ANAလေကြောင်းလိုင်းက အသစ်ပြမယ့်ဗီဒီယို !!!
ကဲအခုကစပြီး ဂျပန်ကိုသွားမယ့်လေယာဥ်ကစတင်ပျံသန်းပါတော့မယ်။
မြန်မာကနေ တိုက်ရိုက်လေကြောင်းလိုင်းက တစ်လိုင်းဘဲရှိပြီးတော့
ကျန်တာတွေကတော့ တစ်ဆင့်စီးရတာကများပါတယ်။
လေယာဥ်မပျံသန်းခင်မှာ ဘေးကင်းလုံခြုံမှုများအတွက်ပြတဲ့ ဗီဒီယိုကို
ကြည့်ဖြစ်ကြလား?
တော်တော်များများမကြည့်ဖြစ်တဲ့သူတွေများမယ်ထင်တယ်နော်…
အဲဒီအတွက် ANAလေကြောင်းလိုင်းက လူတိုင်းကြည့်ချင်တဲ့ဗီဒီယိုဖြစ်အောင် တီထွင်ကြံဆခဲ့ပါတယ်။
အောက်က ဗီဒီယိုကိုကြည့်လိုက်ပါနော် ..
တော်တော်လေးစိတ်၀င်စားဖို့ကောင်းတယ်နော်..
အိုင်ဒီယာလေးကကောင်းတော့ ပိုပြီးကြည့်ချင်စိတ်ဖြစ်စေတာပေါ့။
https://gunosy.com/articles/aFGtA?s=s
ဂျပန်၏ ရိုးရာယဥ်ကျေးမှုဖြစ်တဲ့ ခဘုခိ 歌舞伎(かぶき)ပြဇာတ်ကို ရိုက်ထားတာပါ။
ပါ၀င်တဲ့သရုပ်ဆောင်တွေကလည်း တကယ်တမ်းပြဇာတ်ကနေတဲ့သူတွေကို သုံးထားတာပါ။
ဓာတ်ပုံထဲက အမျိုးသမီးဆိုက တကယ်တော့ အမျိုးသားပါ။
ခဘုခိပြဇာမှာက မိန်းခလေးနေရာကို ယောကျာ်းလေးတွေက သရုပ်ဖော်ကကြတာပါ။
မိန်းခလေးမဟုတ်ပေမယ့် မိန်းခလေးတွေတက်တောင်ပိုပြီး မိန်းမဆန်ဆန်ပီပြင်ကြပါတယ်။
ဒီဗီဒီယိုကို ၂၀၁၉၊ ၁လပိုင်းကပြီး အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေမှာ
ပြသသွားမယ်လို့သိရပါတယ်။
အကယ်၍ ANA ေလေကြာင်းလိုင်းနဲ့သွားဖြစ်ခဲ့ရင်
ဘယ်လိုဗီဒီယိုဖြစ်မလဲဆိုတာ ကြည့်ကြည့်လိုက်နော်….