အိမ်ခြေရာမဲ့များအားဖယ်ရှားခြင်းကနေအစပြုခဲ့ပြီး၊ ရည်ရွယ်ချက်နဲ့လွဲချော်ခဲ့ရတဲ့ ခုံတန်းရှည်များ

ဂျပန်ရဲ့ပန်းခြံနဲ့ ဘူတာရှေ့ အများပြည်သူသွားလာတဲ့နေရာစတဲ့ လူစုလူဝေးဖြစ်တဲ့နေရာတွေမှာ ခုံတန်းရှည်များကို ထားပေးကြပါတယ်။
မိတ်ဆွေသူငယ်ချင်းနဲ့ခေတ္တ ပျော်ရွှင်စွာစကားပြောအနားယူတဲ့နေရာမှာတော့ အကောင်းဆုံးပဲပေါ့.. ဒါပေမဲ့၊ ဒီခုံတန်းရှည်တွေရဲ့ပုံသဏ္ဍာန်ဟာ တစ်ဖြည်းဖြည်းဆန်းသစ်ပြောင်းလဲလာပါတယ်။

ဂျပန်မှာတော့ အိမ်ခြေရာမဲ့ဆိုတဲ့လူတန်းစားတစ်မျိုးက အတော်လေးသိသိသာသာနည်းသွားပါတယ်။
ကျန်းမာရေးနှင့်မညီညွတ်မှု၊ ကြောက်စရာကောင်းမှု စတဲ့အကြောင်းပြချက်တွေနဲ့ သူတို့တွေကိုမုန်းတဲ့ဂျပန်လူမျိုးတွေ အများအပြားရှိပြီး၊ လုံခြုံစိတ်ချရေးအတွက်လို့ အမည်တပ်ကာ ဖယ်ရှားခြင်းတွေကို လုပ်ဆောင်လာပါတယ်။

ကြောက်တယ်ကြောက်တယ်လို့သာပြောပေမဲ့၊ အိမ်ခြေရာမဲ့တွေဆီကနေတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရတယ်ဆိုတာမျိုးကတော့ မရှိသလောက်ကိုရှားပါတယ်။
ဒါနဲ့ဆန့်ကျင်ဘက်အနေနဲ့ အိမ်ခြေရာမဲ့တွေကို မိမိရဲ့စိတ်ချမ်းသာစေဖို့ရန်အတွက်၊ လက်သီးနဲ့ထိုးတာတို့ ခြေထောက်နဲ့ကန်တာတို့ ပြုလုပ်သူတွေရှိတာကြောင့်၊ အိမ်ခြေရာမဲ့ထက်စာရင် သာမန်လူကပိုပြီးကြောက်စရာကောင်းနေပါတယ်။…..

အဲ့ဒီလိုပုံစံဖြင့် အိမ်ခြေရာမဲ့တွေဟာ ရှင်းလင်းဖယ်ရှားခြင်းခံလာရပါတယ်။
သူတို့တွေဟာ ပန်းခြံရဲ့ခုံတန်းရှည်အစရှိတဲ့နေရာတွေမှာ အိပ်စက်ကြပေမဲ့၊ သူတို့တွေအဲ့ဒီလိုလာမအိပ်တော့အောင်လို့ ခုံတန်းရှည်ရဲ့ပုံစံကို ဂျပန်ဟာစပြီးပြောင်းလဲလိုက်ပါတော့တယ်။

အဲ့ဒီရလဒ်ဟာ ပုံမှန်အားဖြင့်အသုံးပြုဖို့တော့ခက်ခဲသွားပြီး၊ ပဟေဠိဆန်တဲ့ခုံတန်းရှည်တွေအဖြစ် ဆန်းသစ်သွားပါတယ်။

ပထမဆုံးပေါ်လာတာကတော့ ဒီမှာပါ…

http://blog.livedoor.jp/dqnplus/archives/2009191.html

ထိုင်ဖို့အတွက်တော့ပြဿနာမရှိပေမဲ့၊ ခုံလက်တန်းတွေထပ်ထားတာကြောင့် ဘယ်လိုမှလဲအိပ်ဖို့အဆင်မပြေပါဘူး။
ဒါနဲ့ပဲ ကြိုးစားပြီးအိပ်မယ်လုပ်လာကြပါတယ်။

အဲ့ဒီလောက်အထိလည်းကပ်စေးနဲဖို့မလိုပါဘူးလို့တွေးမိပေမဲ့၊ နောက်ထပ်တစ်ခု ဒီဟာသာဆိုရင်တော့ “ ထိုင်ဖို့” ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုက်ညီတဲ့ခုံတန်းရှည်တစ်ခုဖြစ်ပေမဲ့၊ ပြောင်းလဲသွားပါတယ်။

သက်သောင့်သက်သာထိုင်ခြင်းဆိုတာက ဘယ်ကိုများပြေးထွက်သွားပြီလဲနော်…

ထိုင်ဖို့ခက်လိုက်တာ … ဒါကြီးကတော့
လှဲအိပ်ဖို့နေနေသာသာ အကြာကြီးထိုင်ဖို့တောင်အဆင်မပြေအောင်လုပ်ထားတဲ့ပုံစံမျိုးပါ…
နောက်ထပ်ပြောင်းလဲမှုကတော့ ဒီမှာပါ..

ထိုင်ခိုင်းစေချင်တဲ့စိတ်တောင် မရှိတဲ့ပုံပဲနော် ?
ဒါကိုဖန်တီးလိုက်တဲ့ပုဂ္ဂိုလ်၊ သူကိုယ်တိုင်တောင်ထိုင်ဖူးရဲ့လားမသိပါဘူး…

အဲ့ဒါထက်ပိုဆိုးတာက ဘာကိုလုပ်နေတာလဲဆိုတာတောင်မသိတော့ပါဘူး။

ဘယ်နေရာမှာဘယ်လိုထိုင်ရမှန်းမသိအောင်လုပ်ထားတာဖြစ်နိုင်ပါတယ်။

ခုံတန်းရှည်တွေဖယ်လိုက်တဲ့ရလဒ်ကတော့၊ လွတ်လပ်သွားတဲ့နေရာတွေမှာ လာထိုင်မယ့်သူတွေရှိတာကြောင့် ဒါနဲ့ပဲ…..

ချော်လဲကျသွားလို့ကတော့ ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်နော်…

အိမ်ခြေရာမဲ့တွေကိုအသာထား၊ ပုံမှန်သွားလာတဲ့လူတွေအတွက်တောင် ဒုက္ခရောက်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။
သတိမထားမိလိုက်တဲ့အချိန်မှာပဲ ဂျပန်ဟာလူတွေအပေါ် ကြင်နာတရားရှိဖို့ တစ်ဖြည်းဖြည်းမေ့ပျောက်စပြုလာပါပြီ။……

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: