ကျွမ်းကျင်အလုပ်သမားတွေကိုလိမ်ခဲ့တဲ့ မကောင်းတဲ့ကုမ္ပဏီတို့ရဲ့အဆုံးသတ်

အလုပ်လုပ်နိုင်တဲ့လူဦးရေလျော့ကျလာတဲ့အခြေအနေနဲ့ဂျပန်ရဲ့စီးပွားရေးကို ဆက်ပြီးတောင့်ခံနိုင်ဖို့အတွက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားသားအလုပ်သမားတွေ လိုအပ်ပါတယ်။
အဲ့ဒါရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ပါဝင်တာက နည်းပညာသင်ကျောင်းသားတွေပဲဖြစ်ပါတယ်။
တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေကနေ နည်းပညာသင်ကျောင်းသားအမြောက်အများခေါ်ယူနေကြပေမဲ့၊
ဒီစနစ်မှာ အမျိုးမျိုးသောပြဿနာတွေရှိပါတယ်။

မူလရည်ရွယ်ချက်ကတော့ နည်းပညာကိုသင်ကြားပေးတယ်၊ တစ်နည်းအားဖြင့် သင်ယူလေ့လာဖို့အတွက် လက်တွေ့အလုပ်လုပ်ရတဲ့စနစ်ဖြစ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးသမားတွေဟာ ဂျပန်ရဲ့စိုက်ပျိုးရေးပညာကိုလေ့လာဖို့အတွက် ဂျပန်မှာအတွေ့အကြုံယူပြီးအလုပ်လုပ်ကြည့်တယ်- ဆိုတဲ့ပုံစံမျိုးဖြစ်ပေမဲ့၊ လက်ရှိအခြေအနေမှာတော့ ဂျပန်ဘက်ရော၊ မြန်မာဘက်မှာပါ ဒီလိုမယူဆတဲ့လူတွေများလာတာကို တွေ့ရပါတယ်။

မြန်မာလူမျိုးတွေက “ ဂျပန်သွားဖူးချင်လို့” “ ပိုက်ဆံအများကြီးရှာချင်လို့” ဆိုတဲ့အကြောင်းပြချက်တွေရှိပြီး
ဂျပန်ဘက်‌ကတော့ “ လုပ်အားခသက်သက်သာသာပေးရမယ့် လူအရင်းအမြစ်ကိုလိုချင်တယ်” လို့တွေးကြပြန်ပါတယ်။
မူလရည်ရွယ်ချက်ကနေသွေဖယ်သွားပေမဲ့ ၂ ဦး ၂ ဖက် သဘောတူညီမှုများလာပါတယ်။

ဒီလိုအချက်တွေကြောင့် ပျိုးထောင်ပေးတယ်လို့ဆိုရမှာထက် ဈေးပေါပေါနဲ့ဘယ်လိုသုံးနိုင်မလဲလို့တွေးကြတဲ့ မကောင်းတဲ့ဂျပန်လူမျိုးတွေလည်းထွက်လာပါတယ်။
ဒီတစ်ကြိမ်က အဲ့ဒီလိုပြဿနာကိုဖြစ်စေခဲ့တဲ့ ကုမ္ပဏီရဲ့အဆုံးသတ်ကို တင်ပြပေးသွားပါမယ်။

https://hbol.jp/wp-content/uploads/2018/12/construction-job-labor-38293-550×342.jpg

Gifu စီရင်စု၊ တစ်ချိန်ကဂျပန်နိုင်ငံရဲ့ အထည်အလိမ်မြို့ကြီးအဖြစ်လူသိများခဲ့ပေမဲ့၊ ပြည်ပကနေဈေးပေါတဲ့ကုန်ပစ္စည်းတွေဝင်လာပြီးတဲ့နောက်ပိုင်း၊ လွန်ခဲ့သောအနှစ် ၂၀ အတွင်းမှာပဲ အထည်အလိပ်နဲ့သက်ဆိုင်တဲ့ ကုမ္ပဏီအရေအတွက် ထက်ဝက်လောက်လျော့နည်းသွားပါတယ်။
ဒီလိုမြို့ရဲ့စက်မှုလုပ်ငန်းကိုထောက်ပံ့ပေးနေတာကတော့ နည်းပညာသင်ကျောင်းသားတွေပါပဲ။
ဒီတစ်မြို့တည်းမှာပဲ လူတွေထောင်နဲ့ချီရှိပါတယ်။

ဒီနေရာမှာအလုပ်လုပ်ကြတဲ့ ဗီယက်နမ်မိန်းကလေးတွေရဲ့အသံတွေထွက်လာခဲ့ပါတယ်။
ပုံမှန်သတ်မှတ်ထားတဲ့အလုပ်အပြင် ၁ လမှာ နာရီပေါင်း ၁၄၀ လောက်အချိန်ပိုဆင်းတာတောင် ရတာနည်းတယ်။
အချိန်ပိုကြေးကို အချိန်နဲ့တွက်တာတောင် ၁ နာရီကို ၃၃၀ ယန်းလောက်ပဲရပါတယ်။
Gifu စီရင်စုမှာ သတ်မှတ်ထားတဲ့အနိမ့်ဆုံးလုပ်ခအောက်ကိုရောက်နေပါတယ်။

နောက်ပြီးထိုမိန်းကလေးတွေရိုက်ပြထားတဲ့ ကုမ္ပဏီရဲ့အဆောင်
၁၄ ယောက်နေရတဲ့အဆောင်ဖြစ်ပေမဲ့၊ မီးဖိုချောင်မှာ ကြွက်တွေလည်းသောင်းကျန်းလို့၊ လစာကနေတောင် အဆောင်အတွက်စရိတ်ထွက်တယ်လို့ပြောပါတယ်။

Nagoya မှာရှိတဲ့အလုပ်သမားသမဂ္ဂကလုပ်ရှားပြီး ကုမ္ပဏီကိုတရားစွဲပါတယ်။
ကျွမ်းကျင်အလုပ်သမားတွေကိုမပေးခဲ့တဲ့ ပိုက်ဆံကိုတောင်းခံခဲ့ကြပါတယ်။

ယခုထိမပေးရသေးတဲ့ပိုက်ဆံ၊ တစ်နည်းအားဖြင့် ပေးသင့်တဲ့အခကြေးငွေကိုမပေးနိုင်လောက်တဲ့အထိ ဆင်းရဲနေတဲ့ကုမ္ပဏီတွေတစ်ခုပြီးတစ်ခု ဒေဝါလီခံသွားရပါတယ်။
ကိုယ်စားပြုသူဖြစ်တဲ့ သူဌေးကငွေပေးနိုင်ရဲ့လား ? တာဝန်ရှိရဲ့လား ဆိုတဲ့စကားတွေဖြစ်လာပါတယ်။

နောက်ပြီးလွန်ခဲ့တဲ့နှစ်အနည်းငယ်ကနေစပြီး ဂျပန်ရောက်လာတဲ့ဗီယက်နမ်လူမျိုးထဲမှာ ရာဇဝတ်မှုကျူးလွန်သူတွေများလာခဲ့တယ်။ သူတို့ထဲကအများစုဟာ ဒီကျွမ်းကျင်အလုပ်သင်နေရာမှာ ဆက်သည်းမခံနိုင်တော့ဘဲ၊ သွားစရာနေရာကလည်းမရှိ၊ ဒါနဲ့ပဲ ရာဇဝတ်သားကောင်တို့ရဲ့အဖွဲ့အစည်းထဲဝင်သွားကြတော့တယ်။ ကုမ္ပဏီမကောင်းလို့ဒီလိုဖြစ်ရတာပါလို့ပြောပြီးရာဇဝတ်မှုကျူးလွန်တာဟာ အကြောင်းပြချက်ကောင်းတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွမ်းကျင်အလုပ်သင်တွေ ဒီလိုဖြစ်သွားရခြင်းမှာ ကုမ္ပဏီရဲ့ပရောဂလည်းမကင်းပါဘူး။

ဒီကုမ္ပဏီတွေကပြိုလဲသွားမှာဖြစ်သလို၊ သူဌေးကိုလည်းအားလုံးကမျက်ချေမပြတ်ကြည့်နေမှာဖြစ်လို့ သူဟာလက်ရှိနေတဲ့မြို့မှာတောင် ဆက်နေနိုင်မှာမဟုတ်ပါဘူး။

မကောင်းတာလုပ်ရင်နောက်ဆုံးမှာ မိမိကိုယ်တိုင်ပြန်ခံရတတ်တာသဘာဝပါပဲ။
သို့သော် ကျွမ်းကျင်အလုပ်သမားအနေနဲ့ဂျပန်လာဖို့ ရည်ရွယ်ထားတဲ့လူတွေလည်း ပိုပြီးသေချာစွာစဥ်းစားဖို့လိုအပ်ပါတယ်။။
ကျွမ်းကျင်လုပ်သားအနေနဲ့သွားမယ့် ကုမ္ပဏီကသေချာရဲ့လား?
ဟိုမှာရောက်ပြီးအလုပ်လုပ်နေသူတွေရှိရင် သူတို့ရဲ့အခြေအနေကရောဘယ်လိုလဲ?
အင်တာနက်မှာ ကောလဟလတွေရော ရှိနေလား?

ဂျပန်ဘက်ရော၊ မြန်မာဘက်မှာပါ ဒီစနစ်ကိုမှန်ကန်စွာအသုံးပြုနေတဲ့ကုမ္ပဏီတွေ အများကြီးရှိပါတယ်။
နိုင်ငံခြားသားအလုပ်သမားတွေရှိလို့လည်း ဂျပန်အတွက်အရမ်းကိုအထောက်အကူဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုမကောင်းတဲ့လူတစ်စုရှိနေတာကြောင့်၊ ငါးခုံမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တာတော့မကောင်းဘူးနော်..

အကယ်၍ဂျပန်မှာအလုပ်လုပ်ရင်းဒုက္ခရောက်ခဲ့ရင် မိမိသဘောအတိုင်းထွက်မပြေးဘဲ၊ ပို့ပေးတဲ့အဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီးဆွေးနွေးပါ။
ဒါမှမဟုတ် ဘာသာစကားအားနည်းမယ်ဆို အလုပ်သမားအဖွဲ့အစည်းကိုဆက်သွယ်ပါ
ဒါကိုမှ နားမလည်ဘူးဆိုရင်တော့ တစ်ခါတည်းသာ ရဲစခန်းကိုသွားပါ။
အနီးပတ်ဝန်းကျင်ကိုအကူအညီတောင်းပါ။

မိမိသဘောအတိုင်းထွက်ပြေးလိုက်မိရင် သင်ဟာရာဇဝတ်ကျူးလွန်သူတစ်ယောက်ဖြစ်သွားပါလိမ့်မယ်။
၂ ဦး ၂ ဖက်စနစ်ကိုမှန်ကန်စွာလိုက်နာဖို့အတွက် ဂျပန်ဘက်ရော၊ မြန်မာဘက်မှာပါသေသေချာချာစဥ်းစားပြီးလှုပ်ရှားရပါမယ်။
အခြေနေမဟန်တော့ဘူးဆိုရင်တော့ ဆက်သည်းခံတာတို့၊ထွက်ပြေးတာတို့မလုပ်ဘဲ တရားစွဲမယ်။
ကျွန်တော်ဆိုရင်တော့ ဒီလိုပဲလုပ်ဖြစ်မယ်လို့ထင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: