ကိုရိုနာကြောင့်ဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာမှု !!!!

Covid-19 ရဲ့သက်ရောက်မှုကြောင့် တစ်ကမ္ဘာလုံးကသည်းမခံရင်မရတဲ့အခြေအနေမှာရှိပါတယ်။
အစိုးရရဲ့ထောက်ပံ့မှုတွေကရှိနေလည်းပဲ၊ အဲ့ဒါတစ်ခုတည်းနဲ့တင်မဖြေရှင်းနိုင်တဲ့ကိစ္စပြဿနာတွေလည်းအများကြီးရှိပါတယ်။
အားလုံးကပင်ပန်းခက်ခဲနေကြတာတောင် ကူညီမှုတွေလုပ်ကြရအောင်လို့ဆိုလာတဲ့ လှုပ်ရှားမှုတွေကလည်း ဂျပန်မှာပေါ်ထွက်လာခဲ့ပါတယ်။

စိတ်ကိုနွေးထွေးစေတဲ့ကူညီမှုတွေကို ကြည့်လိုက်ရအောင်

မိဘတစ်ဦးတည်းရှိတဲ့အိမ်ကို ထမင်းဘူးအခမဲ့ပေးခြင်း

 

https://www3.nhk.or.jp/news/html/20200427/k10012407561000.html

အဖေဒါမှမဟုတ်၊ အမေကလွှဲပြီးမရှိတဲ့ မိဘတစ်ဦးတည်းရှိတဲ့အိမ်တွေက အပြင်အလုပ်ရော၊အိမ်အလုပ်ကိုပါ တစ်ဦးတည်းလုပ်ဆောင်နေရတာဖြစ်တဲ့အတွက် အရမ်းပင်ပန်းပါတယ်။
ဝင်ငွေနည်းပြီးပင်ပန်းရတဲ့အထဲမှာ ပိုဆိုးတာကကလေးတွေရဲ့ကျောင်းကလည်းပိတ်ထားရသလို၊ အိမ်အလုပ်တွေကလည်းပိုပြီးလုပ်ရတာပါပဲ။

အဲ့ဒီလိုမိသားစုတွေကိုထောက်ပံ့တဲ့လှုပ်ရှားမှုတွေက ဂျပန်မှုအစပြုလာပါပြီ။
(မြန်မာမှာတော့ လှူဒါန်းမှုတွေ၊ထောက်ပံ့မှုတွေကိုအများအပြားလုပ်နေကြပေမဲ့၊ ဂျပန်လိုနိုင်ငံမှာတော့ အခုနောက်ပိုင်းမှအစပြုလာကြတယ်ပေါ့….)

東京港区六本木 အီတလီဟင်ဆိုင်ရဲ့ manager ဖြစ်သူ 笹(ささ)さん ဟာလည်း အမေတစ်ခု၊သားတစ်ခုဘဝနဲ့ကြီးပြင်းလာရတဲ့အတွက် သူကိုယ်တိုင်ဘယ်လောက်ပင်ပန်းတယ်ဆိုတာကိုသိပုံရပါတယ်။
ဒါကြောင့်သူဟာ မိဘတစ်ဦးတည်းရှိတဲ့အိမ်ရဲ့ကလေးနဲ့မိဘကိုလည်း သူတို့ရဲ့ပင်ပန်းခက်ခဲမှုတွေကို လျစ်လျူရှုမထားနိုင်ခဲ့ပါဘူး။

သူဟာ ၄လပိုင်း လဝက်ကနေစပြီး မိဘတစ်ဦးတည်းရှိတဲ့အိမ်တွေကိုညစာအတွက် ထမင်းဘူးတွေကိုနေ့တိုင်းအခမဲ့လိုက်ပေးနေခဲ့ပါတယ်။

ပေးတဲ့အိမ်အရေအတွက်ကလည်း တစ်ဖြည်းဖြည်းများလာတာကြောင့်၊ ၄ လပိုင်း၊ ၂၇ ရက်နေ့ နေ့ခင်း ၂ နာရီခွဲလောက်ကနေစပြီး သူ့ရဲ့ဝန်ထမ်းတစ်ယောက်ဆီက ထမင်းဘူး အဘူး ၅၀ စာအတွက်ဝိုင်းဝန်းပြင်ဆင်တာကို လက်ခံရရှိခဲ့ပါတယ်။

အဲ့ဒီဝန်ထမ်းလေးဟာ စက်ဘီးနဲ့ပဲတစ်အိမ်ချင်းစီကိုလိုက်သွားပြီး ထမင်းဘူးတွေကိုပို့ပေးလျက်ရှိပါတယ်။

ဒီစားသောက်ဆိုင်ကြောင့် single parent supporting network ကဂျပန်တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပါတယ်။

ထမင်းဘူးလည်းအခမဲ့၊ ပို့ခလည်းအခမဲ့
တကယ်တော့ ထမင်းဘူးထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေရဲ့ကုန်ကျမှုတွေ၊ ချက်ပြုတ်မှုစာရိတ်
သူ့ရဲ့စားသောက်ဆိုင် ငှားရတဲ့အခ၊ နောက်ပြီးဝန်ထမ်းခ အစရှိသဖြင့်ကုန်ကျမှုတွေရှိပါတယ်။

စားသောက်ဆိုင်လည်း ဆိုင်မဖွင့်နိုင်တော့ဘဲ၊ ထမင်းဘူးကိုသာရောင်းရပါတယ်။
သေချာတာကတော့ သူအရှုံးပေါ်နေပါပြီ..
သူဟာ ဒီလိုအခြေအနေမှာ ကိုယ်တတ်နိုင်သလောက်လေး ထောက်ပံ့ပေးနိုင်တာများမရှိဘူးလာ? လို့တွေးပြီးအစွမ်းကုန်ကူညီနေတာပဲဖြစ်ပါတယ်။
လူတွေအတွက်လိုက်ပြီးစဥ်းစားဖို့ အချိန်ပိုတွေမရှိပါဘူး။
အခုအခြေအနေက သူလိုကိုယ်လို ခက်ခဲနေကြတာပါ..

အစိုးရဘက်ကတစ်ဦးချင်းအတွက်ထောက်ပံ့ငွေ၊ စီးပွားရေးလုပ်ငန်းအတွက်ထောက်ပံ့ငွေ ဒီလိုပေးတာတွေရှိပေမဲ့၊ ကိုယ်ရဲ့အနီးအနားမှာရှိတဲ့နေရာတွေကို ကိုယ်ကိုတိုင်ကတတ်နိုင်သလောက်ပြန်ပြီးကူညီတဲ့ ဒီလိုပုဂ္ဂိုလ်ကို ကျွန်တော်မလေးစားဘဲမနေနိုင်ပါဘူး။

ဒီလိုအံ့သြစရာကောင်းတဲ့လူတွေရဲ့ဆိုင်မှာ သွားပြီးအားပေးကြဖို့ကျွန်တော်တိုက်တွန်းချင်သလို ၊ ဒီကပ်ကြီးကလည်း မြန်မြန်ပြီးစီးသွားဖို့ ဆန္ဒပြုမိပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: