Akita ဆိပ်ကမ်းတွင် ငါးဖမ်းလှေတစ်စီး ဘက်ထရီပေါက်ကွဲပြီးမီးလောင် !!!!

Akita ဆိပ်ကမ်းတွင်ပြည်ကြီးငါး ငါးဖမ်းလှေတစ်စီးမီးလောက်ပေါက်ကွဲမှုဖြစ်သွားပါတယ်။ လက်ရှိတော့ မီးငြိမ်းသတ်မှုတွေလုပ်ဆောင်နေပါတယ်။ ဒဏ်ရာရသွားသူလည်းရှိပါတယ်။

ရဲဌာနနဲ့မီးသတ်တပ်ဖွဲ့တို့အဆိုအရ (၃) ရက်နေ့ ဂျပန်အချိန် နံနက် ၁၀း၁၀ မိနစ်ကျော်၊ Akita ဆိပ်ကမ်းမှာ ပြည်ကြီးငါး ငါးဖမ်းလှေတစ်စီးမီးလောက်ပေါက်ကွဲကြောင်းသတင်းရရှိပါတယ်တဲ့။
မီးလောင်ပေါက်ကွဲနေတဲ့လှေဟာ လေနဲ့လွှင့်နေပြီးလှိုင်းကလည်းပုတ်တာကြောင့် ချက်ချင်း မီးမငြိမ်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိမှာတော့ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ လှေတွေကလည်း မီးငြိမ်းမှုမှာပါဝင်ကူညီပေးပါတယ်။

၎င်းလှေမှာတော့ လူ ၂ ဦးလိုက်ပါစီးနှင်းခဲ့ပုံရပါတယ်။ ဒဏ်ရာရသူလည်းရှိတယ်လို့ပြောပါတယ်။ အသေးစိပ်ကတော့ မသိရသေးပါဘူး…
အနီးအနားမှာမြင်တွေ့ခဲ့တဲ့ တံငါးသည်တစ်ဦးပြောပြချက်အရကတော့ ဘက်ထရီပေါက်ကွဲသွားခြင်းကြောင့်လို့သိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: