50ccနဲ့ တစ်နာရီကို 200 ကီလိုမီတာမောင်းနှင်နိုင်တဲ့ဆိုင်ကယ်!

50cc ဆိုင်ကယ်က  အားလုံးအတွက် နည်းနည်းထူးဆန်းမနေဘူးလား?

မြန်မြန်မောင်းလို့မရဘူးထင်တယ်နော်။

ဆိုင်ကယ်သေးသေးလေးက တစ်နာရီမှာ ၂၀၀ ကီလိုမီတာမောင်းနှင်နိုင်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် အဲ့ဒီလို ဆိုင်ကယ်က ပေါ်ထွက်လာခဲ့ပါတယ်။

 

အမေရိကမှာ Bonneville Motorcycle Speed Trials ဆိုတဲ့ဆိုင်ကယ်ပြိုင်ပွဲကို နှစ်တစ်ရာကျော်လောက်ကတည်းက ဆက်လက်ပြီး ကျင်းပလျက်ရှိပါတယ်။

အဲ့ဒီ ပြိုင်ပွဲက ၂၀၀၈ ခုနှစ်မှာ အံ့ဩဖွယ်ကောင်းတဲ့ စံချိန်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

 

50cc အောက် အမျိုးအစားတွေမှာ တစ်နာရီကို 233 ကီလိုမီတာ နဲ့ စံချိန်ချိုးပြီးတော့ အခု ၁၀နှစ်ကြာတာတောင် အဲ့ဒီစံချိန်ကို မကျော်နိုင်သေးပါဘူး။

အဲ့ဒီ ဘယ်လိုမှ မဖြစ်နိုင်တဲ့ စံချိန်ကို စိန်ခေါ်ဖို့အတွက် ဂျပန်အဖွဲ့ အစည်းတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။

 

Honda က သေချာပေါက်လုပ်မယ်လို့ ထင်ထားခဲ့ပေမယ့် ၁၀ နှစ်ကြာတာတောင်ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

50cc engine lineup ကို ကြည့်မယ်ဆိုရင် အနာဂတ်မှာ ဖြစ်နိုင်ခြေရှိပါတယ်။

ဒီလိုဆိုရင် ကိုယ်ကိုတိုင်မလုပ်လို့မရဘူးလို့ ထင်ခဲ့ပါတယ်။

 

တစ်ချိန်က ရိုက်တာရဲ့ ပရိုတစ်ဦးဖြစ်ခဲ့ပြီး ရုပ်ရှင် ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ချိကကနဲ တခုရှိစံ 近兼拓史 က ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီပွဲမှာ တစ်ကမ္ဘာလုံးရဲ့ စံချိန်ကို ဦးတည်ဖို့အတွက် သူက ၂၀၁၇ ခုနှစ် ၁၀လပိုင်းမှာ SMC(Super Minimum Challenge) ဆိုတဲ့ ပရောဂျက်ကို စတင်ခဲ့ပါတယ်။

2018 ခုနှစ် 7 လပိုင်းမှာ ရေကြောင်းလမ်းနဲ့ အမေရိကကို ဖြတ်ကျော်ခဲ့ပြီး အချိန်တိုအတွင်းမှာ အနိုင်ရခဲ့တယ်လို့ ပြောခဲ့တာရော၊  56 နှစ်အရွယ် ရှိတဲ့ ယာဥ်မောင်းကို မောင်းနှင်စေခဲ့တယ်ဆိုတာတွေက နှစ်ခုလုံး စိန်ခေါ်မှုတွေဖြစ်ခဲ့ပါတယ်။

ယာဥ်မောင်းနဲ့ ဆိုင်ကယ်ပုံစံကိုအောက်မှာဖော်ပြထားပါတယ်။

https://gunosy.com/articles/alrfR?s=s

 

အဲ့ဒါက 50 cc ရဲ့ ဆိုင်ကယ်ဘော်ဒီမဟုတ်ဘူးနော်…

အခြေခံအားဖြင့် Honda Dream 50cc ရဲ့ အင်ဂျင်ကို အသုံးပြုထားပါတယ်။

Speed တစ်ခုထဲကို စဥ်စားမယ်ဆိုရင် အင်ဂျင် ၂ လုံးရဲ့ ပုံစံက သေချာပေါက်သင့်တော်မယ်ဆိုပေမယ့် လက်ရှိ စျေးကွက်မှာတော့ အင်ဂျင်၄လုံး ပုံစံကိုပဲ ရရှိနိုင်တာဖြစ်ပါတယ်။

 

အဲ့ဒီပြိုင်ပွဲက ၈လပိုင်း ၂၅ ရက်နေ့ကနေ စတင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီနှစ်မှာစံချိန်မချိုးနိုင်ခဲ့ပေမယ့်လည်း သူကနောက်နှစ်မှာလည်းဆက်ပြီးယှဥ်ပြိုင်သွားမယ်လို့  ဆုံးဖြတ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ စက်မှုနည်းပညာစေ့စပ်မှုသေချာမှုက ကမ္ဘာ့ထိပ်တန်းဖြစ်လာမလား?

မြန်မာနိုင်ငံမှာလည်း စက်မှုနည်းပညာတွေ ရှယ်တိုးတက်ပြီးတော့ ကမ္ဘာ့စံချိန်ချိုးနိုင်ဖို့ကိုလည်းမျှော်လင့်မိပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: