ဗီယက်နမ်တို့ကျူးလွန်တဲ့ရာဇဝတ်မှုတွေထဲမှာ ဗီယက်ဘက်ကပဲမကောင်းတာလား?

ဂျပန်မှာခုအချိန်ထိ နိုင်ငံခြားသားတွေရဲ့ရာဇဝတ်မှုထဲမှာ တရုတ်နဲ့ကိုရီးယားလူမျိုးတို့ကျူးလွန်ကြတာပိုပြီးများခဲ့ပါတယ်။
လောလောဆယ်မှာတော့ ဗီယက်နမ်လူမျိုးရဲ့ရာဇဝတ်မှုကိုတွေ့ရပါတယ်။
လူသတ်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ မုဒိမ်းမှု စတဲ့ကြီးကြီးမားမားတွေမဟုတ်ဘဲ ဆိုင်တွင်းကပစ္စည်းအလစ်သုတ်ခြင်း၊ အသီးအနှံတွေနဲ့တိရစ္ဆာန်များခိုးယူခြင်း စတဲ့ပြစ်မှုသေးတွေကိုကျူးလွန်တာက တရုတ်၊ကိုရီးယားလူမျိုးတို့နဲ့မတူတဲ့အချက်ပဲဖြစ်ပါတယ်။

ဒါပေမဲ့ ထပ်ခါထပ်ခါကျူးလွန်မှုတွေများလာပြီး ဒီအပြင်ပိုပြီးအတင့်ရဲလာတာကနေ လျစ်လျူရှုမရတော့တာက လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေပဲဖြစ်ပါတယ်။
စာဖတ်သူတို့လည်း ဂျပန်သတင်းတွေကြည့်မယ်ဆိုသိနိုင်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ဒါဟာပြစ်မှုကျူးလွန်တဲ့ ဗီယက်နမ်လူမျိုးတွေကပဲမကောင်းတာလား? လို့မေးစရာရှိပါတယ်။

ဒီနေရာမှာတော့ ကျွမ်းကျင်လုပ်သားစနစ်ရဲ့ ဖုံးကွယ်ခံထားရတဲ့အရာတစ်ခုရှိနေပြီး၊ ဒီပြဿနာထဲမှာ ဗီယက်နမ်လူမျိုးသာမက ဆက်စပ်နေတဲ့ဂျပန်လူမျိုးပါ ပါဝင်နေတယ်လို့ထင်ပါတယ်။
နည်းပညာသင်ကျွမ်းကျင်အလုပ်သမားအဖြစ် ဂျပန်ကိုရောက်လာပြီး၊ လုပ်ငန်းခွင်မှာကြုံတွေ့ရတဲ့ဒုက္ခတွေကနေ ဘုန်းကြီးကျောင်းကိုရောက်လာတဲ့ အသက် ၂၈ နှစ်အရွယ် ဗီယက်နမ်လူမျိုးယောက်ျားလေးတစ်ယောက်ရဲ့ ရင်တွင်းစကားကိုမေးကြည့်ခဲ့ပါတယ်။

 

https://news.yahoo.co.jp/articles/41dbd73d1c90acc793f06ee270fde228e4c2a27b

 

ကျွမ်းကျင်လုပ်သားတွေနေရာမှာ မကောင်းတဲ့လူတွေချည်းပါပဲ…

မျက်ဝန်းထဲမှာ မျက်ရည်အပြည့်နဲ့ဂျပန်မှာရင်ဆိုင်ရတဲ့ သူ့ရဲ့အတွေ့အကြုံတွေကိုပြောပြခဲ့ပါတယ်။

သူဟာယန်းသောင်း ၈၀ လောက်ငွေချေးပြီး ၂၀၁၆ ခုနှစ် ၁၀ လပိုင်းမှာ ဂျပန်ကိုရောက်လာခဲ့ပါတယ်.
Kumamoto ခရိုင်ရှိ စိုက်ပျိုး‌ရေးသုံးဗီနိုင်းအိမ်ဆောက်လုပ်ရေးကုမ္ပဏီမှာ ကျွမ်းကျင်လုပ်သားအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။
ပေးထားတဲ့နေရာအကျယ်က ကွန်တိန်နာလောက်သာ..
ကွန်တိန်နာ ၁ လုံးမှာ လူ ၃ ယောက်နေရပြီး၊ ရေချိုးတဲ့နေရာကတော့ အပြင်မှာဗီနိုင်းနဲ့ဆောက်ထားတဲ့ တဲမှာဖြစ်ပါတယ်.
ဆောင်းရာသီမှာ ဟနေတဲ့နေရာကနေလေတွေဝင်ပြီး၊ ခဲမတတ်အအေးဒဏ်ကိုခံခဲ့ရပါတယ်။

တစ်လလုံးနားရက်ဟာ ၄ ရက်သာပေးပါတယ်…
လစာဟာ ယန်း ၉ သောင်းကနေ ၁၀ သောင်းဖြစ်ပြီး၊ ဒီအတွင်းယန်း ၂ သောင်းကိုနေထိုင်စရိတ်အဖြစ်ပြန်နုတ်ယူတဲ့အတွက် လက်ထဲမှာယန်း ၇ သောင်းသာကျန်ပါတယ်။
ဒေသခံလုပ်ဖော်ကိုင်ဖက်ဂျပန်လူမျိုးတို့ပြောတဲ့စကားကိုလည်း နားလည်ဖို့ခက်ခဲပြီး, ပြန်ကြားတဲ့အခါ စိတ်ဆိုးရတဲ့အခြေအနေ …
သူဌေးကိုလုပ်ငန်းခွင်ပတ်ဝန်းကျင်တိုးတက်ဖို့ တောင်းဆိုလည်း နားမထောင်ပေးခဲ့ပါဘူး။

ဂျပန်ရောက်ပြီး ၁ နှစ်အကြာလောက်မှာပဲ ရုတ်တရက်သူဌေးဆီကကြားလိုက်ရတဲ့စကားဟာ….

“ နောက်အပတ် ဗီယက်နမ်ပြန်တော့.. တဲ့…

အကြွေးတောင်ဆပ်လိုမကုန်သေးဘဲ အိမ်ပြန်ဖို့ကလည်းမဖြစ်နိုင်လို့ Tochigi မှာနေထိုင်တဲ့ လူမျိုးတူသူငယ်ချင်းကိုအကူအညီတောင်းပြီး ထွက်ပြေးပါတော့တယ်။

SNS မှာTochigi ခရိုင်းတွင်း ဗီယက်နမ်အဖွဲ့အစည်းကနေ ယာယီအလုပ်ခေါ်စာတွေရှိပါတယ်။ ဒါပေမဲ့မိတ်ဆက်ပေးခ လိုအပ်ပါတယ်။ သူငယ်ချင်းဆီမှာငွေချေးပြီး ရတဲ့လခနဲ့ပြန်ဆပ်ပါတယ်။

ဒီလိုလုပ်ရင်းဂဟေဆော်တဲ့အလုပ်ကိုတွေ့သွားပြီး Saitama ခရိုင်မှာနေထိုင်နေရင်း..လမ်းမှာရဲနဲ့တွေ့ကာအလုပ်အကိုင်ကိုမေးခဲ့ပါတယ်။
တရားမဝင်နေထိုင်မှုပေါ်သွားပြီး၊ အဖမ်းခံလိုက်ရပါတယ်။
အဲ့ဒီနောက် စောင့်ကြည့်မိန့်နဲ့ယာယီလွှတ်ပေးလိုက်ပြီး သူဟာ Daionji လို့ခေါ်တဲ့ဗီယက်နမ်ဘုန်းကြီးကျောင်းမှာစည်းကပ်နေထိုင်ပြီး ပြန်ဖို့လေယာဥ်ခရီးစဥ်ကျလာဖို့စောင့်နေတယ်လို့ဆိုပါတယ်။

“ Tochigi, Saitama နောက်ပြီး ဒီဘုန်းကြီးကျောင်းကိုရောက်လာပြီး သဘောကောင်းတဲ့ဂျပန်လူမျိုးတွေနဲ့တွေ့ဆုံခဲ့ရပါတယ်။
အစပိုင်းမှာခက်ခဲတဲ့အချိန်တွေကိုဖြတ်သန်းခဲ့ရပေမဲ့၊ အခုတော့ ဂျပန်ကိုလာခဲ့ရလို့ဝမ်းသာပါတယ်။”

လို့ပြောပါတယ်။

ဒီလိုကိစ္စတွေဟာ ကျွမ်းကျင်အလုပ်သမားတွေကြုံတွေ့ရတဲ့ပြဿနာတွေပဲဖြစ်ပါတယ်။
ကျွမ်းကျင်လုပ်ငန်းခွင်ဟာဒီလိုအ‌ခြေအနေဖြစ်ပြီး ဒုက္ခရောက်ချိန်ကူညီပေးသင့်တဲ့ ဗီယက်နမ်ဘက်ကအေဂျင်စီရော၊ ဂျပန်ဘက်ကပါအလုပ်မဖြစ်ပါဘူး။
ဒါကြောင့်သူတို့အတွက်ထွက်ပြေးရုံရလွဲပြီး မရှိတော့ဘူးဆိုတာနားလည်ရပါတယ်။
အလုပ်ရှင်မကောင်းလို့ ရာဇဝတ်မှုတွေကျူးလွန်မိတာပါဆိုတာကတော့ နောက်ထပ်ပြဿနာတစ်ပိုင်းပါ…သို့သော်လည်း…

နည်းပညာသင်ကျွမ်းကျင်လုပ်သားစနစ်ကို လေးလေးနက်နက်လုပ်ဆောင်နေတဲ့အဖွဲ့အစည်း, ကုမ္ပဏီတွေအများကြီးရှိတဲ့အထဲ ဒီလိုယုတ်ညံ့တဲ့ကုမ္ပဏီတွေရှိတာက ဗီယက်နမ်အတွက်ရော၊ ဂျပန်အတွက်ပါ အန္တရာယ်ရှိရုံကလွဲပြီး အကျိုးမဖြစ်လာပါဘူး။

နည်းပညာသင်ကျွမ်းကျင်လုပ်သားတွေအဖြစ် ဂျပန်လာဖို့စဥ်းစားနေသူအားလုံး နောက်တစ်ကြိမ်သေသေချာချာ စစ်ဆေးကြည့်ပါ။
သင်ယခုသွားမယ့်ကုမ္ပဏီ၊ စီနီယာမြန်မာတွေရှိမယ်ဆို အင်တာနက်ကနေလည်းအချက်အလက်တွေကိုစုဆောင်းကြည့်ပါ။
မဟုတ်ဘူးဆိုရင် interview မယ့်လူကတကယ်ရော ယုံကြည်ရရဲ့လား?
ပို့ပေးမယ့်အေဂျင်စီနဲ့အဖွဲ့အစည်းက သင့်တော်တဲ့တုံ့ပြန်မှုတွေရော လုပ်ပေးနေရဲ့လား?

သင့်ဘဝတစ်လျှောက်လုံးမှာ အမည်းစက်ကြီးတစ်ခုဖြစ်သွားနိုင်ပါတယ်။
သေချာစွာစစ်ဆေးပြီး နည်းပညာသင်ကျွမ်းကျင်လုပ်သားစနစ်ကို ကြံ့ခိုင်ကောင်းမွန်တဲ့ပုံစံအဖြစ်ပြန်လည်ခေါ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: