီချင်းနဲ့ ပွဲဦးထွက်လာပြီး၊ အဲ့ဒီသီချင်းကပဲ သူမကိုဂျပန်တစ်နိုင်ငံလုံးမှာ ကျော်ကြားသွားစေခဲ့ပါတယ်။ ဂျပန်-မြန်မာပွဲတော်မှာလည်း သီဆိုဖျော်ဖြေခဲ့တဲ့အတွက် မသိတဲ့သူမရှိလောက်ဘူးလို့ထင်မိပါတယ်။
Ayaka Hirahara က မြန်မာနိုင်ငံနဲ့စပြီးသိကျွမ်းရင်းနှီးခဲ့တာကတော့ ၂၀၁၇ ခုနှစ် ဂျပန်-မြန်မာပွဲတော်ကနေ အစပြုခဲ့တာပဲဖြစ်ပါတယ်။
https://enjoy-yangon.com/images/easyblog_articles/364/gt_20160228_2315_5475.jpg
ပထဆုံးပွဲထွက်ခဲ့တာကိုအခွင့်အရေးတစ်ခုအနေနဲ့ မြန်မာနိုင်ငံရဲ့အကြောင်းတွေကို အရမ်းစိတ်ဝင်စားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာကျင်းပတဲ့ ပွဲတော်မှာစပွဲဦးထွက်လာပြီး ယခုနှစ် ၂၀၂၀ မှာလည်းစတိတ်စင်ပေါ်မှာ ထပ်မံတွေ့ဆုံခဲ့ရပါသေးတယ်နော်..
ဒါနဲ့ဒီနှစ်ရဲ့ ပွဲတော်မှာသီဆိုခဲ့တဲ့ moshimo ဆိုတဲ့သီချင်းက မြန်မာလူမျိုးတွေကြား လျင်မြန်စွာနဲ့ပျံ့နှံ့သွားတာ အားလုံးလည်း သိကြပြီးပြီလို့ထင်ပါတယ်။
မိုရိဆာကီဝင်းနဲ့ ၂ ယောက်အတူဆိုထားတဲ့သီချင်းက ၁ လပိုင်း ၁၄ ရက်နေ့ကနေစပြီး Facebook မှာဖြန့်ဝေခဲ့ပြီး ၂ လပိုင်း ၂၁ ရက်နေ့အထိကြည့်ရှု့သူ ၃ သန်းနဲ့အထက်ရှိတာကို သိခဲ့ရပါတယ်။
ပွဲတော်မှာ moshimo သီချင်းကိုနားမထောင်လိုက်ရတဲ့လူတွေအတွက် video လေးကိုပြန်တင်ပေးထားပါတယ်။
မြန်မာဘာသာစကားနဲ့ သီဆိုတာသေချာပေါက်ခက်ခဲလိမ့်မယ်လို့ထင်မိပေမဲ့၊ တကယ့်မြန်မာလူမျိုးတစ်ယောက်လိုပဲ သီဆိုနေတာအံ့သြဖို့ကောင်းတယ်နော်။
အသံအရမ်းကောင်းပါတယ်။
ဒီတစ်ခေါက်ပွဲတော်ပြီးသွားတဲ့အခါ ပိုပြီးတော့ သူ့မရဲ့ မြန်မာလူမျိုးပရိသတ်တွေများလာတယ်နော်!
ဒါတင်မကသေးပါဘူး။ Ayaka Hirahara က ဒီလိုလှုပ်ရှားမှုတွေလည်း ပြုလုပ် နေပါတယ်။
https://images.app.goo.gl/55mWFmeytw6hoazC7
(Ayaka Hirahara Jupiter ရန်ပုံငွေ)
ဒီရန်ပုံငွေက အနာဂတ်ကလေးတွေအတွက် သီချင်းဖြင့်လူ့အဖွဲ့အစည်းကူညီမှုတွေ၊ အမျိုးမျိုးသောထောက်ပံ့မှုတွေလုပ်မယ်လို့ အဆိုတော် Ayaka Hirahara ကိုယ်တိုင် ၂၀၁၅ ခုနှစ်မှာ ဒီရန်ပုံငွေအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။
၂ လပိုင်း ၁၉ ရက်နေ့ကလည်း တိုကျိုအပြည်ပြည်ဆိုင်ရာစင်မြင့်ထက်မှာ ကျင်းပခဲ့တဲ့ ရန်ပုံငွေဖျော်ဖြေပွဲ 「 ၆ ကြိမ်မြောက် Ayaka Hirahara Jupiter ရန်ပုံငွေ My Best Friends Concert〜Good luck kids〜」ဆိုပြီးဖျော်ဖြေခဲ့ပါတယ်။
ဖျော်ဖြေပွဲမှာ အထူးဧည့်သည်အနေနဲ့ မိုရိဆာကီဝင်းလည်းပဲ တက်ရောက်ခဲ့ပြီး Ayaka Hirahara နဲ့အတူ ၂ ယောက်သီချင်းကို သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။
ဒီပွဲမှာရရှိခဲ့တဲ့ ငွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးပြုစုပျိုးထောင်ရေးဂေဟာ 「Dream Train」ဆီသို့လှူဒါန်းမယ်လို့သိရပါတယ်။
ဖော်ပြချက်အရ Ayaka Hirahara က “ မိုရိဆာကီဝင်း နဲ့အတူတွဲပြီးဖျော်ဖြေရတာ အရမ်းဝမ်းသာပါတယ်။ မြန်မာလူမျိုးတွေလည်း အတူတူဝမ်းသာလိမ့်မယ်လို့ထင်မိပါတယ်။ အခုကနေစပြီးတော့ ကမ္ဘာမှာရှိတဲ့ ကလေးတွေရဲ့ အပြုံးမျက်နှာတွေ ပိုပြီးမြင်လာရဖို့ ကြိုးစားသွားမယ်။ ပြီးတော့ ရန်ပုံငွေဖျော်ဖြေမှုအစီအစဉ်ကိုလည်း နောက်ဆုံးထွက်သက်အထိ လုပ်သွားမယ်” လို့ အားနဲ့အင်နဲ့ပြောသွားခဲ့ပါတယ်။
သီချင်းတွေနဲ့ အလုပ်များတဲ့ကြားက ဒီလိုရန်ပုံငွေအတွက် ဖျော်ဖြေပွဲတွေလုပ်ပေးတာက အရမ်းကိုလေးစားဖို့ကောင်းတယ်နော်..
မြန်မာနိုင်ငံမှာလည်း ဖျော်ဖြေမှုလှုပ်ရှားမှုတွေလုပ်ဆောင်နေတဲ့ Ayaka Hirahara ကို ချစ်ပြီးအားပေးရအောင်နော်!!!!
Yuki