လူကိုချစ်သွားတဲ့ ပင်ဂွင်းလေး

ပင်ဂွင်းဆိုတာ ခြေထောက်တိုတိုလေးတကွတလမ်းလျှောက်တတ်တဲ့ ချစ်စရာကောင်းတဲ့ သတ္တဝါလေးပါ။
ရေသတ္တဝါပြတိုက်မှာ အတော်ပဲလူကြိုက်များတသတ္တဝါဖြစ်ပြီး အဲ့ဒီပင်ဂွင်းတွေထဲမှာမှ တခြားအကောင်တွေနဲ့မတူဘဲ တော်တော်လေးချစ်စရာကောင်းတဲ့ ပင်ဂွင်းလေးတစ်ကောင် ရှိပါတယ်။

ဒီပင်ဂွင်းလေးဟာ လူရဲ့ပခုံးပေါ်မှာ တက်နေတတ်ပါတယ်။
ဒီလိုတက်စီးတာကလည်းက် မတော်တဆ တက်နေခြင်းမျိုးမဟုအကြိမ်ကြိမ်တက်စီးတာဖြစ်ပါတယ်။

သူ့ကိုကျွေးမွေးစောင့်ရှောက်တဲ့တာဝန်ယူထားရတဲ့ အစ်ကိုကြီးတစ်ယောက်ဟာ သူ့အတွက်သန့်ရှင်းရေးလုပ်ပေးပြီးလို့ ပြန်တော့မယ့်ချိန်မှာဆိုရင် ဒီလိုခဏခဏတက်တာဖြစ်ပါတယ်။
ပုံကိုကြည့်လိုက်ပါဦး။

ဒါကို အချစ်လို့ပြောလို့ရနိုင်မလားမသိဘူးနော်။

အဲ့အစ်ကိုကြီးကိုမေးကြည့်လိုက်တော့ သူ့အတွက်သန့်ရှင်းရေးလုပ်ပေးရတာလည်း အတော်ကိုပင်ပန်းတဲ့အလုပ်ဖြစ်ပြီးပင်ဂွင်းရဲ့အတောင်နဲ့ သူ့မျက်နှာကို တဖျတ်ဖျတ်လာရိုက်တာကလည်း အတော်လေးကို နာပါတယ်တဲ့။

ကောင်းကင်မှာပျံသန်းနိုင်တဲ့ငှက်တွေနဲ့မတူဘဲ ပင်ဂွင်းတွေဟာသူတို့ရဲ့အတောင်တွေကို ရေထဲမှာအသုံးပြုရတာ ဖြစ်တာကြောင့် တော်တော်လေးလည်း မာပါတယ်။
ဗီဒီယိုလေးကိုလည်းကြည့်လိုက်ပါဦး။

ဒါပေမဲ့ ဒီလိုချစ်စရာကောင်းပုံစံလေးမြင်ရတဲ့ အစ်ကိုကြီးအဖို့တောဘာမှအပြစ်ပြောစရာတော့မရှိပေမဲ့ အတောင်နဲ့အရိုက်ခံရတဲ့အချိန်မှာဖြစ်တဲ့ နာကျင်မှုကိုသည်းခံပြီးတော့ အလုပ်ကိုဆက်လစားလုပ်ဆောင်နေပါတယ်တဲ့။

ကိုးကား http://karapaia.com/archives/52247712.html

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: