“ ပေါ့ပေါ့ပါးပါးသုံးရတဲ့ Hanko နဲ့ အလွန်အရေးကြီးတဲ့ Inkan တို့ရဲ့ ကွဲပြားချက်” နှင့် “ သုံးသင့်/မသုံးသင့်သည့် နေရာ။”

Hanko နဲ့ လက်မှတ်တံဆိပ်တုံးတို့မှာ မိမိရဲ့နာမည်ကိုရေးထားပါတယ်။ ဂျပန်လက်ဆောင်အဖြစ် ကိုယ်ပိုင် Hanko ပြုလုပ်ပြီး ပြန်ဝယ်သွားတဲ့ လူတွေတောင်ရှိပါတယ်။ Paperless စနစ်ကိုပြောင်းလဲလာတဲ့အထဲမှာ ဂျပန်ရဲ့ Hanko ယဉ်ကျေးမှုကလည်း ပျောက်ကွယ်စပြုလာပါတယ်။ ဒါပေမဲ့ ဂျပန်မှာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေဆဲပါ။ သေသေချာချာမစီစစ်ဘူးဆို သင့်ရဲ့ပိုင်ဆိုင်မှုတောင် ဆုံးရှုံးသွားနိုင်ပါတယ်?

ဟုတ်ပါတယ် Hanko နဲ့ လက်မှတ်တံဆိပ်တုံး Inkan ဆိုတဲ့ နှစ်မျိုးရှိပါတယ်။
အခြေခံကျကျကွာခြားချက်ရယ်လို့မရှိပေမဲ့ Hanko ဆိုရင် အနည်းငယ်ယေဘုယျဆန်ပြီး၊ Inkan ကတော့ အရေးကြီးတဲ့အရာမျိုးဖြစ်ပါတယ်။ တကယ်တော့ Hanko တွေရဲ့အမျိုးအစားနဲ့လိုက်ပြီး ၎င်းရဲ့ပုံပန်းသွင်ပြင်ကိုခွဲခြားလို့ရပါတယ်။

www.upmedia.mg

ဂျပန်လူမျိုးရဲ့ ပုံမှန်မျိုးရိုးနာမည်ဆိုရင် ယန်း ၁၀၀ တန်ဆိုင်တွေက Hanko ကိုအလွယ်တကူဝယ်နိုင်တယ်။ တစ်နည်းအားဖြင့် အမြောက်အများထုတ်လုပ်နိုင်တဲ့အတွက်၊ ဘယ်သူပဲဖြစ်ဖြစ် ပုံစံတူဝယ်နိုင်ပါတယ်။ ဒါပေမဲ့ သက်သေခံအဖြစ် မူရင်း Hanko အနေနဲ့တော့ သုံးလို့မရဘူးပေါ့။…
အဲ့ဒီအတွက် ဒီ Hanko ကို (အသိအမှတ်ပြုတံဆိပ်တုံး) လို့သာခေါ်ပြီး၊ မှာယူတဲ့ပစ္စည်းလက်ခံချိန်နဲ့ အခြားအလွဲသုံးစားမလုပ်ဘူးဆိုရင်တော့ ဒီ Hanko တွေကိုအသုံးပြုနိုင်ပါတယ်။

တစ်ဖက်မျာလည်း လက်မှတ်တံဆိပ်တုံး ဆိုတဲ့ပုံစံတစ်မျိုးကတော့ ကိုယ်ရေးကိုယ်တာစစ်မှန်ကြောင်း အထောက်အထားပြတဲ့အခါ သုံးတဲ့အရာဖြစ်ပါတယ်။ 印鑑 “ Inkan” လို့ခေါ်ပါတယ်။
ဥပမာ ဘဏ်တွေမှာအသုံးပြုတဲ့အခါ။
ဘဏ်မှာတော့ မိမိရဲ့လက်မှတ်တံဆိပ်တုံးကိုနှိပ်ရပါတယ်။ ၎င်းကိုယူသွားခြင်းဖြင့် ကာယကံရှင်ဖြစ်ကြောင်း သက်သေပြခြင်းဖြစ်ပါတယ်။
ကားဝယ်တဲ့အချိန်၊ အိမ်ဝယ်တဲ့အချိန်လည်း ထိုနည်းတူဖြစ်ပါတယ်။

အစိုးရရုံးမှာ မှတ်ပုံတင်ထားတဲ့ Inkan  ဟာ မှန်ကန်ကြောင်း အထောက်အထားနှင့်အတူ ၎င်း Inkan ကိုပါ အတူယူသွားခြင်းဖြင့် မှန်ကန်ကြောင်းအတည်ပြုရပါတယ်။

တကယ်တော့ ယန်း ၁၀၀ တန်ဆိုင်မှာ ရောင်းနေတဲ့ အမြောက်အများထုတ်ထားတဲ့ Hanko ကိုလည်း မှတ်ပုံတင်နိုင်တယ်။ လက်တွေ့ မှတ်ပုံတင်ထားတဲ့လူတွေလည်း အများကြီးရှိပါတယ်။
ဒါပေမဲ့ အန္တရာယ်တော့ရှိတာပေါ့…
မိမိနဲ့ပုံစံတူ Hanko တွေကို တစ်မြို့လုံးမှာ ရောင်းချနေတယ်ဆိုတော့လည်း…

လက်မှတ်တံဆိပ်တုံး တစ်ခုတည်းသာမက ID ကဒ်ပြားကိုလည်း တောင်းကြတဲ့အတွက်၊ Hanko တစ်ခုတည်းရှိရုံနဲ့ ပိုက်ဆံထုတ်လို့ရတယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ID ကဒ်ပြားလို တစ်ခုတည်းသာရှိတဲ့အရာတွေကို အမြောက်အများထုတ်ကြရင်တော့ တကယ့်အန္တရာယ်ပါ။

ဒါကြောင့် မိမိရဲ့ကိုယ်ပိုင် Inkan ရဖို့ တံဆိပ်တုံးထွင်းသူထံမှာ သွားအပ်နှံရပါတယ်။
ဒါကြောင့် Inkan တွေဟာ တစ်ခုနဲ့တစ်ခုပုံစံမတူကြပါဘူး။…

www.hanko-meister.com

ဒါဖြင့် လက်နဲ့ထွင်းထားတဲ့ Inkan တစ်ခုတည်းနဲ့ဆိုရင်ရော ပြီးပြီလား? လို့ပြောရင် ဒါလည်းစိတ်မချရသေးပါဘူး။ ပစ္စည်းလက်ခံတဲ့အချိန်မှာ မိမိရဲ့အရေးကြီး Inkan တံဆိပ်တုံးကို နှိပ်ပေးလိုက်ရင်၊ ဘယ်သူမှန်းမသိတဲ့ ပစ္စည်းလာပို့သူက တံဆိပ်တုံးနှိပ်ပေးလိုက်တဲ့စာရွက်ကိုပြန်ယူသွားမှာမို့လို့၊ မိမိ Inkan နဲ့ပုံစံကို ကူးချထားတဲ့ Hanko တွေထွက်လာမှာ စိုးရိမ်စရာရှိပြန်ပါတယ်။

ဒါကြောင့် ပုံမှန်အခြေအနေဆို အသိအမှတ်ပြုထားတဲ့ Hanko ကိုသာအသုံးပြုရပါမယ်။ (ယန်း ၁၀၀ တန်ဆိုင်မှာ ရောင်းချသော Hanko များ)
သင့်ပိုင်ဆိုင်မှုကို ကာကွယ်ပေးမယ့် Inkan ဟာ လက်နဲ့ထွင်းထားတဲ့အရာဖြစ်လို့၊ သိုသိုသိပ်သိပ်ထားရပါမယ်။ အရေးကြီးတဲ့အချက်ပါ။

ဂျပန်မှာနေထိုင်မယ်ဆိုရင် နိုင်ငံခြားသားဖြစ်ပါစေ Hanko ကိုအသုံးပြုဖို့ လိုအပ်လာတဲ့အချိန်ရှိတတ်ပါတယ်။
ဒါကြောင့် ဒီနှစ်ခုကို သေသေချာချာခွဲခြားပြီး အသုံးပြုပါ….။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: