ဂျပန်ဟာ လူကုန်ကူးတဲ့နိုင်ငံလား?!!!

နှစ်စဥ် အမေရိကန်ရဲ့နိုင်ငံခြားရေးဌာနက ကြေငြာလျှက်ရှိတဲ့လူကုန်ကူးမှု အစီရင်ခံစာ
ကျန်ခဲ့တဲ့နှစ် 2019 ခုနှစ်ရဲ့သတင်းအချက်အလက်ကို 6 လပိုင်း 25 ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

https://www.excite.co.jp/news/article/Buzzap_64523/?utm_source=news_i&utm_campaign=fromapp&utm_medium=mail

လူကုန်ကူးတာကို မမြင်ဖူးတဲ့အတွက် ဂျပန်နဲ့မသက်ဆိုင်တဲ့အစီရင်ခံစာပဲလို့ ဂျပန်လူမျိုးအများစုတွေးခဲ့ပါတယ်။ သို့သော်၊ ဒီတစ်ကြိမ်ဂျပန်အတွက် အကြီးအကျယ် ဂုဏ်သိက္ခာကျဆင်း‌စေခဲ့ပါတယ်။

ဒါရဲ့အကြောင်းအရင်းကတော့ Technical trainee system ပဲဖြစ်ပါတယ်.
အားလုံးလည်းသိထားကြတဲ့အတိုင်း အထူးသဖြင့်အာရှကနေ Technical interns နဲ့ ဂျပန်ကိုလာကြတဲ့လူတွေပိုပိုပြီးများလာပါတယ်။ သို့သော် တစ်ချိန်တည်းမှာပဲ ပြဿနာတွေကလည်း များစွာဖြစ်လာတယ်ဆိုတာကို သတင်းထဲမှာလည်း မကြာမကြာတွေ့ရပါတယ်။

မကောင်းတဲ့ ပတ်ဝန်းကျင်မှာထားပြီး လခနည်းနည်းနဲ့အလုပ်လုပ်စေတယ်။ အမျိုးသမီးတွေအတွက်တော့ လိင်ပိုင်းဆိုင်ရာမှာ အတင်းအကျပ်လုပ်စေပြီး မူလပြောထားတဲ့ပုံစံနဲ့လုံးဝကိုမတူတဲ့ အန္တရာယ်ရှိတဲ့လုပ်ငန်းကိုလုပ်ခိုင်းပါတယ်။
4 နှစ်ဆက်တိုက် အများဆုံးစံနှုန်း,ယခင်နှစ်တွေနဲ့ယှဥ်ရင် 5.5 % လောက်ရှိပါတယ်။
အထူးသဖြင့် Hokkaido ဘက်မှာ Technical interns တွေကိုလက်ခံတဲ့ကုမ္ပဏီရဲ့ 90% ဟာ တရားဝင်မဟုတ်ဘူးဆိုတဲ့အရာ ထွက်ပေါ်လာခဲ့ပါတယ်။

မဟုတ်မှလွဲရော ယနေ့ခေတ်ပုံစံရဲ့ လူကုန်ကူးမှုသဘောမျိုးပါပဲ။
ဒါကိုဂျပန်က တိုင်းပြည်ကိုမြင့်တင်ပြီးအားပေးအားမြှောက်ပြုလုပ်နေတဲ့အတွက်ကြောင့်ပဲ ပြဿနာကြီးတစ်ခုဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး 2016 ခုနှစ်ရဲ့တူညီတဲ့အစီရင်ခံစာမှာ အမေရိကန်နိုင်ငံခြားရေးဌာနက လူကုန်ကူးမှုပဲလို့ ထောက်ပြထားခဲ့ပါတယ်။ သို့သော် 4 နှစ်ကြာသွားသော်လည်း မပြောင်းလဲသွားတဲ့အပြင် ရှာဖွေမဖော်ထုတ်တဲ့အခြေအနေမှာရှိနေပါတယ်။

ဒီအရာမှာချစ်ကြည်ရေးယူထားတဲ့တိုင်းပြည်အသီးသီးကနေ သတ်မှတ်အချိန်အပိုင်းအခြားလည်းရှိပါတယ်.
ချေးငွေယူပြီးထွက်မပြေးရန်လုပ်ထားတယ်လို့ဆိုတဲ့ ကိစ္စတွေလည်းအများအပြားမြင်တွေ့ရပါတယ်။

Technical interns ဆိုတဲ့ system ကကောင်းဘူးလို့ဆိုတာမဟုတ်သလို၊ ပတ်သတ်ဆက်နွယ်နေတဲ့လူတိုင်းဟာလည်း မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူး။
Technical interns အနေနဲ့ဂျပန်ကိုလာပြီး၊ လက်ခံထားတဲ့ကုမ္ပဏီမှာ မိသားစုအရင်းလိုအရေးစိုက်ခံရတဲ့လူတွေလည်းအများကြီးရှိပါတယ်။
သို့သော် မကောင်းတဲ့ရည်ရွယ်ချက်နဲ့ပို့ပေးတဲ့အဖွဲ့အစည်း၊ လက်ခံထားတဲ့ကုမ္ပဏီ၊ ဂျပန်ဘက်ကအဖွဲ့အစည်း အစရှိတာတွေလည်း အများအပြားရှိနေတာအမှန်တရားဖြစ်ပါတယ်။

ဂျပန်ဟာ ဒါကိုလျင်မြန်စွာကိုင်တွယ်ဖြေရှင်းလို့လိုအပ်ပါတယ်။

ဒါနဲ့တစ်ချိန်တည်းမှာပဲ Technical interns အနေနဲ့ဂျပန်ကိုလာမယ့်လူတွေလည်း အသေအချာဆုံးဖြတ်ပါ။
ပို့ပေးတဲ့အဖွဲ့အစည်းတွေလည်း အများကြီးရှိပါတယ်။ ဘယ်ဟာကကောင်းသလဲ? နှိုင်းယှဥ်ကြည့်ပါ။ အင်တာနက်မှာ အချက်အလက်တွေကိုကြည့်ဖို့လည်းလိုအပ်ပါတယ်။

နောက်ပြီး Technical interns system ဆိုတဲ့ နာမည်အတိုင်း သေသေချာချာလေးပညာရသွားမယ့်အလုပ်ကိုရွေးချယ်ပါ။
နောက်ပြီး သတ်မှတ်ထားတဲ့ကာလပြည့်သွားပြီးနောက်၊ မိခင်တိုင်းပြည်ကိုပြန်တဲ့အချိန် အဲ့ဒီအတတ်ပညာကိုအသုံးချပြီး ဘာလုပ်မလဲလို့ အသေအချာစဥ်းစားပါ။

ပိုက်ဆံရလို့ ဘာပဲဖြစ်ဖြစ်လုပ်မယ်လေဆိုတာ..
ဂျပန်ကိုရောက်ဖူးချင်တာလေးပဲ
Technical interns ဆိုရင် VISA ရဖို့လွယ်ကူတာတို့
ရည်ရွယ်ချက်ကတော့ သွားလည်ဖို့ပဲ..

ဆိုတဲ့ ပေါ့ဆတဲ့အတွေးတွေကို စွန့်ပစ်လိုက်ပါ။
ဂျပန်ဆိုတာလည်း ကောင်းတဲ့လူတွေသာလျှင်ရှိတာမဟုတ်ပါဘူး။

သင်ဟာလည်းတန်ဖိုးရှိတဲ့လူသားတစ်ဦးဖြစ်ပါတယ်။
သင်ဟာ မိမိကိုယ်ကိုတာဝန်ယူနိုင်ပြီးကိုယ်တိုင်စဥ်းစားဆုံးဖြတ်ကာ မကောင်းတဲ့လူတွေဆီကနေအလိမ်မခံရဖို့ မိမိကိုယ်ကိုကာကွယ်ဖို့လည်း လိုအပ်ပါတယ်။

သေချာပေါက် တိကျစွာနဲ့အလွဲသုံးစားလုပ်တဲ့ကုမ္ပဏီတွေကိုအရေးယူသင့်ပေမဲ့၊ မိမိကိုယ်တိုင်တတ်နိုင်တာက အလိမ်မခံရဖို့ အကြိမ်ကြိမ်အခါခါစဥ်းစားဖို့ပဲဖြစ်ပါတယ်။

ဒါနဲ့အတူ နောက်တစ်ခုက
လက်ခံတဲ့ကုမ္ပဏီနဲ့အကြာ ကြီးမာတဲ့ပြဿနာတွေဖြစ်လာတဲ့အချိန် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို
ကြိုတင်စစ်ဆေးထားဖို့ကလည်းအရေးကြီးပါတယ်။
လက်ခံတဲ့ကုမ္ပဏီနဲ့အဆင်မပြေတော့ဘဲ အဖွဲ့အစည်းရော၊ နေထိုင်ခွင့်အချိန်ကာလရော အကူအညီမပေးနိုင်တော့ဘူးဆိုရင်တောင်မှ သင်ဟာတစ်ယောက်တည်းမဟုတ်ပါဘူး။
မိမိနေထိုင်ရတဲ့ဒေသမှာ ဘယ်လိုဆွေးနွေးညှိနှိုင်းနိုင်တဲ့အဖွဲ့အစည်းတွေရှိလဲဆိုတာ သေသေချာချာလေးစစ်ဆေးထားပါ။

ထွက်ပြေးလို့ရတဲ့နေရာမရှိပါဘူး။
အလုပ်ဝင်ထားတဲ့ကုမ္ပဏီကနေ တိတ်တဆိတ်ထွက်ပြေးပြီး တရားမဝင်နေထိုင်မယ်ဆိုရင် အလုပ်အကိုင်ကောင်းကောင်း ရတော့မှာမဟုတ်ပါဘူး။
ရာဇဝတ်သားအဖြစ်သတ်မှတ်ခြင်းခံလာရမှာဖြစ်ပြီး၊ ပိုဆိုးတာက မကောင်းတဲ့လမ်းကိုပဲဆက်လျှောက်မိသွားကပိုများတာကိုတွေ့ရပါတယ်။
သင့်လိုပဲ တစ်နိုင်ငံတည်းကနေလာပြီး ဂျပန်မှာနေထိုင်တဲ့ လူမျိုးတူနိုင်ငံသားတွေက အဲ့ဒီလိုပြစ်မှုတွေကျူးလွန်ဖို့ သင့်ကိုစည်းရုံးသိမ်းသွင်းကြပါလိမ့်မယ်။

ဒါကြောင့်ကိစ္စတွေကြုံလာပြီဆို လုံးဝထွက်မပြေးဘဲ၊ အရှုံးလည်းမပေးဘဲ၊ မှန်ကန်တဲ့နေရာမှာ သွားပြီးဆွေးနွေးနိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: