ဂျပန်နိုင်ငံရဲ့ စားသောက်ဆိုင်တွေမှာ စက်ရုပ်အစားထိုးမှုတွေဖြစ်နေပြီ!!!
ရုံးဆင်းရင် တစ်ခွက်လောက် သွားသောက်ရအောင်!!!!!
အလုပ်အသွားအပြန် ရထားကိုပဲ အဓိကသုံးကြတဲ့ ဂျပန်နိုင်ငံမှာ ရုံးဆင်းချိန်ဆို ဒီလိုမျိုးသူငယ်ချင်းတွေနဲ့ ချိန်းပြီး သောက်တာတွေရှိပါတယ်။
တစ်ခုခု မှာစားလို့ရနိုင်မယ့် အရက်ဆိုင်လိုနေရာမျိုးကို ပိုပြီးသွားတတ်ကြတယ်…
ဒီဆိုင်မှာဘာရှိလဲဆိုပြီး လိုက်စဥ်းစားနေရမှာထက် စားချင်တာအကုန် မှာစားလို့ရတဲ့ ဆိုင်မျိုးတွေက ဂျပန်နိုင်ငံမှာပိုပြီး လူသိများလာပါတယ်။
https://press.chiku-wa.jp/press_3274/
ဒါပေမဲ့ အဲ့လိုဆိုင်မှာအလုပ်လုပ်မယ့် အလုပ်သမားမလုံလောက်မှုတွေ ဖြစ်လာတဲ့အတွက်၊ ပညာတော်သင်လာကြတဲ့ နိုင်ငံခြားကျောင်းသားတွေကို အချိန်ပိုင်းအလုပ်ဆိုပြီး အလုပ်ခေါ်ရတော့တာပေါ့…။
ခက်တာက အချိန်ပိုင်းအလုပ်သမားတွေကလည်း ခိုးတာ၀ှက်တာတွေရှိလာပြီးတော့ အလုပ်ထုတ်ပစ်ရတာတို့ အသစ်ထပ်ခေါ်ရတာတို့နဲ့ လူမြဲတယ်ဆိုတာ တော်တော်လေးကို ရှားပါတယ်။ ပြောရရင်တော့ အလုပ်ရှုပ်တာပေါ့…
ဒီလိုအခြေအနေတွေရှိလာတော့ နည်းပညာတိုးတက်နေတဲ့ဂျပန်နိုင်ငံဟာ သေချာပေါက် စက်ရုပ်ဘက်ကို ဦးတည်နေပါပြီ။
https://www.itmedia.co.jp/business/articles/2001/15/news075.html
တိုကျိုမြို့မှာရှိတဲ့ တိုရှိမ ဆိုတဲ့ရပ်ကွက်မှာ ၂၄ နာရီဖွင့်တာမျိုးမဟုတ်ဘဲ ကန့်သတ်အချိန်နဲ့ ဖွင့်တဲ့ အရက်ဘားတို့၊ စားသောက်ဆိုင်တို့ ရှိပါတယ်
အဲ့ဒီမှာဆို စက်ရုပ်တွေနဲ့တောင် အစားထိုးနေပါပြီ။ ဧည့်သည်တွေက သူတို့ဆီမှာ အစားအစာတွေကို မှာရပါတယ်။ အဲ့တာတွေကို လက်ခံဆောင်ရွက်ပေးတဲ့အပြင်၊ သောက်စရာတွေကိုလည်း သူတို့ကိုယ်တိုင်ပဲ ထည့်ပေးပါတယ်။
အဲ့ဒီစက်ရုပ်မှာ ဧည့်သည်တွေရဲ့ ယောက်ျား/မိန်းမ၊ အသက်ရွယ်၊ မျက်နှာအနေအထားကို ကြည့်ပြီးခွဲခြားနိုင်ဖို့ ကင်မရာကိုလည်း တပ်ဆင်ပေးထားပါတယ်။
AI နည်းပညာကို အပြည့်အ၀အသုံးပြုပြီး ဧည့်သည်လိုချင်တာကို ပြန် check လုပ်တာတို့ ၊အမူအရာနဲ့ ဖော်ပြတာတို့ .. အဲ့ဒီလိုလုပ်နိုင်တဲ့ function လည်း သူမှာပါသေးတယ်တဲ့….
သူက ဧည့်သည်ရဲ့ တုံ့ပြန်မှုအခြေအနေကိုကြည့်ပြီး၊ တုံ့ပြန်မှုကောင်းရင် သူ့ရဲ့ ၀န်ဆောင်မှုကို မြင့်တင်ပေးတာတို့လည်း ရှိတယ်။ Part-time job ပုံစံအသစ်ပဲနော်….
https://www.itmedia.co.jp/business/articles/2001/15/news075.html
ဒါပဲမဟုတ်သေးဘူး.
ကော်ဖီဆိုင်တွေလည်း စက်ရုပ်တွေဖြစ်ကုန်ပြီတဲ့
ဟိုတယ်မှာလည်း စက်ရုပ်တွေပါတဲ့
တကယ်တော့ ဂျပန်နိုင်ငံကလူဦးရေကျဆင်းလျှက်ရှိပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံခြားကျောင်းသားတွေက အချိန်ပိုင်းအလုပ်တွေလုပ်နေတာတို့၊ နည်းပညာဆိုင်ရာ ကျောင်းသားတွေကလည်း တစ်ခုပြီးတစ်ခု တီထွင်ပြီး လူအင်အားကိုထောက်ပံ့ပေးတာမျိုးတော့ ရှိလာပါပြီး။
ဒါဆိုဂျပန်နိုင်ငံက တစ်ချိန်မှာ အရာအားလုံးစက်ရုပ်အစားထိုးတဲ့ နိုင်ငံတစ်ခု ဖြစ်သွားနိုင်ချေရှိလား……?
Kengo Abe