ဂျပန်တက္ကသိုလ်ကျောင်းသား ၁၃ ဦးထဲက ၁ ဦးက ကျောင်းထွက်ဖို့စီစဥ်နေ ?

 

 

https://cdn.mainichi.jp/vol1/2020/04/17/20200417k0000m040105000p/8.jpg?1

ဂျပန်မှာမျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေပိုပိုပြီးများလာပါတယ်။
စီးပွားရေးမှာလည်း ကြီးကြီးမားမားသက်ရောက်မှုတွေရှိနေပြန်ပါတယ်။
အစိုးရဘက်က အပြင်ထွက်တာကိုမိမိအသိစိတ်နဲ့မိမိထိန်းချုပ်ဖို့မေတ္တာရပ်ခံချက်တွေလည်းထွက်လာတဲ့အတွက်၊ အပြင်ထွက်လည်လို့လည်းမရပါဘူး။

ဒါကြောင့် live music club , bar အစရှိတဲ့ event တွေ၊ shopping mall , department store, နောက်ပြီး စားသောက်ဆိုင်တွေ သူတို့ရဲ့လုပ်ငန်းတွေ ဒုက္ခရောက်ကုန်ကြပါတယ်။
အစိုးရဘက်က ဒီလိုဆိုင်တွေကိုခေတ္တရပ်နားထားဖို့တောင်းဆိုထားပြီး၊ အကယ်၍ လစာကိုအာမခံထားပေးမယ်ဆိုရင်တော့ စိတ်ချလက်ချနဲ့ပိတ်လို့ရပေမဲ့၊
စားဝတ်နေရေးကြောင့်ဆိုင်ပိတ်လို့မရနိုင်တာတွေလည်းရှိပါတယ်။ ဒီလိုအခြေအနေမှာ လက်ရှိတက္ကသိုလ်ကျောင်းသားတွေအတွက်လည်း ဆိုးဝါးတဲ့သက်ရောက်မှုတွေ အစပြုနေပါပြီ။

ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ကျောင်းသားတစ်ယောက်ချင်းစီကိုလိုက်ပြီးမေးမြန်းချက်အရ၊ ပြန်ဖြေကြားသူ ကျောင်းသား ၁၃ ဦးထဲက ၁ ဦးကတော့ ကျောင်းထွက်ဖို့စဥ်းစားနေပါပြီ..ဆိုတာကိုသိခဲ့ရပါတယ်။
ဘာကြောင့်ဒီလိုဖြစ်သွားရတာလဲ?

အကြောင်းကတော့ ကိုရိုနာဖြစ်သွားတဲ့အခြေအနေကြောင့်၊ တက္ကသိုလ်ကျောင်းသား ခန့်မှန်းခြေ ၆ ရာခိုင်နှုန်းလောက်ဟာ အချိန်ပိုင်းအလုပ်ဝင်ငွေနည်းသွားတာတို့၊
အလုပ်လက်မဲ့ဖြစ်သွားတာတွေကြောင့်ပဲဖြစ်ပါတယ်။

နောက်ပြီး မိဘရဲ့ဝင်ငွေနည်းသွားတယ် တစ်ချို့ဆိုအလုပ်လက်မဲ့ဖြစ်သွားတယ်လို့ ဖြေတဲ့ကျောင်းသားတွေကလည်းပဲ ခန့်မှန်းခြေ ၄ ရာခိုင်နှုန်းထက်မနည်းရှိပြီး၊
ကျောင်းသားအများစုကစီးပွားရေးကျပ်တည်းမှုအခြေအနေနဲ့ ရင်ဆိုင်နေရကြောင်းနားလည်ရပါတယ်။

Scholarship မရဘဲ၊ ကိုယ်တိုင်အချိန်ပိုင်းအလုပ်လုပ်ပြီး ရလာတဲ့ဝင်ငွေနဲ့တက္ကသိုလ်တက်နေတဲ့ကျောင်းသားတွေကလည်း ယခု၊ ကျောင်းစာရိတ်ကိုမပေးနိုင်ဘဲ၊
ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ကျောင်းထွက်ရုံကလွဲပြီးမရှိတော့ပါဘူး။

(စကားမစပ် ဂျပန်နိုင်ငံက 国公立大学 National public university ဆိုရင် ကျောင်းစာရိတ်က တစ်နှစ်ပတ်လုံး ခန့်မှန်းခြေ ယန်းသောင်း၆၀ ကုန်ကျပြီး၊
私立大学 Private University ဆိုရင် တစ်နှစ်ပတ်လုံး ခန့်မှန်းခြေ ယန်းသောင်း ၁၀၀ ကုန်ကျပါတယ်။)

ကျောင်းသားတွေက တက္ကသိုလ်မှာစာသင်နှစ် ၄ နှစ်တာကာလပတ်လုံးတက်တက်ကြွကြွနဲ့စာတွေကိုလေ့လာပြီး၊
အနာဂတ်မှာ ဂျပန်နိုင်ငံကိုပြန်ပြီးအကျိုးပြုမယ့်လူသားအရင်းအမြစ်တွေအနေနဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုကိုမျှော်လင့်နေကြပါတယ်။

အဲ့ဒီလိုထူးချွန်တဲ့ကျောင်းသားတွေက ကိုရိုနာကြောင့်၊ ၄ နှစ်တာလုံးအရေးကြီးတဲ့ စာသင်ရမယ့်အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးသွားရတော့မှာလား….

ဂျပန်နိုင်ငံက ဒီလိုအခြေအနေကို လျစ်လျှူရှု့ဖို့သင့်တော်ရဲ့လား?

မိသားစုကချမ်းသာပြီးစီးပွားရေးကလည်း ဘာပြဿနာမှမရှိတဲ့ကျောင်းသားတွေရှိနေပေမဲ့၊ သေချာတာကတော့ အဲ့ဒီလိုပြည့်စုံတဲ့ကျောင်းသားတွေပဲရှိနေတာမဟုတ်ပါဘူး။
ပိုက်ဆံအခက်အခဲရှိလည်းပဲ အခြေအနေကြောင့် မိဘကိုမှီခိုလို့မရတဲ့ကျောင်းသားတွေတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများကြီးရှိပါတယ်။
အဲ့ဒီလိုကျောင်းသားတွေကို ကူညီပေးဖို့ကအစိုးရရဲ့တာဝန်ပဲမဟုတ်ပေဘူးလား?

သင်ယူရရှိခွင့်ဆိုတာက လိုချင်တဲ့သူအားလုံးအတွက် အညီအမျှပေးသင့်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။
တက္ကသိုလ်ဆိုတာ ပိုက်ဆံရှိ၊ချမ်းသာတဲ့လူတွေပဲတက်နိုင်တဲ့နေရာတစ်ခုမဖြစ်သင့်ဘူးလို့ ကျွန်မကတော့ ထင်ပါတယ်။

ဒီမေးမြန်းမှုတွေကိုလုပ်ခဲ့တဲ့ ကျောင်းသားသမဂ္ဂက၊ စာသင်စာရိတ်တစ်ဝက်ကိုအခမဲ့ပေးသင့်တယ်ဆိုတဲ့တောင်းဆိုမှုကို အရေးပေါ်ကြေငြာချက်အနေနဲ့ ပြောကြားခဲ့ပါတယ်။
စီးပွားရေးအခြေအနေကြောင့် လိုအပ်နေတဲ့ကျောင်းသားတွေက ဒီထောက်ပံ့မှုအစီအစဥ်ကိုရရှိဖို့ ဆက်တိုက်ဆုတောင်းနေမိပါတယ်။

 

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: