၂၀၁၁ ဂျပန်ငလျင်မှာဖြစ်ပျက်ခဲ့တဲ့ သင်မသိသေးတဲ့ ကယ်တင်ရှင်ဘတ်စ်ကား !!!

၂၀၁၁ ခုနှစ် ၃ လပိုင်း ၁၁ ရက်နေ့…

အဲ့ဒီနေ့ကို မြန်မာလူမျိုးတွေရော အမှတ်ရနေသေးလား ?

ကျွန်တော်ကတော့ ဂျပန်နဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ငလျင်ရဲ့ လှုပ်ခတ်သွားမှုကြောင့် အပျက်အဆီးတွေကို လိုက်ပြီးကြည့်ရှုဖို့တောင် ကျွန်တော်သတ္တိမရှိခဲ့ပါဘူး။ အဲ့ဒီအရာလေးကိုတော့ ကောင်းကောင်းမှတ်မိနေပါသေးတယ်။

Tohoku ဒေသ၊ ဂျပန်အရှေ့ပိုင်းငလျင်ကျရောက်ခဲ့တာကတော့ အဲ့ဒီနေ့  ၂၀၁၁.၃.၁၁ ပဲဖြစ်ပါတယ်။

အခုဆို ၉ နှစ်တောင် ရှိသွားပြီပဲ။

Tohoku ဒေသ မှာနေထိုင်နေကြတဲ့လူပေါင်း ၃ သိန်း ၄ သောင်းဟာ ထွက်ပြေးလွတ်မြောက်လာကြပြီး၊ အဲ့ဒီအထဲကမှ ၄ သောင်းနဲ့အထက်က အခုအချိန်အထိ ခိုလှုံခွင့်ပေးထားတဲ့ အဆောက်အအုံတွေမှာ၊ နေထိုင်ကြပါသေးတယ်။

 

ငလျင်ဖြစ်ပွားပြီးတာနဲ့ နောက် ၂ ရက်အကြာ ၃ လပိုင်း ၁၃ ရက်နေ့မှာပဲ ဒီပုံကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒီပုံကို “ ဂျပန်မှာ အကောင်းဆုံးဘတ်စ်ကားပုံ ” ဆိုပြီးပြောကြပါတယ်။ လူပြောများတဲ့ သတင်းလိုကိုဖြစ်သွားခဲ့တာပါ……

https://www.imishin.me/osakashie-basu-tohoku/

အဲ့ဒီဓါတ်ပုံကိုတော့ Miyagi ခရိုင် Sendai မြို့မှာ ရိုက်ခဲ့ပြီး၊  大阪市営バスအိုဆာကာမြို့တော်စည်ပင်သာယာရေး ဘတ်စ် လို့ရေးထားပါတယ်။

 

အဲ့ဒီအချိန် နှင်းတွေကလည်းကျနေပြီး၊ လမ်းပေါ်မှာ အကျိုးအပဲ့အပျက်အဆီးများကလည်း မြို့ရဲ့ အကျည်းတန်မှုကို ပုံဖော်နေသလားအောက်မေ့ရပါတယ်.

ငလျင်ကြီးဖြစ်ပွားပြီးတဲ့နောက်၊ ဒုက္ခသည်စခန်းအသီးသီးကနေ ဆေးရုံ၊ဆေးပေးခန်းတို့၊ စီးပွားဖြစ်အဆောက်အအုံ၊ ပြီးတော့ ကယ်ဆယ်ရေးအဖွဲ့သားတွေကပြင်ဆင်ပေးထားတဲ့ ရေချိုးသန့်စင်လို့ရတဲ့ နေရာတွေဆီကို ဒုက္ခသည်တွေကို ခေါ်ဆောင်ပေးသွားဖို့ ဘတ်စ်က အတော်လေးအရေးပါအရာရောက်တဲ့ ပို့ဆောင်ဆက်သွယ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

အဲ့ဒီအထဲကမှ ဒီလိုကယ်ဆယ်ရေးအတွက် အိုဆာကာမြို့ပို့ဆောင်ဆက်သွယ်ရေးကစေလွှတ်ပေးခဲ့တာကတော့ ဒီဘတ်စ်ကား ၂ စီးပဲဖြစ်ပါတယ်။

 

“ ပြန်သွားတော့မှပဲ အတူတူအဆူခံရအောင် “

 

အဲ့ဒီလိုပြောပြီး၊ တာဝန်ရှိသူက ဘတ်စ် ကိုထုတ်ပေးလိုက်ပါတယ်တဲ့…။

ဘာတွေဖြစ်ခဲ့လို့များလဲ? ဘာကြောင့်အဆူခံရမှာလဲ ?

 

အကြောင်းကတော့

ငလျင်ဖြစ်ပွားပြီး ၁၂ နာရီနောက်ပိုင်း ၃ လပိုင်း ၁၂ ရက်နေ့မနက် ၃ နာရီအချိန်၊ အိုဆာကာမြို့ပို့ဆောင်ဆက်သွယ်ရေးဆီကို Sendai မြို့ကနေ ထောက်ပံ့မှုအတွက် တောင်းခံတဲ့စာရောက်ရှိလာခဲ့ပါတယ်။

 

အဲ့ဒီစာကိုလက်ခံခဲ့တဲ့ဝန်ထမ်းက မနက်အရမ်းစောနေတဲ့အတွက် မိုးလင်းမှာကိုတောင် မစောင့်တော့ဘဲ၊ ချက်ချင်းကားဆရာကိုနှိုးပြီး၊ အိုဆာကာမြို့ရဲ့ သိုလှောင်ရုံမှာရှိတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ အစားအစာတွေနဲ့ စောင်တွေကို အပြည့်ထည့်ပြီးထွက်ခွါခဲ့ပါတယ်။

အဲ့ဒီနေ့က စနေနေ့ပါ။

တကယ်တော့ အဲ့ဒီမြို့မှာလည်း ပြန်လည်ပြီးစီစစ်မှုတွေလုပ်နေရတဲ့အတွက် ဘတ်စ်ကားဟာ ခွင့်ပြုမိန့်ကိုရရှိဖို့ တနင်္လာနေ့အထိစောင့်ရမှာဖြစ်ပါတယ်။ အကြောင်းကတော့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က မလှုပ်ရှားရသေးလို့ပါ….

 

ဒါပေမဲ့ ရေဒီယိုနဲ့တီဗွီကနေ ထုတ်လွှင့်မှုအရသိရတဲ့ သဘာဝဘေးအန္တရာယ်ရဲ့ ပြင်းထန်မှုက အချိန်နဲ့အလိုက်ပိုပိုဆိုးလာတဲ့အတွက်၊ အဲ့ဒီတာဝန်ရှိတဲ့ ဝန်ထမ်းက မစောင့်နိုင်တော့ဘူးလို့ သူကိုယ်တိုင်ပဲဆုံးဖြတ်ခဲ့ပါတယ်။

တာဝန်ရှိပုဂ္ဂိုလ်တို့ရဲ့ ခွင့်ပြုချက်ကိုတောင်မစောင့်တော့ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဘတ်စ်ကိုလွှတ်ပေးလိုက်တဲ့အတွက်၊ ပြန်ရောက်ရင်တော့ အဆူခံရ ဒါမှမဟုတ် အလုပ်ပြုတ်မှာတော့ သေချာနေပါပြီ…..

 

https://www.imishin.me/osakashie-basu-tohoku/

 

နံနက် ၁၁ နာရီကိုကျော်လွန်သွားပါပြီ!!!!

အဲ့ဒီတော့မှ Manager ၁ ဦး၊ ဘတ်စ်ကားမောင်းသမား ၆ ဦး၊ နောက်ပြီး Civil engineer ၁ ဦး တို့ဟာ ကယ်ဆယ်ရေးအစားအစာ ၁ သောင်းကျော်၊ စောင်အထည်ပေါင်း ၁၈၀၀ ကိုတင်ဆောင်ပြီး Sendai မြို့ကိုသွားကြပါတော့တယ်။

 

ရိုးရိုးခရီးသည်တင် ဘတ်စ်မှာ ထိုင်ခုံခါးပတ်တွေမပါတဲ့အတွက်၊ အဝေးပြေးလမ်းမပေါ် အမြန်မောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

ဒါကြောင့် ဆိုဆာကာကနေ Sendai မြို့အထိ 850km ရှိတဲ့အဝေးပြေးလမ်းကို ပုံမှန်ပဲခရီးနှင်ခဲ့ကြတာ ၁၆ နာရီတောင်ကြာခဲ့ပါတယ်တဲ့….

 

ရောက်သွားတဲ့အချိန်မှာတော့ ကယ်ဆယ်ရေးပစ္စည်းတွေကို ချက်ချင်း ဒုက္ခသည်စခန်းတွေဆီ ပို့ဆောင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးအစားအစာတွေဟာ အဲ့ဒီနေ့မနက်အတွက် လုံလောက်ခဲ့ပြီး၊ စောင်တွေကလည်း ဆောင်းရာသီဖြစ်တဲ့အတွက် အေးခဲတော့မယ့်သူတွေကို ဦးစားပေးအနေနဲ့ ပေးခဲ့ပါတယ်။

နောက်ပြီး ဘတ်စ်ကလည်း အဲ့ဒီနေရာမှာ ချက်ချင်းပဲ ပို့ဆောင်ဆက်သွယ်ရေးအတွက် စပြီးအသုံးပြုနိုင်သွားပါတယ်။

 

https://www.imishin.me/osakashie-basu-tohoku/

လမ်းသာရှိမယ်ဆိုရင် ဘတ်စ်ကားတွေလာနိုင်မယ်

အခုလုပ်နိုင်မယ့်အရာကို အရင်လုပ်ရအောင်

သဘာဝဘေးအန္တရာယ်ကျရောက်ရာနေရာကို ဝိုင်းဝန်းရအောင်

 

အဲ့ဒီစကားကိုယုံကြည်ပြီး အပေါ်ပြောပြခဲ့တဲ့အစိုးရဝန်ထမ်းက ပုံမုန်မဟုတ်ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တာပဲဖြစ်ရမယ်။

အကြောင်းကတော့ အစိုးရနဲ့သက်ဆိုင်လာပြီဆိုရင်တော့ အမိန့်နဲ့ စည်းကမ်းကို ချိုးဖောက်တယ်ဆိုတာ ခွင့်မလွှတ်တဲ့အရာပဲဖြစ်လို့ပါ။

သို့ပေမဲ့ သူရဲ့ ဆုံးဖြတ်ချက်က မှန်ကန်သွားတယ်လို့ ပြောရပါမယ်။ အရေးတကြီးလိုအပ်နေတဲ့အချိန်မှာ ခွင့်ပြုမိန့်ကျလာဖို့အထိ အကြာကြီးစောင့်ရမယ်သာဆိုရင် အကုန်လုံးဒုက္ခရောက်ကုန်ပါလိမ့်မယ်နော်……

 

အဲ့ဒါပြီးတဲ့နောက်မှာတော့ မြို့အသီးသီး၊ အဖွဲ့အစည်းအသီးသီးကနေ ဘတ်စ်တွေနဲ့ ရောက်ချလာပြီး စုစုပေါင်း အစီး၁၅၀ လောက်ရှိပါလိမ့်မယ်။

အဲ့ဒီလိုကယ်ဆယ်ရေးထဲမှာမှ အိုဆာကာကနေလာတာက ပထမဦးဆုံးပဲဖြစ်ပြီးတော့၊ အထက်လူကြီးတွေရဲ့ အဆူခံအဆဲခံရမှာကို သိပေမဲ့လည်း စိတ်ပိုင်းဖြတ်ပြီး ချက်ချင်းပဲကယ်ဆယ်ရေးပစ္စည်းတွေပို့ပေးခဲ့တဲ့ အိုဆာကာမြို့ပို့ဆောင်ဆက်သွယ်ရေးကို လူအများကချီးကျူးမဆုံးဖြစ်ခဲ့ကြပါတယ်။

“ သေရေးရှင်ရေးနဲ့ ကြုံနေရတဲ့လူတွေကို ချက်ချင်းပဲသွားကယ်ရမယ်….”

ဒီဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ စည်းကမ်းကိုချိုးဖောက်လိုက်တဲ့ အဲ့ဒီသူဟာ အခြားကယ်ဆယ်ရေးကားတွေထပ်ပိုပြီး ဂျပန်မှာနံပါတ်တစ် အကောင်းဆုံးနဲ့အခန့်ညားဆုံးကားပဲလို့တော့ ပြည်သူတွေနဲ့ထပ်တူ ကျွန်တော်လည်းဂုဏ်ပြုချင်တယ်။

 

အခုဆိုရင် ၉ နှစ်တောင် ကြာပြီနော်…..

အားလုံးရဲ့ မှတ်ဥာဏ်ထဲကနေ တဖြည်းဖြည်းပျောက်ကွယ်လုနီးပါးရှိပေမဲ့၊ အဲ့ဒီနွေးထွေးတဲ့ အမှတ်ရမှုလေးကိုတော့ ကျွန်တော်အမြဲတမ်းထိန်းသိမ်းသွားချင်ပါတယ် !!!!

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: