ဂျပန်နေဗီယက်နမ်လူမျိုးများအတွက် ကူညီထောက်ပံ့တဲ့အဖွဲ့အစည်းရှိပါသလား ? !!!

မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ရဲ့သက်ရောက်မှုက ကမ္ဘာတစ်ဝှမ်းကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားပြီး၊ ဂျပန်ရဲ့နေရာတော်တော်များများက ပြန်လည်ထူထောင်လာကြပေမဲ့၊ ခက်ခဲတဲ့အခြေအနေမှာဆက်လက်ရှိနေသေးပါတယ်။
2007-2008 ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ financial crisis အချိန်တုန်းက ဂျပန်မှာလူပေါင်း ၁ သန်းလောက်အလုပ်ပြုတ်သွားကြပေမဲ့၊ ဒီတစ်ကြိမ်ကတော့ အဲ့ဒီအရေအတွက်ထက်ကျော်လွန်ကောင်း ကျော်လွန်နိုင်ပါတယ်။

အဲ့ဒီအထဲကမှ ဂျပန်လက်ရှိဒုက္ခရောက်နေသူတွေက ဂျပန်နိုင်ငံသားချည်းပဲမဟုတ်ပါဘူး။
166 သောင်းရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတွေဟာ အတော်လေးရုန်းကန်နေရတဲ့အခြေအနေမှာရှိပါတယ်။

လက်ရှိ ဂျပန်ရဲ့ convenience store တို့ restaurant တို့ကိုသွားမယ်ဆို နိုင်ငံခြားသားအလုပ်သမားတွေကိုအများအပြားတွေ့နိုင်ပါတယ်။

https://toyokeizai.net/articles/-/206541?page=2

နိုင်ငံခြားသားမရှိပြန်တော့လည်း ဂျပန်ရဲ့စီးပွားရေးကိုလည်ပတ်နိုင်မှာမဟုတ်ပါဘူး။
သို့သော် ခက်ခဲတဲ့အချိန်ရောက်လာတဲ့အခါ ပထမဆုံးလက်လွှတ်ခံရမှာက နိုင်ငံခြားသားတွေပဲဖြစ်ပါတယ်။

ဒီလိုဗီယက်နမ်လူမျိုးတွေကို ထောက်ပံ့ပေးနေတဲ့လူတွေလည်းရှိပါတယ်။
တိုကျိုရဲ့ Minato မြို့နယ်မှာရှိတဲ့ NPO ကော်ပိုရေးရှင်း 日越ともいき支援会 ဆိုတဲ့ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတစ်ခုရှိပါတယ်။
ဘုန်းကြီးကျောင်းမှာနေရာထိုင်ခင်းပေးပြီး ဗီယက်နမ်သံရုံးနဲ့ပြည်သူတွေဆီကနေအလှူခံကာ၊ ခိုလှုံဖို့ရောက်ရှိလာကြတဲ့ ဗီယက်နမ်လူမျိုးနဲ့၊ ဂျပန်တစ်နိုင်ငံလုံးမှာဒုက္ခရောက်နေကြရတဲ့ ဂျပန်နေဗီယက်နမ်လူမျိုးအားလုံးကို ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။

https://www.nikkei.com/article/DGXMZO59541720V20C20A5970M00/

ဘုန်းကြီးကျောင်းထဲမှာ ဗီယက်နမ်ဘာသာစကားနဲ့ ကျမ်းဂန်တွေကိုဖတ်ရွတ်ကြပါတယ်။

ထိုကဲ့သို့ကူညီထောက်ပံ့မှုတွေကို Saitama မှာရှိတဲ့ ကတ်စလစ်ဘာသာဝင်တွေလည်း လုပ်ဆောင်လျက်ရှိပါတယ်။

 

 

 

ဘာသာစွဲ၊ နိုင်ငံသားခံယူထားမှုရှိ၊မရှိ စတာတွေမပါဘဲ အကူအညီပေးချင်တဲ့စိတ်နဲ့ လက်ချုပ် mask မှာ စားသောက်ကုန်တွေ၊ နောက်ပြီး ဗီယက်နမ်ဘာသာနဲ့ရေးထားတဲ့ အားပေးစာကို တစ်နိုင်ငံလုံးရှိဒုက္ခရောက်ကြတဲ့ဗီယက်နမ်လူမျိုးတွေကို ပို့ပေးလျက်ရှိပါတယ်။

ပထမမိတ်ဆက်ပေးခဲ့တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာအခြေစိုက်ပြီး လှုပ်ရှားမှုပြုနေတဲ့ NPO corporation , Hikoshi and Iki Support Group မှာ လက်ရှိဗီယက်နမ်လူမျိုး ၈ ဦးနေထိုင်လျက်ရှိပါတယ်။

ဘာကြောင့်သူတို့တွေဟာ ဗီယက်နမ်လူတွေအတွက် ကူညီထောက်ပံ့မှုတွေကိုပြုလုပ်နေရတာလဲ?
ဒါဟာလက်ရှိကိုယ်စားလှယ်ရဲ့ဖခင်ရဲ့ လွှမ်းမိုးမှုလို့ပြောရပါမယ်။

ဖခင်ဟာ Minato မှာရှိတဲ့ Zojoji ဘုန်းကြီးကျောင်းမှာ တရားကျင့်ကြံအားထုတ်ခဲ့ပါတယ်။
အလွန်တရာကြီးမားတဲ့ဘုန်းကြီးကျောင်းဖြစ်သလို၊ မျက်စိရှေ့မှာတင် တိုကျိုတာဝါကိုလည်း ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ လှပတဲ့ဘုန်းကြီးကျောင်းပဲဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းရဲ့သက်တမ်းဟာလည်း နှစ်ပေါင်း ၆၀၀ ကျော်ရှိပါပြီ။

https://icotto.jp/presses/13404

အဲ့ဒီနေရာမှာထိုကဲ့သို့ပဲ တရားကျင့်ကြံအားထုတ်ဖို့ရောက်လာတဲ့ ဗီယက်နမ်လူမျိုးဘုန်းကြီးတစ်ပါးနဲ့ရင်းနှီးသွားပြီး၊ ဗီယက်နမ်ကိုသွားရောက်လည်ပတ်ဖို့ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီအချိန်ဟာ ဗီယက်နမ်စစ်ပွဲကာလအတွင်းဖြစ်နေပါတယ်။
ကိုယ်တိုင်လည်း ဂျပန်စစ်ပွဲမှာ ဘယ်လောက်ဒုက္ခရောက်ရတယ်ဆိုတာကို သိထားတဲ့အတွက်၊ ဗီယက်နမ်ရဲ့အခြေအနေကို စိတ်ထဲမှတ်သားပြီး၊ ဗီယက်နမ်အတွက်လုပ်ဆောင်သွားမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။

ဒါဟာ သမီးဖြစ်သူရဲ့မျိုးဆက်တွေအထိလက်ဆင့်ကမ်းလာပြီး၊ လက်ရှိမှာလည်း ဗီယက်နမ်လူမျိုးတွေအတွက် ကူညီထောက်ပံ့မှုတွေကိုဆက်လက်လှပ်ဆောင်လျက်ရှိပါတယ်။
ယခုလက်တလော ဂျပန်လူမျိုးများဟာသွေးအေးကြတယ်၊ တိုကျိုမှာအထူးသဖြင့်သွေးအေးတဲ့လူတွေပဲများတယ်လို့ ပြောကြသူတွေအများအပြားရှိပါတယ်။
ဗီယက်နမ်လူမျိုးတွေကိုလည်းပြောကြပါတယ်။

သေချာတာကတော့ မဆီမဆိုင်နေတတ်သူတွေများလာသလို၊ ဒီလိုနွေးထွေးတဲ့စိတ်ရင်းရှိသူတွေလည်း ရှိပါသေးတယ်။

ဘာသာ‌ရေးနဲ့ နိုင်ငံသားဖြစ်မှုအပေါ် ကန့်သတ်ချက်မထားဘဲ ကူညီထောက်ပံ့မှုတွေပြုလုပ်နိုင်ပါတယ်။
ကိုယ်တိုင်လည်းခက်ခဲတဲ့အခြေအနေမှာရှိနေတာတောင် အနီးအနားမှာရှိနေသူတွေအတွက်စဥ်းစားပြီး တတ်နိုင်သလောက်ကူညီနိုင်ပါတယ်။

ဒီလိုနွေးထွေးတဲ့စိတ်ရင်းရှိသူတွေ တိုကျိုမှာရှိနေသေးတယ်ဆိုတာကိုလည်း မမေ့လိုက်ပါနဲ့…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: